Posts

Showing posts from 2018

အိပ်ဆေးပေးပါ

" ​အိပ်​ဆေး​ပေးပါ "" ရင်​အခုန်​ ​လေအဟပ်​ စာဖတ်​ကြည့်​ချင်​။ ​ရွှေစိတ်​ဖြာ သဒ္ဓါ လူး ​လေရူး ပင့်​တင်​။ စိတ်​ဘဝင်​ ဖိတ်​စင်​ကာ လွင့်​ဆဲ။ လွမ်းစာ​ခွေ ရင်​အကပ်​မှာ ဟတ်​ထိ မိမြဲ။ ။ " သစ်​ရိပ်​ညို "

ရသတမျိုးစီ

" ရသ တမျိုးစီ " ငယ်​တုန်းကများကွာ စာတစ်​လွှာ ​ပေတစ်​ချို့ ပို့ရ ခက်​တာ။ စာပို့သူ ​စာပါ​သေးလားလို့ ​မေးရ ခါခါ။ စာတိုက်​ပဲ အားကိုးကာ စာတို​သာ ပို့ကြ။ တစ်​ပတ်​ခြာ တစ်​လခွဲထိ စာပဲ မျှော်​ရ။ ။ ခုချိန်​ခါ မြန်​ တာဗျို့ ခုပို့​တော့ ခုလာ ဒုက္ခ ပဲဗျာ။ ပို့​ပေးဖို့ ခဏတာ စာ​ရှောင်​ခွာ ​နေဆဲ။ ဘယ်​သူ့ကို ကြူ​နေပါ့ကွယ်​ ရှင်းပြ ခက်​ခဲ။ ။ " သစ်​ရိပ်​ညို "

ဟန်မပျော့မာန်လျော့ပါလေ

" ဟန်​မ​ပျော့ မာန်​​လျော့ပါ​လေ " ပန်း​ကြွေ​ပေမယ်​လို့ ခ​ရေမှာ ​မွှေး​နေဆဲ။ ပန်းဝတ်​ရည်​ ​ကျေပျက်​သုဉ်း​ပေမယ့်​ ​မွှေးဦး မှာပဲ။ ။ သူ့အိုးနဲ့ သူ့ဆန်​ တန်​သ​လောက်​ ထည့်​ချက်​။ ဆန်​မတန်​ ကန်​ပုံဆိုးလျှင်​ အိုးကွဲ ပက်​လက်​။ ။ စိတ်​အထန်​ မာန်​အ​ပေါက်​ ​ပြေသ​လောက်​ ဖြည့်​​တွေး။ စိတ်​အ​ခြေ မပြင်​​လောက်​မှ ဘူး​မှောက်​ ​နေ​ပေး။ ။ " သစ်​ရိပ်​ညို "

အပြောနှင့်တခြားစီ

" အပြောနဲ့တခြားစီ " မင်း ပြောတော့ ဟုတ်မယ်ဆို။ ခုဘယ်လို ဘယ်မလဲ ဖွဲ ချည့် ဟာကို။ စပါးအစိုပါဆို မင်းဘယ်လို ကြိတ်ခွဲ။ ဆန်ရိုးလိုဟာမပြောနဲ့ ဆန်ကွဲလို ဟာတောင်မထွက်တယ် စိတ်ပျက်စရာပဲ။ ။ " သစ်ရိပ်ညို"

ဆန္ဒ

" ဆန္ဒ " အကြင်နာ ပြုံး သဒ္ဓါ မှုန်းလို့ သက်လုံး ကြည်နူး မြူးပါစေ။ ပညာ လှုပ်လူး ဥာဏ် ကြီးမှုး လျက် ဆွတ်ခူး ပိုင်စိုး တိုးပါစေ။ သဒ္ဓါ မြတ်နိုး မေတ္တာ မိုးတို့ ဝေဖြိုး ပြည့်လျှမ်း လွှမ်းပါစေ။ မေတ္တာရည် ဆမ်း သစ္စာ ပန်းတို့ ပြည့်လွှမ်း ကြည်အေး မွှေးပါစေ။ ဂရုဏာ ဆေး ဓမ္မ တေးနှင့် တိုက်ကြွေး ရင်နှစ် ချစ်ပါစေ။ အရင်း အမြစ် ဓမ္မ စစ်၏ အနှစ် ရှာတွေ့ မွေ့ပါစေ။ ။ " သစ်ရိပ်ညို"

စိတ်အနားယူခြင်း

" စိတ်​အနားယူခြင်း " ညအခါ ဘုံခဏမှာဖြင့်​ မြပုဝါ ခြုံလွှာချပါလို့ အိပ်​ကြမှ အားပါ။ အတိတ်​လှ စကားရှာ စာရိတ္တ ငါသူတစ်​ပါး အင်​အားနှစ်​ဖြာ ။ ကိုယ့်​လမ်းစ ဟာမို့ ကိုယ်​စွမ်းဆ တစ်​ခုရှာ နှစ်​ခုမှာ စိတ်​အစွမ်း။ စံတင်​စရာ ဥာဏ်​ပညာ အာသာမက်​ဖွယ်​ တွဲလျက်​ ဆင်​မြန်း။ ။ " သစ်​ရိပ်​ညို "

ကျေးဇူးခံကျေးဇူးစား

" ကျေးဇူးခံ ကျေးဇူးစား " မေပင်လယ် ဖေသမုဒ် မွေးထုတ်ခြင်း သားသမီးထံ မြစ်ချောင်းအင်း အိုင်ဆည်ကန်။ စီးဆင်းသွယ် ရေမြေခံ ခိုဝင်ပြန် ရင်တွင်း။ တောင်းဆိုးဟန် ထုံးစံခင်းလျက် စွန့်ပစ်ကင်း သတ္တိသွင်းပါတဲ့ ဘမိချစ်ခြင်း။ လေညင်းရှင် ဖေးမလို့ မိဘတို့ ချစ်မေတ္တာ ရေသင်း ရနံ့ ဖြာ။ သားသမီး မငြီးဖွယ်ရာ တိမ်သဉ္ဇာ စာနာတရား။ ဝေးမြေခြား ရပ်တပါးဆီ ဖြူစင်ကြည် ငွေမြူပျိုးရှာပေါ့ မျိုးသစ္စာထား။ တုန့်ပြန်လာ မှန်ယခု ကံအမှု မိဘဆီ ပို့သမျက်ရည်။ နွမ်းညစ်စွ ရေပြန်သည် ခံရေကြည် မဲ့ဆွေး။ ကျေးဇူးရှင် နှစ်ပါးခံ တတ်သိငြား မိဘများထံ တုန့်ပြန်လို့ပေး။ ။ " သစ်ရိပ်ညို "

မင်္ဂလာတရား

" မင်္ဂလာ တရား " နံနက်​မိုး​သောက်​ အလင်း​ရောက်​ပြီဆိုပါလျှင်​ စိတ်​​နောက်​ကိုယ်​ပါ မယွင်းယခုသာဖြင့်​ ​စေနှင်း သုခုမ ထံတျာ သာယာသကဲ့သို့ သုစရိုက်​ မင်္ဂလာအမှု အဖို့ဖို့ တို့ကို ပြုကြစို့ များသူငါ။ မ​ကောင်းမှု ဒုစရိုက်​ လှိုက်​ဖြာဖြာ အဟိတ်​ဆန်​လို့ စိတ်​မာန်​ချို့ သည်​အမှု​တွေကိုဖြင့်​ ​ရှောင်​ပါယခု အရှိရယ်​လို့ မပြုမိကြ​စေနှင့်​ဗျာ ဒါလည်း မင်္ဂလာပါ။ တန်​ဘိုး အနဂ္ဂ ထားကြစို့ များ​ဝေ​နေရာ ဘုရားတရားသံဃာ မှာ ရတနာ မြတ်​သုံးပါး။ ​ကောင်းမှုကံ လွန်​ဆပွားပါလို့ မ​ကောင်းအမှန်​ လွန်​​ရှောင်​ရှားကြပါစို့ နားယဉ်​စွာ နားအစဉ်​မခွာ ခိုင်​မာသတိဖြင့်​ နှစ်​ဖြာမိဘနှင့်​ မြတ်​ဆရာ အဆုံးအမအချိုးကို အသုံးချ ဖန်​တစ်​ရာ တိုး​စေပါလို့ နှလုံးလှ မြန်​မကြာ ပျိုး​နေလျက်​ကယ်​နှင့်​ ဘုန်း​တန်​ခိုး ​​​နေရောင်​စက်​ ရှိန်​ဝါ လ​ရောင်​သက်​ ငြိမ်း​အေးစွာ သာသည့်​နှယ်​ လူ့​ပြေ(ပြည်​)ရွာ သံသရာ အကျိုးများ​စေဖို့ ထက်​​အောက်​ရွာ စကြာဝဠာ မကျန်​ပါ မင်္ဂလာ ​ပေါကြွယ်​ဝ ကြပါ​စေလို့ ဪ..​လောကသုံးပါး မှာဖြင့်​ ထားအပ်​ ပွားအပ်​ ​အမှန် ​ဆင်​စေအပ်​ရာက မင်္ဂလာ တရား။ ။ " သစ်​ရိ...

ခြေလျင်

" ​ခြေလျင်​ " ဟိုယခင်​ ​ခြေလျင်​သွား​နေကျ ဘယ်​သွားသွား ဘယ်​လာလာ။ နာရီပြန်​ တစ်​ချက်​တီးရင်​ဖြင့်​ ခရီးနှင်​ ကြတာ။ ထမင်းထုပ်​ ကိုယ်​စီပါ ဘူးတောင်း မှာ ​ရေဗူး။ တစ်​​တောဝင်​ တစ်​​တောင်​တက်​ကယ်​ ခရီးဆက်​ ဖူး။ ။ " သစ်​ရိပ်​ညို "

မင်းဝံတောင်တန်း

" ​မင်းဝံတောင်​တန်း " ​ရွှေမင်းဝံ ​တောင်​တန်းပြာ ​မြောင်​စမ်းဟာ နည်းသထင့်​ ​သောင်​ကမ်းမှာ ဝဲသဖြင့်​ ကဲဆင့်​ဆင့်​ ဧရာ။ ကျားဆင်​ရယ်​ ဂျီ​ပြောင်​ဆတ်​ မတည်​​မှောင်​ရပ်​ သို့ကနှင့်​ မမှီ​ရှောင်​တတ်​ ယို့စချင့်​ ဆို့နင့်​ ပုန်းခွာ။ ညို့မှိုင်းသွင်​ ပင်​တသိုက်​ ယာဉ်​ လှည်းတိုက်​ သုံးတဖြာ ဆင်​ကျွဲပိုက်​ ရုန်းလကွာ ပြုန်းပဗျာ ​တောင်​စဉ်​တန်း။ သကြ​တောင်​ ​ကျောက်​အလွှာမို့​သော်​လည်း ​ကြောက်​စရာ ဂလိုင်​ထွင်း စို့စို့မှာဖြင့် ​ဖောက်​အလွှာ ​တောင်​ရွှေတွင်း အလို့ငှါ ​ကျင်းချိုင့် ပြည့်လွှမ်း။ ။ " သစ်​ရိပ်​ညို "

အမှန်ဆီသို့

" အမှန်​ဆီသို့ " ​အမှန်ဆီ မှန်းဆရင်းဖြင့်​ မြင်​ကွင်းအောက်​ ပျောက်​မခံ​ချေ တောက်​​လျောက်​လိုက်​​နေ။ လိုက်​​လေ​​လေ ဝေး​လေ ဉာဏ်​စိတ်​​ဖြေ ​နေဆဲ။ ​အမှားကို ခလုပ်​တိုက်​ကာ ဘုတ်​သိုက်​ ပြုတ်​လဲ။ ။ အမှန်​ကို လွန်မြတ်​နိုးလို့ ​ရှေ့တိုးဖို့ တို့ကြံရွယ်​ သတိ ချပ်​ကွယ်​။ ယိမ်း​​စေနဲ့ မတ်မတ်ရယ် လမ်းမှန်ဝယ်​ ဆက်​သွား။ အမှား​ရှောင်​ အ​မှောင်​တိမ်းကာ ထိန်းတတ်​ ​စေသား။ ။ " သစ်​ရိပ်​ညို "

ကိုယ့်ကိုယ်ကိုသာ

" ကိုယ့်ကိုယ်ကိုသာ " ပြာပုံကို ခဲထုသလိုပါ့ ဘာလုပ်ကြ ဘာလုပ်မယ်။ ဒီအချိန် သည်ကနေ့မှာဖြင့် ငါလက်တွေ့လုပ်ဖွယ်။ ပြန်စဉ်စား လုပ်ဖြစ်ဘွယ် ကောင်းတယ်လို့ ရှိငြား။ သူ ကောင်း မကောင်း လုပ်ရာတို့ မုန်းသူမှာ သူဘာလုပ်ဟု စိတ်ပုပ် ဖယ်ရှား။ ။ " သစ်ရိပ်ညို"

ပုထုဇ္ဇကော ဥမ္မတ္တကော

" ပုထုဇ္ဇကော ဥမ္မတ္တကော " ငါဟုထင်ဆဲ ၊ ငါဟုတ်ဘဲနှင့် သင်လည်းငါ့လို အရူးတည်း။ " သစ်ရိပ်ညို"

အန္ဓ ဒတ္ထ ကန်းသောယုတ်သောသူ

" အန္ဓ ဒတ္တ - ကန်းသော မိုက်သောသူ " ငါစွဲအတ္တ ၊ ငါမာနနှင့် ငါက သင့်ထက် ပိုမိုက်သည်။ " သစ်ရိပ်ညို "

ချွေရံကံကြွေး

" ချွေရံ ကံကြွေ " ဝန်းရံပြည့်တင်း ၊ ငါ့ရောင်းရင်းတို့ နေ့ချင်းညချင်း ပျောက်သွားပြီ။ " သစ်ရိပ်ညို "

ပညာမာန

" ပညာ မာန " ငါ၏ပညာ ၊ ငါ့ဥစ္စာကား ရန်ရှာထွက်ပေါက် ပြုလွန်း၏။ " သစ်ရိပ်ညို "

အပ ဉာဏ

" အပ ဉာဏ " စိတ်၏လည်ဆွဲ ၊ ပညာနည်း၍ မနဲသည်းခံ ခဲ့ရတယ်။ " သစ်ရိပ်ညို "

ကင်္ခါ ယုံမှားခြင်း

" ကင်္ခါ - ယုံမှားခြင်း " သူ၏မာယာ ၊ ယုံစားပါက မြင်လွှာလုံးလုံး ဖုံးရော့ပင်။ " သစ်ရိပ်ညို "

အမ္မဥာဏ

" အမ္မ ဉာဏ " မိန်းမဥာဏ် နှုတ်သွက်လျှာသွက် ပေါ့ပျက်ပျက်ကို လျော့တွက်ရင်ဖြင့် ခံရမည်။ " သစ်ရိပ်ညို "

ပညာအလင်း

" ပညာ အလင်း " အလွန်မှောင်မိုက် ၊ ဝဠာတိုက်တွင်း မဲမိုက်မှောင်ဝေ ၊ လင်းရောင်သွေကွင်း ရှင်နေမင်းလည်း မလင်းနိုင်။ ပိတ်ဆီးကာရံ ၊ တတိုင်းခံလျက် မိုးယံမမြင် ၊ လမင်းရှင်ကမ်း ငွေမှင်တန်းလည်း မလန်းနိုင်။ စွမ်းအားလွန့်လူး ၊ ပိုးစုန်းကြူးငယ် ရွှင်မြူးဝင့်ထည် ၊ မှိတ်တုတ်ရယ်ဖြင့် တင့်တယ်လန်းဆန်း မညှိုးနွမ်းတည့်။ ပညာရဲရင့် ၊ ပွဲလယ်တင့်သို့ ငယ်လင့်ကစား ၊ ပညာအားပြု မှတ်သားသိဆောင် ၊ တစ်​ခုဘောင်လျှင် ဂုဏ်ရောင်ဝင်းပ ၊ ထွန်းလင်းရတည့်။ ။ " သစ်ရိပ်ညို "

အောင်မြေနန်းလှစည်တော်သံ

" အောင်မြေနန်းလှ စည်တော်သံ " အောင်စည်ဝေ သပြေပန်းတွေဖြင့် ပွင့်ဝေလန်း လို့ အောင်ကြောင်းဖြာ။ သာသနာ ရောင်ဝါဝင်းတယ် ကောင်းခြင်းစုံစွာ။ စည်တော်သာ တင့်ဆန်းစွာ ပြည်မြန်မာ့သား။ ဇမ္ဗူမှာ အောင်စည်ယွန်းတယ် ထွန်းလင်းစေသား။ ရောင်ခြည်စေ ဆုချွေမှန်း ရင်ဖြင့် လူ့ပြေနန်း မှာတဲ့ ရွှင်ကြည်သာ။ တို့ပြေရွာ သာယာဖြိုးဖွယ် တိုးတက် ဖို့ရာ။ မျိုးမြန်မာေ​ပါင်းစုံစွာ ​တိုင်းရင်းသားတို့ ရွှေမြန်မာ တောင်အာရှမှာ လှပဖွင့်ထွား။ နောင်အရှည် အောင်စေကြောင်း ကိုဖြင့် ညောင်ရေလောင်း စို့ မျိုးမေတ္တာ။ တို့သစ္စာ ခိုင်မာမြဲ တယ် တွဲဆက် လျက်သာ။ ဤကမ္ဘာ တို့မြန်မာ တ​​ည်နေသမျှကြွား။ ညီညီညာ ပြည်ဌာနမယ် ရွှန်းမြ ဆပွား။ ခေါင်အခြေ တထွေလမ်း မှာတဲ့ မသွေလှမ်း ဖို့ ကြိုးစားမှန်။ လုံ့လပျိုး နိုးကြားပါလို့ ရိုးသားရင့်သန်။ ဇာတိမာန် တို့နိုင်ငံ ​တိုးတက်ဖို့ပဲ။ ပေါပြည့်လျှံ ကြွယ်ခံတင်းတယ် သင်းပျံ့ထုံကဲ။ ဆောင်ရေလေ ရွှေငွေသီး ပါတဲ့ တို့မြေကြီးကွဲ့ ပြည်မြန်မာ။ ပြည့်အဝန်း ဝေသွန်းဖြိုးပါလို့ ဖိုးထိုက်တန်စွာ။ ရတနာ စိမ်းမြနီလာ သီးနှံ​ရွှေ​ပေး။ ပြည်တန်ရာ ပတ္တမြားရယ် ပေါများလို့လေး။ ။ ...

မြတ်တရားအမှားမပါ

" မြတ်တရား အမှားမပါ " တချို့သော လူတို့ကား အားကိုးရာသာရှာ။ တစ်ကိုယ်စာ ကိုယ့်အရေးတွက် ကောင်းမှုဝေး မြဲရှောင်ခွာ။ မြင့်မြတ်သော တရားမပါ ဘုရားသာ ဦးခိုက်။ မှန်ကန်မှု ပြု ကင်းစင် လူ့ဝန်းကျင် အလေးထားလျက် သွေးသားထိမိုက်။ ။ " သစ်ရိပ်ညို "

ဣနြေ္ဒ

" ဣ​နြေ္ဒ " ဣ​နြေ္ဒ ဣန္ဒြိယ ဟာဖြင့်​ အစိုးရ ပိုင်​နိုင်​စွာ။ မျက်​စိနားနှာ လျာကိုယ်​စိတ်​ မထိတ်​လန့်​ ​စေဖွယ်​ရာ။ သတိ ဝီရိယ သမာဓိ ပညာ သဒ္ဓါသာ နိုင်​​အောင်​ထိန်း။ ကံအခွာ ဇရာဆုံး​တောင်​ မရှုံး ​စိတ်​ငြိမ်း။ ။ ​စောင့်​​ရှောက်​ပါ​ ​ဖြောင့်​​ဖြောင့်​မတ်​ မ​ကောက်​မကပ်​ စိတ်​ကြည်​သာ။ တဖျတ်​ဖျတ်​ လွန့်​မလူး ထူး တည်​ငြိမ်​စွာ။ ပြည့်​ဝသည့်​ ဣနြေ္ဒမှာ ခံစားရာ မနစ်​မွန်း။ ရန်​ဣစ္ဆာ ဘယာ​ဝေး​အောင်​ ​ဖေးမ စိတ်​တွန်း။ ။ " သစ်​ရိပ်​ညို "

မသိမိုက်

" မသိမိုက်​ " အမုန်း မဖက်​ပါဘု ပြုံးလျက်​နှင့်​ မျက်​ရည်​လည်​။ နားမလည်​ နိုင်​​သေးသူမို့ ​ဖေးမ လျက်​ကွယ်​။ တစ်​​နေ့​နေ့ ​တော့ရယ်​ သိလိမ့်​မယ်​ ​မျှော်​​တွေး။ ဥာဏ်​တိမ်​မြူ ပိတ်​ဖုံးလှတယ်​ လုံးဝ ငယ်​​သေး။ ။ " သစ်​ရိပ်​ညို "

လင်းနို့

" လင်းနို့ " လမ်းလည်း မ​ရှောင်​ ပန်းလည်း မ​မြှောင်​ ပင်​အ​ဆောင်​ ​ခေါင်​ထွဋ်​ဖျားမှာ နားသည့်​ အ​ကောင်​။ ​မှောင်​မှာ ​ဇောက်​ထိုး ​ချောင်​မှာ ​လျှောက်​တိုး ညဉ့်​ခါနိုး ကြိုးစားအစာ ရှာသည့်​ အမျိုး။ ။ " သစ်​ရိပ်​ညို "

စာမေးပွဲကြီးနီးပြီ

" စာ​မေးပွဲကြီး နီးပြီ " ရည်​ရွယ်​ရာ ကိုယ်​စီထား သွားကြသည့်​ ဘဝပန်းတိုင်​ မြိုင်​မြိုင်​ ဆိုင်​ဆိုင်​။ ​ကျောင်းခန်းမှာထိုင်​ မြဲယှဉ်​ပြိုင်​ ပညာ​ရေး။ ကြိုစားကာ သံပြိုင်​ထွက်​လို့ စာကျက်​စို့ လေး။ ။ " သစ်​ရိပ်​ညို "

အဆစ်အချိုးအမျိုးမျိုး

" အဆစ်အချိုး အမျိုးမျိုး " ဝင်းတစ်လှည့် မှည့်တစ်ဖုံ ငုံတစ်ပွင့် ရင့်တစ်အို ညိုတစ်ကြောင်း မောင်းတစ်လီ သီတစ်ကုံး ထုံးတစ်ဆစ် ရစ်တစ်သွယ် တွယ်တစ်ပါး များထွေလူ့ရွာ ၊ အဖြာဖြာတွင် သင်္ခါရတွင်း ၊ လှည့်လည်ရင်းဖြင့် တစ်သင်းတစ်ခက် ၊ ခရီးဆက်၍ အိပ်မက်ပန်းချီ ၊ အလီလီလျှင် ယာယီခဏ ၊ ပျော်ရွှင်ရသည့် ဘဝအိမ်လေး ၊ ဆေးချယ်ရေးလျက် ဟစ်ကြွေးတေးသီ နေကြသည်။ ။ " သစ်ရိပ်ညို "

လယ်တောပျော်

" လယ်တောပျော် " မရေရာ မသေချာ။ တစ်ပြည်ရွာ အိပ်မက်ဆိုးကို စိုးနှောင့် ဗျာပါ။ မဖြေသာ မနေသာ ရွှေအညာ သွေခွာဖို့အရေး။ ချစ်တဲ့သူ လူညိုထွားမှာဖြင့် ကိုတောင်သူ လယ်သမားဟာမို့ ထားခဲ့ ခင်လေး။ ။ " သစ်ရိပ်ညို "

ကဗျာရေယာဉ်

" ကဗျာရေယာဉ် " ကဗျာတောဟာဖြင့် သာမောဖွယ့် နဒီ။ ရေအလျင် သောင်အဖြတ် ဆက်စပ် စာစီ။ ရွေ့ရွေ့ချီ ကဗျာသီ ချိုအေး။ ရွှင်တစ်လူ သွင်တစ်မူ ယဉ်မဆုံးတယ် မှုန်းသ ချယ်ရေး။ ။ " သစ်ရိပ်ညို "

ထင်သားပဲကွာ

" ထင်သားပဲကွာ " အသက်ကြီးပြီမို့ တွက်နည်းလေး မျက်စိမခွာ မအားနိုင်ပါ။ ကိန်းဂဏန်း ရှာ ဘယ်ဟာက ထိပ်စီး။ စိတ်ပျက်စရာ နောက်ပိတ်ရှာ ဘယ်လိုတွဲသော်လည်း လွဲခဲ့ သည်ချည်း။ ။ " သစ်ရိပ်ညို "

အာဂလူ

" အာဂလူ " အ​ကြောင်း အကျိုး ရှိရင်​ဖြင့်​ ​ကောင်းဆိုးသိ ဆင်​ခြင်​ ပိုင်းဖြတ်​ထင်​ထင်​။ ပါးနပ်​လို့ လိမ္မာလျှင်​ တိမ်​လွှာတွင်​ ဝံ့ကြွား။ ​အောင်​ဇမ္ဗူ တစ်​လူပါ့ကွယ်​ အာဂလူသား။ ။ " သစ်​ရိပ်​ညို "

ကံကံ၏အကျိုး

" ကံ ကံ၏အကျိုး " စိတ်အနေ အခြေပျက်ပါက ကြွေသက်သည့် ပန်းနှယ် ဝေဒနက် သည်ခန္ဓာဝယ် ပညာက်ကယ် ရှိငြား။ သင်္ခါရက္ခန္ဓာ သဘောဟာမို့ စစ်ကြောလို့ ဖွေရှာခက်သား။ ဆင်းရဲခြင်း ချီးမွမ်း ကဲ့ရဲ့ ငြီးသွမ်းမယ့် အစား။ မြည်းစမ်းတဲ့ ကံတရားဟာဖြင့် ဥာဏ်များရ အခက်နော်။ မြတ်ဗုဒ္ဓ တရားဟောမှာဖြင့် နာမ်သဘော သရုပ်ထင်ပေါ်။ ကမ္မန္တ ပစ္စယာပေသော် နှစ်တစ်ရာကျော် မနေအား သန္ဓေသား တရားမမြင် အမှားခင်မင်။ ချားရဟတ် တစ်ပတ်လည်လျှင် ပန်းအသွင် ကြွေနွမ်းလိမ့်လေး။ ။ " သစ်ရိပ်ညို " ကမ္မန္တ ပစ္စယာ - ကံဟူသောအကြောင်းအရာ

တွေးလေလေ

" ​တွေး​လေ​လေ " ရန်​ကုန်​ကျူးနဲ့ မန်းကျူးသူ သံ​ယောဇဉ်​ကူ ​မေတ္တာမျှ။ အွန်​လိုင်းတွင်​ တကယ်​ချစ်​တဲ့ ချစ်​သူ​တွေ ဗျ။ ။ " သစ်​ရိပ်​ညို "

ပြုတ်မနူး

" ပြုတ်​မနူး " ပြုတ်​မနူးရင်​ဖြင့်​ အဟုတ်​ထူး ရသာ​ကောင်းဖို့ ​ပေါင်းပြီး စားပါ။ ​အရသာ အနံ့​ပေးလို့ ​မွှေးကြိုင်​လှစွာ။ ဟင်း​မွှေးနှင့်​ မဆလာ ​ထွေ​ထွေဖြာ ထည့်​​ပေါင်း။ အရသာ တကယ်​ရှိ​ပေါ့ စားကြည့်​မှ ​ကောင်း။ ။ " သစ်​ရိပ်​ညို "

မဂျမ်းပုံ

" မဂျမ်းပုံ " နှုတ်​အာလျာ ကြမ်းသပါ့ သမန်းက ဆလံတင်​ လန့်​ဖြန့်​​ရော့ထင်​။ ကြမ်း​ကြော့​ကြော့ ​သော့​သော့ငင်​ ​ချော့​မော့ပင်​ ခက်​​သေး။ ကျွမ်းထူပူ မူငူတုန်းရယ်​ ပြုံးခက်​​ရော့​လေး။ ။ " သစ်​ရိပ်​ညို "

မိသောင်းရေ

" မိသောင်းရေ " မင်းပိုင်ဘဏ္ဍာ မင်းဥစ္စာမို့ ငါ့မှာကြောက်လန့်နေရပြီ။ " သစ်ရိပ်ညို"

စာပေဟောပြောပွဲ

" စာပေဟောပြောပွဲ " လက်ခုပ်သံခေါ် ပညာလျှော် မတော်ပုပ်အဲ့ ဟောပြောပွဲ။ ချေးခြောက်ကိုလှော် ဆီရေပေါ် အတော်ဟုတ်တဲ့ ဟောပြောပွဲ။ ။ " သစ်ရိပ်ညို "
" အံ့ဩပါ့ " အတွေ့အရှိ ယနေ့ထိ မိမိရရ မှားတုန်းပင်။ " သစ်ရိပ်ညို "

ပန်းမြတ်စေတီ

" ပန်းမြတ် သူဇာ " တောင်ဇလပ်ပန်းရယ်နဲ့ မြောင်စမ်းငဲ့ တင့်စို တောင်နှုတ်ခမ်း ပွင့်အခိုဝယ် မြင့်ထိုထို ရှက်သွေး။ ဘွေဝဠာ သဉ္ဇာနန်းမှာတဲ့ လန်းဆန်းကြ ပန်းလှနုထွေး။ မြေလွှာကျောက် အကြောဖြာမှာ ရွှင်မောသာ လေအေး။ မြင့်လျောမှာ ခဏမှေးစဉ်မှ ရနံ့မွှေး သင်းထုံ။ တိမ်အလွှာ တောင်ခါးပန်းမှာဖြင့် အမြင်ဆန်း လှတဲ့ရိပ်မြုံ။ မြောက်လေသွေး နှင်းဝတ်မှုန်ရယ် ဆင်းချစ်ပုံ ဘဝင်ခိုက်စရာပါ့ မြူအသိုက် ပုလဲသွယ် ဝဲပျံ့ ကြည်စယ်။ တောင်ဇလပ် ပန်းမြတ်ငယ်ရယ် နန်း နတ်နွယ် နတ်ပန်းသို့လေး။ ။ " သစ်ရိပ်ညို"

ဆောင်းနွေမိုးပြည့်ရင်ခွင်

" ဆောင်း နွေ မိုး ပြည့်ရင်ခွင် " ( ပိုက်စုံ ရတု ) ဟေမန် သွန်းအေး ၊ လေပြန် သွေးက ပိုက်ထွေး ဖြူဘောင် ၊ ငွေမြူ ဆောင်လျက် နှင်းတောင် နှင်းတိုက် ၊ နှင်းပွင့် လှိုက်ရာ နှင်းသိုက် ဝတ်ရည် ၊ သုံးရာသီ တွင် ရာသီ နှင်းနု ၊ ဖွားဖွား ပြုသော် နှင်းဥ ငွေလွှာ ၊ ညင်းလေ လာက စိမ့်ဖြာ နှင်းမှုံ ၊ အေးရိပ် ခြုံလျက် ငွေငုံ နှင်းဖွေး ၊ ရွှင်ကြည် အေးသည့် နှင်းဆွေး စွေ့စွေ့၊ လွမ်းရိပ် မွေ့သား လွေ့လွေ့ နှင်းမြူ ၊ ဖွေး ဖြူဖြူ တွင် နေပူ နှင်းကွဲ ၊ တ ဖွဲဖွဲ ဖြင့် နှင်းစဲ ရည်စု ၊ နေ နုနု သွန်း ပြေလု နှင်းပျံ ၊ ဆောင်းဟေမန် တွင်း နှင်းခံ နှင်းလှိုင်း ၊ နှင်းပျောက် စိုင်းကာ မုန်တိုင်း နှင်းမိုး ၊ သက်နှင်း တိုးက နှင်းပျိုး ဟေမန် ၊ ဆောင်းနှင်း လျံသည် ဖန်ဖန် နှင်းစ ပျိုးသစ်သည်။ ချိန်မှန် နှင်းပေါက် ဖျော့ဖျော့မည်။ ။ နွေမှန် ညွှန်းတေး ၊ ဟေမန် ဝေးမှ လှိုက်ဆွေး ဆူလောင် ၊ လေပူ လှောင်သက် လင်းရောင် လင်းခိုက် ၊ လင်းလွင့် လှိုက်ဖြာ ဆင်းစိုက် နေခြည် ၊ မိန်ရာသီ ခွင် နွေဆီ ပေါင်းစု ၊ လွှားလွှား ရှုမျှော် မျှဉ်းနု ရွက်ဝါ ၊ ယော်ဝါ ခွာကျ ဆင်လာ ရွက်စုံ ၊ ပင်ညှောက် ပြုံထွက် နွေဂုဏ် ရွက်ဆွေး ၊ ရွက်ခြောက် ကေ...

နံနက်မိုးသောက်နှင်းမှုန်လျှောက်

" နံနက်မိုးသောက် နှင်းမှုံ လျှောက် " ဖွဲဖွဲ စိမ့်လျှံ မြူနှင်းပျံ မြောက်ပြန် နှင်းရည်သောက်။ စွေ့စွေ့ သိမ့်ကျံ မိုးသောက်ယံ ပန်းမန် နှင်းရည်သောက်။ ငြိမ့်ငြိမ့် ဖွေးခံ ရေတမံ သွင်းကျန် နှင်းရည်သောက်။ တောက်တောက်စက်ယို တွဲရွှဲခို စိမ့်စို ရေတံလျောက်။ ပေါက်ပေါက်ရည်ပြို နှင်းဥပျို တွယ်ခို ရေတံလျောက်။ နှင်းစုရေသို ဖျောက်ဖျောက်ငို ဆင်းလို ရေတံလျောက်။ အောက်ကပန်းပင် ပွင့်လန်းသွင် ပြုံးရွှင် နှင်းရည်သောက်။ နှင်းပြောက်သံကြား ဖူးစွင့်ကား ငွားငွား နှင်းရည်သောက်။ ဝတ်ရည်လဲ့ဟန် ငွေနှင်းပန် ချိန်မှန် နှင်းရည်သောက်။ နှင်းရည်တံလျောက် သွယ်ကာဖောက် ပင်အောက် မြေသားရောက်။ " သစ်ရိပ်ညို "

တောင်တော်ပါးမှမြစေတီ

" ​တောင်​​တော်​ပါးမှ မြစေတီ " အရုဏ်​ နံနက်​ ၊ ​နေခြည်​ တက်​ ၍ ​ရွှေစက်​​ ရွှေရည်​ ၊ ဖြိုးသက်​စည်​ သည့်​ ​စေတီ ဘုရား ၊ ​တောင်​​တော်​အား လျှင်​ ညွှတ်​တွား ဦးချ ဖူးရသည်​။ ​နေ့မှူး ​နေ့လည်​ ၊ မွန်းတည့်​ တည်​၍ ပင်​စည်​ ကိုင်းခက်​ ၊ ပင်​ရိပ်​သက်​ သည့်​ ​မှေးစက်​ တခို ၊ ​တောင်​​တော်​ကို လျှင်​ ပင်​ညို ရစ်​သိုင်း ၊ မှိုင်း​တော့သည်​။ ​နေညို​ စွေးစွေး ၊ ​ရွှေရည်​ ​သွေး၍ ​ရောင်​​ပြေး ဟပ်​ထင်​ ၊ ဝင်းပရွှင်​ သည့်​ ကြည်​လင်​ မြတ်​စွာ ၊ ​စေတီမှာ လျှင်​ သဒ္ဓါ ပီတိ ရှိလှသည်​။ " သစ်​ရိပ်​ညို "

ယဉ်ယဉ်လေးရူး

" ယဉ်​ယဉ်​​လေးရူး " တိမ်​လွှာကို မျက်​စပစ်​ ချစ်​ ခဲ့တဲ့ ​နွေ။ ​စောင်းငဲ့​စွေ ​ခေါင်းအလှည့်​ ကြည့်​ ခဲ့တဲ့ မိုး။ နှင်း​မြူလွှာ ရင်​အမ တ ခဲ့တဲ့​ ဆောင်း။ ​နွေအစမို့လည်း ​မြေခ​ကြွေကြသည်​။ မိုးအစသို့​ကြောင့်​ သွန်း​ဖြိုးချကြသည်​။ ​ဆောင်းအစရယ်​လို့ နှင်းမြ ချယ်​ကြသည်​။ ရာသီ​တွေ အလီလီလည်​ စလယ်​ဆုံး နိဂုံးမရှိ ချစ်​မုန်းစာ ကဗျာမသိ ဪ ဟတ်​ထိ မှတ်​သိသမျှ တကယ်​​တော့​.. နတ္ထိ ...​ပေ။ ။ " သစ်​ရိပ်​ညို "

ဝယ်ကြဦးမလားခင်ဗျာ

" ဝယ်ကြဦးမလား ခင်ဗျာ " ငွေရှားပြီဆိုမှဖြင့် နွမ်းပါးတို့ အခက်ဝေ။ အခြေခံ ဘဝလမ်းဝယ် ဝမ်းရေး က ငွေ။ ငွေတစ္ဆေ တွေဝေလျက် ရှောင်ပုန်း။ ကန်စွန်းရွက် ရေလုံပြုတ် ဟင်းလုပ် ခက်တုန်း။ ။ မီးပွိုင့်နားရယ်က ကားလမ်းဘေး ပန်းဈေးသည် ပန်းတွဲလေး သယ်။ ဝယ်မလား ဝယ်ကြကွယ် ပန်းဝယ်ကြ ပါအုံး။ ပန်းလေးတွေ မြှောက်ကာမကာနှင့် ရောင်းရရှာတုန်း။ ။ တစ်နေကွယ် တစ်စလည် ဆန်ငကျွဲ နံကြားထဲ ပျောက်ချင်။ အိမ်သူရှင် သမီးသား စောင့်စားရော့ထင်။ ပန်းသခင် နေဝင်တောင် မကုန်သေး။ ငွေဓနရယ်ဖြင့် ခြေမဝယ် ချွေးကြွေကျသော်လည်း ဝေးလှ တယ်လေး။ ။ " သစ်ရိပ်ညို "

ဆောင်းချစ်သူ

" ဆောင်းချစ်သူ " နတ်တော်လနှောင်း ပြာသိုပြောင်းဝယ် လေကြောင်းမြောက်ပြန် စိမ့်အေးလျံသည် ညဥ့်ယံညလေး မျက်နှာငယ်။ ညဥ့်ယံစက်မှေး လမင်းဖွေးနှင့် ကြယ်လေးသော်တာ ထွန်းလင်းရှာလည်း ငါ့မှာစောင်ခြုံ ကွေးလို့ရယ်။ " သစ်ရိပ်ညို "

ဒွေးတော်လွမ်းသူများသို့

" ဒွေတော်လွမ်းသူများသို့ " မင်းတို့တစ်တွေ ၊ ငတေလေသို့ ကလေကဝ ၊ လုပ်သမျှလျှင် ကျုပ်က ဒါကြောင့် မုန်းရသည်။ မင်းတို့သိထား ၊ အမျိုးသားတွက် အင်အားမပါ ၊ ဖျက်ဆီးတာဖြင့် လွန်စွာ ရွံရှာ မုန်းတီးတယ်။ မင်းတို့လက်ကမ်း ၊ လိမ်ဆင်ငြမ်းက သွမ်းသွမ်းသော့သော့ ၊ ကြမ်းကြော့ကြော့မို့ အော့နှလုံးနာ မုန်းလှတယ်။ မျိုးဖျက်ထောင်ပြေး ၊ မှောင်အတွေးဖြင့် သောက်ရေးမပါ ၊ မိလိမ်ညာနှင့် နောက်ပါမျိုးဖျက် ၊ ပြန်ချင့်တွက်လော့။ မျိးဆက်ဘိုးဘွား ၊ ဘီဘင်များလျှင် ဘုရားကျောင်းကန် ၊ စာကျမ်းဂန်မှ ဧကန်ပေါက်ဖွား လာခဲ့သည်။ ဧကန်ဖောက်ပြား ၊ မျိုးဖျက်များရေ သွေးသားဆူပွက် ၊ အသည်းအက်မျှ ကရက်ဗျုရို ၊ နင့်ဒီမိုမျိုး အလိုမရှိ ၊ ကလိလိနှင့် စိတ်ရှိတိုင်းသာ မုန်းတော့သည်။ ။ " သစ်ရိပ်ညို "

ရွာတောဓလေ့ရိုးရာ

" ရွာတော ဓလေ့ ရိုးရာ " အညာမြေ ဇနပုဒ်က လယ်လုပ်တဲ့ ကိုလူမော် ရိုးသားလှ သနော်။ တိုးပွားကာ ခါးစည်အောင်လို့ နွားညီနောင် နက်နီက ဘက်ညီမျှ သူ့အဖေါ်။ စိတ်ထားဖြူ သူ့အတွေးဖြင့် တေးကလေး တကျော်ကျော် ရွှင်ပျော်ပျော် အော်မြဲ။ မိုးသောက်သော် စိတ်ကြည်လင် လယ်ယာခွင် နေ့စဉ်သွားလျက် ကြိုးစားနေဆဲ။ ။ နေညိုရီ တခိုလောက် ချိန်မှန်ရောက် လယ်တောပြန် သူ့အိမ်ရပ်ထံ။ နွားညီနောင် ကြိမ်ကိုထောက်လို့ ရွာရိုးတလျောက် သီချင်းသံ သောသောရယ်ညံ။ စောကြောတဲ့ ဒီနွားရယ်က ဟဲ့ ဖေ့သား တောက်ခေါက်သံ အဖန်ဖန် အော်သံကြား။ လူးလူးငယ် ဆင့်ခံရာဝယ် လွင့်ပျံစွာ ဖုန်မြူလွှမ်းတယ် လွမ်းဖွယ့်ရွာသား။ ။ " သစ်ရိပ်ညို "

တောပြုန်းတော့တောင်ကိုဖြို

" တောပြုန်းတော့ တောင်ကိုဖြို " ရဂုံဘွေမြိုင်ယံ တောမယ်ကွယ့် ပြောလို့ မယုံ။ စုံမြေဂနိုင်မှော် ကောလို့ရယ်တဲ့ တော ပါးလျကုန်။ ပြောစမှတ်ဖြစ်လို့ ကြုံပါပေါ့ နွမ်းလျပုံမှာဖြင့် မချိတင်ကဲ။ လောဘဇောတိုက်ကာ အမိုက်မှောင် ဖုံးကြတယ် မချန်ပေါင် တောင်ဂတုံးတွေလည်း ပြုန်းခဲ့ပြီပဲ။ " သစ်ရိပ်ညို "

သောတတီတီတာ

" ​သောတ တီတီတာ " လာကြည့်​ပါလားဗျ သာလိကာ ​လေးလိုလို ​တေး​ချိုချို ဆို။ အပြုံး​လေး မူမူပို မြှူသလို သီကြွေး။ သံသာသာ တီတာ​လျောင်းတယ်​ ခညောင်း ကြည်​​အေး။ ။ " သစ်​ရိပ်​ညို "

မိုးဝသန်

" မိုးဝသန်​ " ​မှောင်​ရိပ်​ရယ်​ညိုပြာ။ လဠာမှာ အုံ့ဆိုင်း သိုင်းဝိုင်းလို့လာ။ မိုးမင်းရယ်​ မာန်​ဟုန်​ဖြာ ​အောတိုက်​ကာ ရွာသည့်​မိုး။ ​ရေအလျင်​ သွင်​သွင်​စီးတယ်​ ကြီးစွ​ ရေတိုး။ ။ " သစ်​ရိပ်​ညို "

ထက်အညာ

" ထက်​အညာ " ​နွေကန္တာ အညာ​တောမှာဖြင့်​ ဖုန်​​တောရယ်​တဲ့ ​သော​သောညံ။ အုန်းထန်း​ပေ ပင်​ထ​နောင်းရယ်​နဲ့ ရှား​စောင်း လက်​ပံ။ တမာ ပိ​တောက်​ ပ​ညောင်​စံ ဇီး မန်​ကျည်း ကုက္ကိုရိပ်​။ မွန်း​နေပျို ​ခေါင်​လယ်​ထိပ်​မှာ ​မှေးမှိတ်​ ​ချွေးသိပ်​။ ။ " သစ်​ရိပ်​ညို "

မွှေးပြန့်ကြိုင်လှိုင် ရနံ့ပြိုင်

" ​မွှေးပြန့်​ကြိုင်​လှိုင်​ ရနံ့ပြိုင်​ " သန့်​ပြန့်​​ဖွေး​ဖွေး ကြည်​လင်​​အေး ​မွှေးသည့်​ စံပယ်​​လေး။ စံပယ်​ရုံ​ဘေး ဇွန်​ပန်းရုံ ​မွှေးပျံ့ သင်းသင်းထုံ။ အငုံအငုံ ဖူးပွင့်​လန်း ဇွန်​ နှင့်​ စံပယ်​ပန်း။ ။ " သစ်​ရိပ်​ညို "

ခွင့် ပန်ကြောင်း

" `ခွင့်​´ ပန်​​ကြောင်း" သည်​နှစ်​ဦး ရည်​စူးလို့ကြံ။ ဘနဖူး သိုက်​တူးဖို့ဖန်​။ မှန်​ မမှန် ဧကန်​ မုချ။ ခရိုနီ ငါတ​ကော "​ဇော"ဇောတိက။ " သစ်​ရိပ်​ညို "

နှောင်း

" ​နှောင်း " မုန်းတစ်​သက်​ကယ်​တဲ့ ပြုံးလျက်​နှင့်​ ခွာ။ ပန်​သစ္စာ ရင်​အနှစ်​မို့ နှစ်​သက်​လှစွာ။ တမ်းတမ်းတ အခါခါ အလွမ်းရွာ စု​ဝေး။ လွမ်းမီးအိမ်​ မှိန်​မှိန်​ညှဉ်းတယ်​ လင်းသည့်​ ချိန်​​လေး။ ။ " သစ်​ရိပ်​ညို "

တစိမ့်စိမ့်

" တစိမ့်​စိမ့်​ " ရိုးရိုးနှင့်​ ယဉ်​ယဉ်​။ မပြုပြင်​ အဆင်​ကြွ လှပလျက်​ပင်​။ နဂိုလှ နဂိုဏ်းဆင်​ နဂိုယဉ်​ သည်​အလှ။ လင်းအရုဏ်​ နိုးထစ မှာ အလှဂုဏ်​ကြွ။ ။ " သစ်​ရိပ်​ညို "

လူပြိုဖြန်း

" လူပြိုဖြန်း " ရိုးရင့်​​ရော်​ရမ်း ​သွေးဆီခမ်း ချစ်​စမ်း​ချောင်း​လေး လွင့်​လွင့်​ချီ။ နွံနှစ်​နာဝါ လွှင့်​လို့လာ ကျွံကာဝဲရစ်​ ဖြစ်​ဖြစ်​မည်​။ မက်​မက်​သည့်​​ဇော စစ်​ရည်​​ကြော မ​နောစချင့်​ တင့်​သင့်​ကြည်​။ သက်​ပုံမက်​ဆူး အဆိပ်​မြူး လူးလူးလိမ့်​လိမ့်​ ဆိမ့်​ဆိမ့်​အီ။ ကံကုန်​ကာလ ရွက်​လွှင့်​ကျ ​မြေခ​လွေ့​လွေ့ ​သွေ့​တော့သည်​။ ။ " သစ်​ရိပ်​ညို "

ခေတ်သစ်မြန်ပြည်

" ​ခေတ်​သစ်​ မြန်​ပြည်​ " တိမ်​မျှင်​ ကွယ်​ကာ ၊ အမြင်​လွှာ ဝယ်​ ထင်​လာ ​ဆေး​ရေး ၊ ​ရောင်​ဝါ​စွေး ၍ နတ်​​ရေး ပန်းချီ သသည့်​နှယ်​။ ​ရွေ့ရံ ရစ်​သီ ၊ တိမ်းပန်​ချီ ကား ​ရောင်​နီ သွားတိုင်း ၊ မုန်​ဆင်​ရိုင်း လို စစ်​လှိုင်း ချီတက်​ ၊ ဂုမ္ဘာန်ထွက်​ သို့ ဆင်းသက်​ နဂါး ၊ ဂဠုန်​ များလား ဆပွား ​တွေးဆ မိ​တော့တယ်​။ စိတ်​ဟပ်​ ထင်​​ယောင်​ ၊ ရဲရင့်​​​အောင်​ ဖြင့်​ စာ​နှောင်​ ဟစ်​​ကြွေး ၊ ကဗျာ​လေး တို့ နု​သွေး ကြွကြွ ၊ ပြည့်​ကဏ္ဍ ဝယ်​ နိုးထ ပြည့်​မီ ၊ စာပန်း စီ၍ ညီညွတ်​ စည်းလုံး ၊ ပန်းသီကုံး လို့ ရွှင်​ပြုံးအားရ ရှိလှသည်​။ ။ " သစ်​ရိပ်​ညို "

နှစ်သစ်မင်္ဂလာ

" နှစ်​သစ်​ မင်္ဂလာပါ " ပြည့်​ဝှမ်းရိပ်​မြုံ မြတ်​နိုးစုံ ​မွှေးထုံ သင်းပါ​စေ။ စာနာသနား ​မေတ္တာပွား စိတ်​ထား တူပါ​စေ။ ရင်​နှစ်​သည်းချာ သားပမာ ကြင်​နာ တတ်​ပါ​စေ။ ​စေတနာလမ်း ရင်​မှာစမ်း ရွှင်​လန်း နိုင်​ပါ​စေ။ ပန်းလိုမွှေးကြူ စိတ်​ထားဖြူ ရည်​တူ ချစ်​ပါ​စေ။ ထကြွနိုးကြား ပြည့်​အင်​အား ထင်​ရှား ညီပါ​စေ။ ​ပေါပြည့်​ဝကြွယ်​ ကြည်​နူးဖွယ်​ ​ရေနှယ်​ ​အေးပါ​စေ။ မင်္ဂလာ ပန်း ပန်​​ဆင်​မြန်း ​အေးချမ်း ကြပါ​စေ။ " သစ်​ရိပ်​ညို "

နေရာယူသော

" နေရာယူသော " တစ်နှစ်သစ် လို့ တစ်နှစ်ဟောင်း ပြက္ခဒိန် လေး နေရာပြောင်း။ အချိန်ပြောင်းလဲ ဘဝတာ အရေးကိစ္စ ဝမ်းတစ်ထွာ။ ပြက္ခဒိန်သာ နေရာပြောင်း စားဝတ်နေရေး မှာ အကြောင်း။ ဘယ်မင်း ပြောင်းပြောင်း မထောင်းသာ တို့ပြည်သူ တွက် မြဲနစ်နာ။ အလိမ်အညာ မျက်နှာပြောင်း မွှေမွှေ ဘဘ စိတ်ပျက်ကြောင်း။ နောက်ထပ်ပြောင်းလဲ လိမ်ဦးမှာ ပြက္ခဒိန် လေး လုံးလည်ချာ။ ရက်ရာဇာ ကျ မင်းအပေါင်း ပြဿဒါး က ပြည်သူ့ ခေါင်း။ ပေါင်းစားတတ်မှ ချမ်းသာကြောင်း။ ခိုးဝှက်တတ်မှ နေထိုင်ကောင်း။ တရားပျက်သည့် အူတိုင်ခေါင်း။ တိုင်းပြည်ပျက်မည့် ထို အပ်ကြောင်း။ " သစ်ရိပ်ညို "

နှစ်သစ်ကူးညမှသည်

" နှစ်သစ်ကူးညမှသည် " လာလေမယ့် နံနက်ခင်း ရှင်နေမင်း ဆီးလို့ကြို။ လမင်းမို သစ်လွင်ဖူးစ နှစ်ဦး ညဉ့်ဗဟို။ နှစ်ဟောင်းကို ဖြို နှစ်သစ်ကို စောင့်စား။ အားပြည့်ဝ မျှကုသိုလ် အကုသိုလ် စရိုက်ဆိုးကိုတော့ ချိုးဖျက် စေသား။ ။ ညဥ့်ဦးယံ တစ်ချက်တီး မြည်ဟီးတဲ့ စည်ပဟိုရ်။ စည်တစ်ရံ နှစ်ရံကြား ညဥ့်နက် အားပို။ သန်းခေါင်ယံ ညဥ့်ဗဟို ကြိုပါရဲ့ နှစ်ဦး။ မိုးသောက်ယံ ဆန်အတက်ဝယ် လင်းကြက် တွန်ကြူး။ ။ အရုဏ်ဖြာ တက်အလင်း နေမင်းက စကြည်လင်။ အမှောင်ကို ဖြိုဖျက်ခွင်းတော့ ဝင်းပ ရောင်စဉ်။ နှစ်ဦးရင်ပြင် ရွှန်းလဲ့လွင် ရွှင်လန်း။ မကောင်းမှု ဖိတ်စင် စိတ်အစဉ် အမှောင်ခွင်းကာ လင်းမည့် နှစ်ဆန်း။ ။ " သစ်ရိပ်ညို "

ဆောင်ကုန်သည်နွေခုန်ကူး

" ဆောင်းကုန်သည် နွေခုန်ကူး " ဆောင်းကုန်သည် လေကုန်ကူးတို့ နှစ်ကူးနှင့် လှမ်းကြို။ မြောက်ဧည့်သည် အောင်ဖျာလိပ်မှာမို့ တိတ်တဆိတ် ငို။ ငိုလို့သာ ငိုရင်းငို အေးလို့ဆို ပိုပိုအေး။ ဖေဖေါ်ဝါ ရီမှာကွယ် လေ တလည် လေတန့် ဆောင်း ညောင်းဆန့် လေပြေး။ ။ ဇန်နဝါ ရီသည်လ မှုန်ပြပြ ဝေးကွာ နေနှင့် ကမ္ဘာ။ နှစ်ဆယ့်တစ် ရက်ကယ်မှာ နေ့တာဟာ အရှည်ဆုံး။ မီးသာ ဖိုလှုံ စောင်မလုံ တုန်အောင်ချမ်းသကွဲ့ ဆောင်းနန်း တက်တုန်း။ ။ လင်းအရုဏ် နံနက်ခင်း ဆီးနှင်းကျ တဝေဝေ။ ညသိပ်ရေ ထုံကျဉ်သွားမယ်ကွဲ့ လက်ဖျားရိုး ကျေ။ နွေကျတော့ ပူပြီလေ နွေဆိုနွေ ဆယ်နွေကဲ။ မတ် ဧပရယ် မေလများတောင် အားရနိုင် ဘဲ။ ။ ဘိုးဘွားပိုင် ရေလေမြေ မြန်မာပြေ တစ်လွှား။ ဖေးမ ညီတူ အေးအတူ ပူအမျှ ရှိကြ စေသား။ ။ " သစ်ရိပ်ညို "

ငြိမ်းချမ်းသာယာ

" ငြိမ်းချမ်းသာယာ " စိတ်​တင်​စိတ်​ကြွ စိတ်​ကျသူငါ စိတ်​လိုအကြိုက်​ စိတ်​လိုက်​မာန်​ပါ စိတ်​တိုစိတ်​ငြိုး စိတ်​ဆိုးမြန်​စွာ စိတ်​မ​ကောင်း စိတ်​​ထောင်း ကိုယ်​​ကျေလာ။ တန်​ရာတန်​ဘိုး အကျိုးညီစွာ တုန့်​ပြန်​စိတ်​ဓာတ်​ မွန်​မြတ်​မှသာ အာဃာတများ သိပ်​မှား​သေချာ ကိုယ်​သာပါ့ ကိုယ်​က အခရာ။ စိတ်​​နေမြင့်​မြတ်​ ရှုမှတ်​စာနာ ကြင်​နာသနား တရားစိတ်​မှာ ကုသိုလ်​အမှု ပြုကြသူငါ ပညာရှိ သတိ မှန်​ကန်​စွာ။ တစ်​လံအရပ်​ စိတ်​ကပ်​ခန္ဓာ ​သေရွာဘဝ ခဏမကြာ များ​ထွေလူသား ​မြောက်​မြားစွာမှာ ​သေရွာလား စံစား ရာမပါ။ သို့မို့​ကြောင့်​လည်း ​ဖောက်​လွဲခန္ဓာ ရှင်​​နေချိန်​​လေး ပြု​ရေးမှန်​ပါ ​ကောင်းမှုကိုပျိုး အဆိုး​ရှောင်​ခွာ ​ဘဝ​လေး ငြိမ်း​အေး လွန်​ချမ်းသာ။ ။ " သစ်​ရိပ်​ညို "

သတ္တရုက္ခအတ္တဝါဒီ

" သတ္တ ရုက္ခ အတ္တ ဝါဒီ " ဟယ် အတ္တ သင့်ဝါဒ တို့မနိုင် ပိုင်နိုင်စွာ ဘဝလုံးကို ဖုံးလွှမ်း လို့ကိုင်။ သတ္တရဲ့ လောဘဝါဒီ ကပ်ကြလို့ သောကဖြာပြီ ဒီဝါဒီ အယူမုန်းစရာပါ့ ရုန်းမထွက်နိုင်။ ပြုံးလျက်နဲ့ ရယူပိုင် ရှုံးလျက်ကွဲ့ မရှော့ရင်ဆိုင် ဒီမခိုင် မှိုင်စိတ်ဝမ်း။ ကပ်ကမ္ဘာ ကုန်ခမ်းပါမှ မြတ်သာသနာ ထုံမွှမ်းပေရဲ့ ကြုံစမ်းကွဲ့ လောကဓံ မကုန်ခမ်းတဲ့ အတ္တလမ်းမှာ နွမ်းလျလျက်လှမ်း။ ။ " သစ်ရိပ်ညို "

အမုန်းနိဂုံး

" အမုန်းနိဂုံး " ဤကမ္ဘာ မြေတုန်ဟီးလျက် ငိုငြီးချက် ရယ်ကနာ လူ့ပြည်လူ့ရွာ။ ငါ့အားအင် အိုးလုံးမှောက်ပေးသော်လည်း မလောက်နိုင်ရှာ။ ဪ ခက်လှပေါ့ လူတို့ရွာ ငါ့ကမ္ဘာ မှီတွယ်လို့သိမ်း။ စစ်ပွဲတွေ ပလူပျံပေါ့ သက်ရှင်ရန်တော့ မကြိုးစား ဆပွားကာ ငါ့အားလာ နှိပ်စက်လေသမျှ ကြိတ်မှိတ်လျက် တုန့်ပြန်ရာ ကပ်ကမ္ဘာ မြေတုန်ဟီးလျှင်တော့ လူ့ပြိတ္တာ သတ္တဝါပြုန်းကြမယ်ကွယ် အဆုံးသတ်ကိန်း။ ။ " သစ်ရိပ်ညို "
" အိမ်၏အရှင် သခင်မ " သားသခင် လင်ကိုဘုရားရယ်လို့ ဦးထိပ်ယံ ပန်ဆင်ထားတဲ့ ဇနီးမယား အိမ်အရှင်မှ ကျွေးမွေးသုတ်သင်။ ငြူစူတဲ့အတွေး လှောင်ရေးဖြင့် မငြိုငြင် ရှောင်ဖယ်ကျင် မတိမ်းပါး စိမ်းကားဖို့ မမြင်။ စာနာပေး ငြိမ်းအေးလှ နွေးထွေးစွ မေတ္တာဝင် သစ္စာရှင် လှတရား။ မပင်ပန်းနိုင်ရှာဘု ဝန်ထမ်းရာ အိမ်သူခင့်မှာဖြင့် လင့်ဝတ္တရား သားသမီး အထွေထွေ ကျင့်သီလပွား မမှားယွင်း စေတယ် အားတင်းချွေ အပူရုပ်ကို ဖုံးအုပ်လို့ထား။ ဆပွားမည့် ဘဂဝါ အပယ်ရွာ တဏှာအသိကြောင့် မချိသည့် ခန္ဓာ။ တွယ်ငြိမိ ချစ်သဒ္ဒါ စေတနာ ပိုအတွေး။ သဒ္ဒါလွန် ကျွံခဲ့မှ နွံအမျှ ပါရမီရံတယ် သာကီမှန် ကံကို အသိအားပြုရှာတဲ့ မိသားစုလေး။ ဇရာငုံ တွယ်ငြိစမှာမို့ ဘယ်ထိပါ့ အသက်ရှည်မယ် ချိုးလက်ရေ စောင့်စား။ ပင်ပန်းနွမ်း လေသမျှ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မို့ သတိလက်ကိုင် ထားရှိလျက်ကွယ် စောင့်သိတရား။ " သစ်ရိပ်ညို "
" အ​မေများ​နေ့ " အ​မေ့​ခြေရင်း ပြုစုရင်းနှင့်​ အိုခြင်း နာခြင်း ​သေးခြင်း ဒုက္ခာ လမ်းပြ သည့်​ ဇရာ။ အရွယ်​အို မပျိုရှာပါ စို​ပြေစွာ အ​မေ့အသား။ အကြင်​နာ ရင်​အနှစ်​နဲ့ ချစ်​တဲ့ စိတ်​ထား။ ။ သားသမီးကို ရင်​လွယ်​သည်​မှ အ​ခြေကျထိ ထမ်းပိုးလာ ပင်​ပန်း​ နေရှာ။ သို့​ပေမယ့်​ အ​မေ့မှာ ရွှင်​ကြည်​သာ မ​မော။ သားသမီး​ပေါ် တကယ်​စစ်​တဲ့ ချစ်​​မေတ္တာ ​ဇော။ ။ တတ်​ပညာ သိစရာများ သင်ကြား​လှ ​နေ့တိုင်းမှာ ​အေးငြိမ်း ချိုသာ။ သားသမီးက ​ရှေ့တန်းပါ အ​မေဟာ ​နောက်​တန်း။ ​စေတနာ ​မေတ္တာ​သွေး ​ကြောင့်​ ​မွေး​မေ ရွှင်​လန်း။ ။ အ​မေ အ​မေ အ​မေ့ဂုဏ်​များ ​ပြောကြား၍ ကုန်​ဖွယ်​မမြင်​ လူ့​လောကတွင်​။ အ​မေသာလျှင်​ ​မေတ္တာရှင်​ ဟု​တွေး။ ထာဝစဉ်​ပါဆို အ​မေအို ပျို​​နေဆဲကွယ်​ အမြဲ ချို​အေး။ ။ " သစ်​ရိပ်​ညို "
" နှစ်ဦး သံသာ " နေခြည်ဖြာ သာယာတဲ့ နံနက်ခင်း။ နှစ်သစ်တွင် တူယှဉ်တွဲ မြဲသည့်ချစ်ခြင်း။ တောင်စဉ်လွှာ စီကာဆင့် မြင့်မား။ မိုးထက်ယံ တိမ်လျံဖောက် ဖြိုးမောက်လို့ကြွား။ ရွှေရွက်ဝါ ထံတျာတွဲ့ သွဲ့မျှဉ်း။ လေယူရာ သွယ်ကာလှိုက် ဝေ့ဝိုက်နွဲ့ဆင်း။ စမ်းချောင်းငယ် သွယ်သွယ်လဲ့ သက်ညင်း။ မြစ်နဒီ စုံညီလျောင်း ပေါင်းစုံစီးဆင်း။ ဆောင်းငွေ့ဝေ ကြွေစေပေါ့ မြူနှင်း။ မိုးသောက်လျှင် ဖြူစင်ပ ကြွေကျလို့ဆင်း။ နွေကန္တာ ဖြေရာမဲ့ ရင်တွင်း။ သစ်ရွက်ချွေ လေပူငွေ့ လွေ့လွေ့ကြွေဆင်း။ ရွှေမိုးရွာ ဆင်လာတဲ့ တိမ်မင်း။ ပုလဲငွေ ရေကြည်ပေါက် ဖျောက်ဖျောက်ကြွေဆင်း။ ပင့်သက်ဖြာ ယဉ်ပါပေ့ ရွှေအဆင်း။ လှမြဉ္ဇူ ပျိုဖြူလေး အေးမြရင်တွင်း။ " သစ်ရိပ်ညို "
" စံပြပြုထုံး " ဖူးငုံစ ပန်း ၊ ချွေယူနမ်း၍ လန်းဆန်းခက်ဖွယ် ၊ သူနွမ်းနယ်သည် ပွင့်ငယ်သက်တမ်း နုသောကြောင့်။ စာသင်ရွယ်သား ၊ ငယ်သူအားလျှင် မိသားမရှိ ၊ ဝမ်းရေးသိနှင့် သူ၏ဝမ်းစာ ရှာသောကြောင့်။ ရွယ်တော်သစ်စ ၊ ဖူးငုံမျှဝယ် ကာမတိုက်ကျွေး ၊ သည်ကလေး၌ ကိုယ်လေးလက်ဝန် ရှိသောကြောင့်။ ဥာဏ်တိမ်ငယ်သား ၊ လူစုအားဖြင့် တရားဖြင့်စေ ၊ ဥပဒေတွင် ထန်ဝေ ကာမ ၊ ဖူးငုံစ၌ ပန်းလှပြစ်ဒါဏ် ၊ ချွေခူးခံမည့် မူမှန်မဟုတ် ၊ အယူနုပ်ဖြင့် မိန့်ထုတ်အာဏာ ၊ လူ့ပြေရွာတွင် အာသာဆန္ဒ မက်သောကြောင့်။ မာယာကာမ စွက်သောကြောင့်။ တဏှာရာဂ ယှက်သောကြောင့်။ ။ " သစ်ရိပ်ညို "

ဆောင်းနံနက် ခင်း

" ဆောင်းနံနက်ခင်း " ငှက်ကလေးတွေ စိုးစိုးစီ နေခြည် ထွက်တော့မည်။ လေညင်းဝေ့သီ တသွဲ့သွဲ့ သစ်ရွက် လှုပ်လဲ့လဲ့။ ဝန်းကျင်ကျဲပြန့် သဲသဲခို ငွေနှင်း ဖွဲဖွဲစို။ ပင်ပျိုပန်းငုံ စို့စို့ဖူး လိပ်ပြာ ဖျတ်ဖျတ်လူး။ စမ်းချောင်းနဖူး ကမ်းပါးယံ စီးသံ သောသောညံ။ ကျေးငှက်မောင်နှံ ​တေးသီကုံး ပြုံးပျော်လို့ မဆုံး။      ။                   " သစ်ရိပ်ညို "

စောရအိုင်

" ​စောရအိုင်​ " ဒီဇင်​ဘာ နံနက်​ခင်း မြူနှင်းခ တ​ဝေ​ဝေ ချမ်း​ဆောင်းမြ ​စေ။ မီးပုံပွဲ နွှဲစို့​လေ ​ခေါင်​​ရေ ချို လက်​ကမ်း။ ​တောင်​တန်း​နေ ​ဖော်​​ဆွေသဟာနှင့်​ မ​နော​မြေ ကြူကြူတေးရယ်​ ​ကွေးက ချင်​စမ်း။      ။                " သစ်​ရိပ်​ညို "

အံဖုံး

" အံဖုံး " အံခွက်​ကယ်​ အံအဖုံး သူ့အဖုံးနှင့်​ သူ့အခံ ကွက်​တိ အမှန်​။ ဤခွက်​ဖြင့်​ တခြားအံ ကြံဖန်​ကာ အုပ်​လည်း။ ခွက်​အခံ အံမဟုတ်​​တော့ အုပ်​ရ ခက်​ခဲ။     ။               " သစ်​ရိပ်​ညို "

ပျို့မောင်ဖေ

" ပျို့​မောင်​​ဖေ " ​ယောင်​ကြီးရှင်​ မြန်​မာ့ဘုန်း ဆံထုံး နှင့်​ ရစ်​​ခွေ။ သမန်းဝင်​ ​ခြေသလုံးဖြင့်​ ပျို့ဖုန်း ​မောင့်​ ချစ်​​ဆွေ။ တံစဉ်​ဝိုက်​ နင်းဖြတ်​​နေ ​ကောက်​လှိုင်းရွှေ ဆန်​စပါး။ ထက်​​ကောင်းကင်​ ရှင်​​နေမင်း​တောင်​ ဝင်းပ ခစား။     ။ ​နေမင်းက ပူ အရိပ်​ဟူ ရှား​ရော့သလား။ ကန်​သင်းငူ အပိုင်​တက်​လို့ နံနက်​စာ စား။     ။ ​တောင်​သာတွင်​ ​မေးတင်​​ပြေး​တော့ ​နေညို​အေး ဆည်းဆာ ညင်း​လေက သာ။ နွားလှည်းနှင့်​ လယ်​ကပြန်​လာ ပတတ်​စာ လယ်​ကန်​စွန်း။ ပျို့​မောင်​​ဖေ ​နေညို​တေးရယ်​ ​အေးမြ သာလွန်း။     ။                     " သစ်​ရိပ်​ညို "

မေတ္တာ စေကျွန်

" မေတ္တာ စေကျွန် " ရောင်းဝယ်ဖောက်ကား ၊ နှလုံးသားကြောင့် သူ့အားချစ်လို့ သွားမိသည်။    ။             " သစ်ရိပ်ညို "

ကိလေသာ

" ကိလေသာ " မကြိုက်ဝံ့ မနာသာ ဝမ်းတစ်ထွာ စွန့်ကျဲ။ ပိုး လောက်ငယ် အသွယ်သွယ် တို့ တယ်ကြိုက် လေမြဲ။   ။           " သစ်ရိပ်ညို "

လောကီ ချမ်းသာ

" လောကီ ချမ်းသာ " စိန် ရွှေ ရတနာ ပြည့်ဝ အဟာရ ကုံလုံ ဥာဏ်ရည်ဂုဏ် ကြွယ်ဝ အေးချမ်းရ စိတ်ဝယ် အသွယ်သွယ် လှူဒါန်း မမောပန်း လန်းစွာ ကိလေသာ မီးငြိမ်း လွန်အေးငြိမ်း ချမ်းသာ အကြင်နာ ရှေ့ထား မေတ္တာများ မျှဝေ မသေခင်လေး ၊ ကောင်းမှုတွေး၍ နောင်ရေးဘဝ ၊ လမ်းခင်းရလျှင် ဘဝတွက်တာ မင်္ဂလာ။    ။            " သစ်ရိပ်ညို "

အကာ အချစ် အနှစ် မေတ္တာ

" အကာအချစ်​ အနှစ်​​မေတ္တာ " ​လောဘ ကြမ္မာ ၊ ​သောက ဖြာ၍ ​သေရွာကို ချဉ်း ငြင်းခက်​သည်​။ ​ဒေါသ ရာဂါ ၊ ​မျောတတ်​ပါ ၍ စာနာ ပျက်​ယွင်း နင်းတက်​သည်​။ ​မောဟ တဏှာ ၊ ​ဇောကြွ လာ၍ သာယာ​ ဖွေရင်း ဆင်းသက်​သည်​။ ​နေ့စဉ်​ ဖြစ်​ရိုး ၊ အတ္တဆိုး က ​သေမျိုးတို့ တွက်​ ၊ ပဉ္စလက်​ဖြင့်​... ချုပ်​လျက်​ မာယာ ၊ ​ဝေဒနာသည်​ အကာ အဖျင်း ၊ ​လောင်ြ​မိုက်​ရင်း လျှင်​... ရင်​တွင်း အနှစ်​ ၊ တရားစစ်​ သာ ကုတ်​ခြစ်​ စုထား ၊ ​သေရွာလား သော် အပါး မခွာ ၊ အနားလာ ၍ ​သစ္စာ ဆက်​သ ၊ ​မေတ္တာမျှ လျက်​... ဘဝ ကျောက်တိုင် ၊ မြဲ မတ်​ခိုင်​မည်​ မပိုင်​ ၏​လော ပိုင်​​ ၏လော။      ။                 " သစ်​ရိပ်​ညို "

ငယ်ပေါင်း

" ငယ်​​ပေါင်း " သူငယ်​ချင်း ​ရေ ၊ ရွာ​နေ တို့များ ​နေသား တကျ ၊ ​ပျော်​ခဲ့ ကြတာ ​မေ့မှ ​မေ့လို့ ​နေပြီလား။ မင်းက မြို့မှာ ၊ ​ရောင်​ရှိန်​ဝါ နှင့်​ ပညာ ရင်​နှီး ၊ စီးပွား ကြီးလို့ ပိုပြီး ​ပျော်​​နေ ရမှာ​ပေါ့။ ငါက ရွာမှာ နဂို ဖျာနဲ့ လယ်​ယာ ထွန်​သွား ၊ ဘယ်​ညာ နွားနဲ့ မအား လပ်​ပါ သူငယ်​ချင်း။ ငယ်​စဉ်​ တုန်းက ၊ ​ပျော်​ကြ ရတဲ့ ​ချောင်းဝ ငါးထိုး ၊ ​ရေဆင်း ချိုးလို့ ပုဆိုး စိုနဲ့ ကစားခဲ့။ ရွာဦး ​ကျောင်း​တော်​ ၊ ရာ​ကျော်​ သက်​ကြီး ပင်​ မန်​ကျည်း ​ပေါ် ၊ ဘုန်းကြီး ​အော်​လည်း နှစ်​​ဖော်​ တက်​ခူး ခဲ့​သေးတယ်​။ သူငယ်​ချင်း ​ရေ ၊ ခု​နေ ​ခြေကျ ​မွေး​မြေ ရပ်​ခြား ၊ မင်း ​ဝေးသွားလို့ ငါ့အား မင်း​မေ့ မှာပါ​လေ။ ငါ့မှာ​ တော့​လေ ၊ ​ချောင်းဝ ​ရေကို လယ်​​ရေ ​တင်​​တိုင်း ၊ ငယ်​က တိုင်းပင်​ ကိုင်း​ကြွေ ကိုင်း​ခြောက်​ ၊ တ​ဖျောက်​​ဖျောက်​နဲ့ ရွက်​​ညှောက်​ မန်​ကျည်း ၊ ပင်​အိုကြီး ၌ ပြန်​ပြီး မြင်​​ယောင်​ ၊ ငယ်​က​ကောင်​ ​ဖြင့်​ ငါ့တောင်​ ​မေ့​လျော့ ​နေပြီ​ကော။     ။                       " သစ်​ရိ...

ခင့် မူပိုင်

" ခင့် မူပိုင် " ဘီးရယ် မှန်ရယ် ကျောက်ပြင်ရယ် သနပ်ခါးသွေး လိမ်းလို့ကျံမယ် ခင့်သားရေ နုနုပါးထံ မွှေးနံ့သာချယ်။ အံမယ် အံမယ် အမယ်မယ် ကိုလူလည် စကားတတ် အနားရပ် လာတယ် ပါးအပ်ကာကွယ် ချစ်တယ် သက်လည် မျက်ကွယ်မယ် ဆိုစကားဖြင့် အပိုကြွား သလိုများ သက်ထားကို ချော့မြှူကစားချင်တယ်။ ချစ်တော့ချစ်တယ် ကိုကို ရယ် ရည်းစားဆို ဇီးပြားကို နှီးဖျားလို ကစားနေသူရယ် သက်ထားဆီ ဒီအချိုး အမျိုးမျိုး တော့ မဖြစ်စေချင်ဘူးကွယ် မုန်းပါဘူးကွယ် မေ့ပါဘူးကွယ် ချစ်တာတွေ အပိုစကား ထပ်မကြားနိုင်ဖွယ် အကြင်နာ အပြုံးဆိုင်ဝယ် သံသရာ ဆုံးတိုင် ရွယ် ရာသက်လုံး ဖလှယ် မမုန်းတန်းပဲ ချစ်သဲ ပိုင်ချင်တယ်။                " သစ်ရိပ်ညို "

တို့မြေတို့ရေတို့အမွေ

"တို့မြေ တို့ရေ တို့အမွေ " လယ် ကန်သင်း ဖေါ်မယ်​၊ ရေမြောင်းကျော် ချောင်းသော်ကူးလျက် ကန် တူးလို့ ဆယ်။ ပြန့်ဖြူးတဲ့ အင်းအိုင်ရယ် မူး မြစ်ကြွယ် ဆည်​​ရေဆောက်။ ငွေပင်လယ် လွန်ကျယ်ပြော မျှော်လင့်သော ခေတ်အမှန် တို့ နိုင်ငံ တို့ အရေးတွက် ထမ်းရွက်ချိန်ရောက်။         ။                      " သစ်ရိပ်ညို "

မြန်မာ့ဌာနီငှက်တိုင်းပြည်

" မြန်မာ့ဌာနီ ငှက်တိုင်းပြည် " နှံပြည်စုတ် သစ်တောက်ငယ် သပိတ်လွယ် ကြက်တူရွေး ငှက်ကျားလေး ဇင်ယော်ပျို။ ရွှေချိုးဖြူ စာဝတီး ဘုံမတီး ငှက်ကြီးဝန်ပို။ တင်ကျီးငှက် ဆက်ရက် ခို ရွှေကျီးညို ငှက်ခါး။ ရွှေ ဥဒေါင်း ရွှေကြိုးကြာ ရွှေဟင်္သာ အောက်ချင်း ရွှေပိန်ညှင်း ဘဲ ငန်း ကြက် ရွှေဇီးကွက် ဇီဝဇိုး တက်တီတူး ဗျိုင်း ဖိုးခေါင် သိန်း လင်းယုန် စွန် လင်းတရယ်ဖြင့် လွန်းကျင် ရစ် ဥဩ ငုံးငယ် ဘီလုံး ပျံလွှား။                        " သစ်ရိပ်ညို "

အသက်ကြီးဆင်စီးပါ

" အသက်ကြီးဆင်စီးပါ " ဝိဇ္ဇာ လို လူနတ်သား ကြွားချင်လှ သူ့အသွင်။ အချိန်ကုန် ငွေကုန် အားငဲ့ သွားတက်ကြည့်ချင်။ ဧဝရက် တောင်ထိပ်တွင် အလံတင် ထူဖို့အရေး။ ကံမလျော် အသက်ပျောက် စိုးကြောက် မတွေး။    ။ အန္တရာယ် ဒုက္ခဘေး ကြီးလေးသည် လူရွယ်။ တောင်ထိပ်ပေါ် ခဏလောက်သာ လမ်းလျှောက်ရှာတယ်။ ဤနေရာဝယ် ဒုက္ခနယ် အလွန်ကျဉ်း။ လူရွာပြည် ဒုက္ခတွင်းသာ သင်း ပြန်လို့ ဆင်း။    ။ လူအရွယ် မငြိမ်ခြင်း ပြိုဆင်းသည့် ဘဝတာ။ ဆင်ခြင်ရာ ထိုလေးပါး မမှား စေရာ။ အသက်ကြီး ဆင်စီးဆိုတာ ဆိုလိုရာ ဆင်ခြင်ရေး။ ကံစိတ်ဥတု အဟာရကို မျှတ ဖို့လေး။    ။ ဒုက္ခကို ဝယ်မကြွေး အချိန်ပေး ဆင်ခြင်ရာ။ ပညာကို မြတ်နှလုံးနဲ့ သီကုံး ပန်ပါ။ လူ့ပြည်ရွာ သင်္ခါရ ချိန်လေး။ စဉ်စားမြင် ဆင်ခြင်အပ်ဖွယ် မှတ်ကြ လူလေး။    ။           " သစ်ရိပ်ညို "

သီတအေးမြခြင်း

" သီတ အေးမြခြင်း " တိမ်​သဉ္ဇာ လမဖုံး ရှုမက်​မဆုံး ကြည်​လင်​ ​ကောင်းကင်​တစ်​ခွင်​။ ​မြောင်​လျှိုစမ်း သန့်​​ရေစင်​ လ​ရောင်​ရွှင်​ ဖြတ်​လူး။ ငါးကြင်း​ရွှေ သီတာစိမ့်​မှာ ​အေးငြိမ့်​ငြိမ့်​ ကူး။     ။                   " သစ်​ရိပ်​ညို "

ဣိယ ဘေး

" ဣိယ ဘေး " ခုနစ်စင်ကြယ်ပြောင် ၊ အမြီးထောင်ရော့။ ဒီမောင်တစ်ယောက် ၊ တစ်မိုးအောက်မှာ ရွာနောက်မြောက်နား ၊ ရွာတံတားထိပ် ရွာသားအိပ်ချိန် ၊ ရိပ်ရိပ်မှိန်သည့် တိမ်လွှာခစား ၊ လနတ်သားလျှင် ငါ့အားစောင့်ရှောက် နေသည်ထင့်။ ရွာတံတားအောက် ၊ လရောင်တောက်သည့် တလျောက်စီးထွေ ၊ စမ်းချောင်းရေသည် တေးစေရင့်ကျူး ၊ လှုပ်လှုပ်လူး၍ ရွှင်မြူးဦးခိုက် ၊ အကတိုက်သို့ လှိုက်လှိုက်သည်းဖို ပြသထင့်။ မင်းတို့လေးတွေ ၊ ဝန်ရံချွေလည်း တွေဝေနှလုံး ၊ မရွှင်ပြုံးနိုင်။ ယူကြုံးမရ ၊ ငါ့မိန်းမက ဒီည သူ့နား မလာနှင့် တဲ့။    ။             " သစ်ရိပ်ညို "

အတ္တ ပရ

" အတ္တ ပရ " ပညာသတိ ၊ တကယ်​ရှိမှ ကဝိတစ်​ဖြာ ​၊ ဖြစ်​တုံရာ၏။ ပညာသတိ ၊ ကင်းမဲ့ဘိမူ ဥာဏ်​ရှိတန်​ဘိုး ၊ လွန်​ငုတ်​လျှိုး၏။ အကျိုးအပြစ်​ ၊ ပညာ​ခေတ်​တွင်​ အုတ်​မြစ်​ခိုင်​မာ ၊ ရှိသင့်​ရာ၏။ ပညာနုံမွဲ ၊ မရှိဘဲလျှင်​ ခွဲခြားသိမြင်​ ၊ မဆင်​ခြင်​ပဲ စိတ်​ထင်​လွဲမှား ၊ ချဉ်းကပ်​မှား၍ အမှားကံမှု ၊ မ​ကောင်းပြု​သော်​ လူမှုဒုက္ခ ၊ ကြုံကြရ၏။ များလှသူငါ ၊ ဥာဏ်​ပညာဖြင့်​ ဆင်​ကာသတိ ၊ ခိုင်​မာရှိမှ ​ကောင်း၏ဆိုး​ထွေ ၊ ပိုင်းခြား​စေ၍ ​​မ​သွေ​သုတ ၊ ​ကောင်းမှုစသည့်​ အတ္တပရ ၊ နှစ်​ဋ္ဌာနတွင်​ ညီမျှထိန်းချုပ်​ ၊ ကံအလုပ်​ကို ထုတ်​နုတ်​ညွှန်​ပြ ၊ ဆိုဆုံးမသည့်​ ဗုဒ္ဓ အလို သ​ဘောတည်း။     ။                       " သစ်​ရိပ်​ညို "

စာပေချစ်မှ အမျိုးချစ်မည်

" စာပေချစ်မှ အမျိုးချစ်မည် " ဒီစာကို ဒိလိုကျက်ပါကွဲ့ ဒီအချက် တွက်ကြည့်ပါ။ ပညာကို ယုံကြည်စွာဖြင့် အာဂုံ ဆောင်ပါ။ ရိုးရိုးလေး ပညာပါ သတိသာ ကပ်ထား။ စာဆိုရန် ထိုထိုကျမ်းဂန် မှ ဌာန်အသံ လျှာနှုတ်ခမ်းရယ်ဖြင့် ဆင်မြန်း ပီပီပြင်လျက် ညံစီစီ ပန်သီကျက်ကွယ် မျိုးဆက် နောင်သား။     ။               " သစ်ရိပ်ညို "

လွမ်းစိတ်ကြွယ်ကြွယ်

" လွမ်းစိတ်ကြွယ်ကြွယ် " လွမ်းဆုပိုင်ရှင် လွမ်းဘုရင်မ လွမ်းရင်လှလို့ လွမ်းစို့စို့နှင့် လွမ်းမြို့သူဇာ လွမ်းစရာ ပင် လွမ်းစာဆွေ့ဆွေ့ လွမ်းငွေ့ငွေ့ဝင် လွမ်းမွေ့စက်ယာ လွမ်းလိုက်ရှာသည် လွမ်းသာလွမ်းလည်း လွမ်းဆဲပင်။ ။ " သစ်ရိပ်ညို "

နေညိုစခန်းတို့ရွာလမ်း

" နေညိုစခန်း တို့ရွာလမ်း " မှုန်ရီရီသန်းလာတဲ့ ရောင်နီနီ နေညိုချမ်းမှာဖြင့် ဆမ်းပါတဲ့ နေခြည် လွမ်းလုစာစီ မပင်ပန်းပါဘု သည်စခန်း ကဗျာသီလို့ စာပန်းချီ ညှို့အသွေးရယ် ပုလွေသံ ညံစီစီ မြေညီညီ တမာလမ်းရယ်နှင့် ခင်တန်းငယ် ဖုန်မြူကြွတယ် တောက ရွာလေး။ ။ " သစ်ရိပ်ညို "

ပိုကိုပို

” ပိုကို ပို ” ရည်ရွယ်ချက် ပြောထွက်ဖို့ သိပ်လွယ် ကြီးလွန်း လှတယ်။ လက်တွေ့ဝယ် ဥမမယ် ဇာမမြောက်။ အကြွားရယ်ပို ရွှေမြင်းမိုရ် ဇီးစေ့တိုင်းပါ့ နှိုင်းဆ ပင့်မြှောက်။ ။ ” သစ်ရိပ်ညို ”

မကွယ်မဝှက်

" မကွယ်မဝှက် " ထားသစ္စာ ကတိတွေနဲ့ အားဖြစ်လာ မိပါရဲ့ စကားရှိ သတိခြုံစေ မှန်း ဘယ် မပြေ။ ထူပွေ့ကြမ်း ရမ်းပုံတွေ မြူငွေ့လွှမ်း လမ်းအခြေဝယ် စမ်းနေယုံ ရှိသေး။ သိတရားရယ်က ရှိထားလျှင် နင်ဆင်ခြင်လို့ ကြည်ကြည်လင် ထင်ထင်ရှားအောင် သွားကြ ကွဲ့လေး။ ။ " သစ်ရိပ်ညို "

နိုးကြားကြလော့

” နိုးကြားကြလော့ ” ဘာသာ သမိုင်း ၊ တို့မရိုင်း အောင် အကိုင်း အခက် ၊ တို့တစ်သက် တွင် ထမ်းရွက် ကြစို့ မြန်မာပြည်။ ထီးကျိုး စည်ပေါက် ၊ မစောင့် ရှောက်သော် မိုးအောက် မြေပြင် ၊ တို့ ရှိစဉ် ၌ တို့ပင် ရာဇဝင် ရိုင်းလိမ့်မည်။ ရန်စွယ် ရန်အား ၊ ရန်မီးပွား ကြောင့် အသား လောက်ထွက် ၊ ဘာသာပျက် နှင့် မျိုးဖျက် ရန်သူ ပေါလှသည်။ ပျိုး ဥယျာဉ် နန်း ၊ ပင်နှင့် ပန်းတို့ မျိုးကန်း ပျက်သုဉ်း ၊ ကျိုးကြေ ပြုန်းလို့ ပျောက်ဆုံး ပျောက်လွယ် ဖြစ်တတ်သည်။ နု၍ မဖြစ် ၊ ကြမ်းမှ ဖြစ်က မျိုးချစ် တို့တွေ ၊ ဝိုင်းသင့်ပေ မို့ သပြေ အောင်ပန်း လန်းဖို့ရည်။ ။ ” သစ်ရိပ်ညို ”

ရိုးသားတဲ့တို့တောရွာ

" ရိုးသားတဲ့ တို့တောရွာ " အဆီအဆိမ့် တွေဖြင့် ငါမမိန့် ချင်ဘူး ထမင်းချမ်းခဲ မီးဖုတ်လေးသာ လွေးလို့ ကြည်နူး။ ဖဲမွေ့ယာ ကမ္ဗလာ ငါမအိပ်ချင်ဘူး ထန်းချောဖျာ သည်တစ်ချပ်သာ တပ်မက် ကြည်နူး။ ရွှေဘိုဆန် ပေါ်ဆန်းမွှေး လွေးဖို့ စိတ်မကူး ငစိန်ဆန် ဆန်အကြမ်းမှ ဝမ်းငြိမ်း လို့နူး။ ဒိုးဒိုးဒန့်ဒန့်တွေနဲ့ ရှိုးစတန့် မမက်ပါဘူး ကွင်းလယ်ရေ ကြိုက်ခတောင်းရယ် ခေါင်းပေါင်း နဲ့မြူး။ စေ့ရေလက်ငုံ ဘက်မစုံ တို့ရွာတောက ရွာတောင်ဖက် လယ်တစ်ကြောမယ် ပေထန်းတော ငှက်ပျောကြံညိုညို ပဲနှမ်းရယ်နဲ့ ယာခင်းကစိုစို။ မြောက်ဖက်က ကုန်း ကမူဝယ် ထုံးဖြူဖြူ စေတီဦးမှာ ဖူးမြော်လို့ ခဝပ်တွား မြတ်ဘုရားထံ ဆီမီး နံ့သာ ပန်းရယ်နှင့် ဆွမ်းဦး တင်လို။ အနောက်ဖက်တောတန်း ချောင်းကမ်းအရပ်ဆီသို့ နေညိုစပ်စပ် ရေခပ်ဆင်းဖို့ အရေး ရေအိုးလေး ကိုယ်စီကိုယ်စီနဲ့ ချိုတေးသီကြရဲ့ တကြော်ကြော်အော် ဖော်တစ်သင်းငယ်တို့ သီချင်းတွေဆို အပျိုဖြန်း အလျှိုအလျှိုတို့ တန်းစီလို့သွား။ အရှေ့လမ်း ဖြောင့်မတ်မတ် မြို့အရပ် ဆက်စပ်လမ်းမှာတဲ့ တမာတန်းရယ်နှင့် ပင်ထနောင်းအသွယ်သွယ် ရွာဦးကျောင်း ဆရာတော်ရဲ့ တိုက်ကျောင်းလေးကလည်း ခပ်ငယ်ငယ် ကျောင်း...

ရွှေရည်ပဝင်း

" ရွှေရည်ပဝင်း " နေနာရီ စခန်းသွား လယ်ကြားမှာ ငါနေ နေ့ရက်တွေ လက်ရေချိုး ပျိုး စိုက် ချိန်တွေ မိုးမှဆောင်း ဆောင်းမှနွေ နားနေနိုင်ပါဘူးကွယ် ရွှံ့မြေနဲ့ လူး။ လယ်ကွင်းမှာ ဝါရွှေလူး ကြည်နူးမိ အတွေးတွင် ဆည်ရေလယ် ရေသွယ်မြောင်း ပေါင်းမြက် သန့်စင် မြစိမ်းရောင် တလွင်လွင် လယ်ယာခွင် တလွှားရယ်နှင့် လုံ့လ ရှေ့ထား။ ငါ့လယ်ကို ဝင်စားတာက ကြီးတော်နွား မို့သာကွယ် လယ်မပိုင် အငှါးတောင်းတဲ့ နွားကျောင်း သားရယ် မင်းနှယ်ကွယ် ငါ့လယ်ကို နွားလာကျောင်းတယ် နွားတွေ သွားမောင်း။ လယ်အကြောင်း ဆောင်းဝင်တော့ ရွှေရည် လုပ်ငန်းတွေ တယ် ရှုပ်သကွဲ့ လုပ်ကြ ရသည် စပါးက ငွေဖြစ်ပြီ လှူကြမည် တစ်ရွာလုံးကွယ် ပြုံး ပီတိဖုံး။ ။ " သစ်ရိပ်ညို "

မာယာသားကောင်များ

" မာယာသားကောင်များ " သားသူငယ် ရင်လွယ်ထား ကျောသားကျ နောက်သားတင် မျောက် မွေးမိခင်။ တိရစ္ဆာန် ပင်လျှင် မြတ်နိုးကြင် ယုထွေး။ လူအများမှာဖြင့် ရှုစားမြင် ရွှေရင်ကျိုးအောင် စိုးထိတ် ဖွယ်လေး။ ။ လူမျိုးခြား ကျတော့ ခစားလို့ သွန်းရံရွေ ရွှန်းရွှန်းကို ဝေ။ အမျိုးသား ကျတော့လေ သေချင်သေ ကွယ်ပုန်း။ ပင်နီပင်ညိုညိုနဲ့ ရိုးရာကို လူလိမ်ညစ်တို့ ချစ်ဖွဲ့ နှောင်ထုံး။ ။ " သစ်ရိပ်ညို "
" ညဥ့်ငှက် " သူ့ခြေသည်းရယ်က စွန်ရဲထက် ထက်သကွယ်။ ဟန်မကိုဋ် တစ်ခွဲသားနဲ့ ဆွဲစား လိမ့်မယ်။ မျက်လုံးပြူး ကြည့်နေတယ် ဇီးကွက်ရယ် ထင်တာပဲ။ ဆယ်တောင်ကျားရယ်သို့ ညဥ့်များတွင် ဘုရင်လုပ်ကာ ထိုးသုတ် သတ်မြဲ။ ။ " သစ်ရိပ်ညို "

မြန်မာပြည်သည်တို့ပြည်

" မြန်မာပြည်သည် တို့ပြည် " မင်း မြန်မာကို ချစ်သလား မြန်မာကား တို့တိုင်းပြည် ငါတော့ ချစ်သည်။ မင့်တိုင်းပြည် မင်းချစ်ရမည် မြန်မာပေမို့။ သွေးချင်းပီပီ ပေါင်းစည်းညီ မြန်မာ့မျိုးတို့ရယ် နိုးကြား ကြစို့။ ။ " သစ်ရိပ်ညို "

တို့အမျိုးတို့ချစ်သည်

" တို့အမျိုးတို့ချစ်သည် " တို့မြန်မာ ကမ္ဘာမှာ မပျောက်စေရပါဘု မျိုးမြန်မာ ကာကွယ်ကာ စောင့်ရှောက်ကြပါကွဲ့ မကြောက်ကြပါနဲ့ မျိုးချစ်ဂုဏ်ရည် သွေးချင်း စစ်သည်။ အာဇာနည် မြန်မာပြည် တစ်လွှား။ ပြည်ထောင်သားတွေကွဲ့ ညီနောင်ဖွားတွေရဲ့ အောင်စစ်သည် တည်ထောင်ထားပါတဲ့ သားကောင်း နွယ်ဖွား။ ။ " သစ်ရိပ်ညို "

အယောင်ဆောင်

" အယောင်ဆောင် " သွေးမကျဲစေနဲ့ သွေးခွဲတဲ့ ဘုံရန်သူ တိုက်ထုတ် ညီတူ။ အသိကို သတိကူ တို့ပြည်သူ ညီစေသား။ အတွေးချော်ရင်နော် အရေးပေါ် အရော်ပေးရလိမ့်မယ် မိထွေးတော် ကလော်ပေးလာမယ့် ဘေး သတိထား။ ။ " သစ်ရိပ်ညို "

မထင်ပါနော်

" မထင် ပါနော် " ပြည်ထောင်ရေး ရင်လေးလှ ညီနောင်သွေး နီစွေးရ ဆွေးတသသ တွေးဆဆ ရယ်နဲ့ အဖြေသော် ချွေးစ သာပေါ်။ ဝေးလှလိမ့် သွေအချော် ရွှေပေါ်မှ မြပုလဲ။ လန်း မရွှင် နိုင်ဘု ကျွမ်း ဘဝင် အစဉ်ဆက်သာ ပျက်ရိပ် မြင်ဆဲ။ ။ " သစ်ရိပ်ညို "

စာအတိုပြာညိုခင်သို့

" စာအတို ပြာညိုခင်သို့ " ပြာကညိုရယ်။ တစ်ဝါဆို မောင်ဂတုံးမှာဖြင့် စာအတို တစ်ညလုံးသာပါ့ မှုန်းသ လို့ချယ်။ ယောင်တစ်ထုံး ဆုံးရလို့ကွယ် ပြုံးစကြွယ် ရယ်ပါနဲ့လား။ တစ်ဝါခြားလေမှ ပုဝါပါး ဖွေကာဆင်လို့ ညိုပြာရှင် ပျိုခင်လေးရယ် မှေးစက် ခိုနား။ ။ " သစ်ရိပ်ညို "

ဘုရားခန်းဝယ်

" ဘုရားခန်းဝယ် " ပန်းဖြူဖြူလေး ဖွေးဖွေးလွင် ပန်းအိုး အလှဆင် ဘုရားစင်မှာ ဆွမ်းရေချမ်း ဆီမီး ကပ်လှူဒါန်း။ ရွှေပန်းငွေပန်း ရနံ့လှိုင် နံ့သာ မွှေးကြိုင်ကြိုင် မြိုင်မြိုင်ဆိုင်ဆိုင် ရောင်စုံမီး ဝင်းပ ရှုမငြီး။ ။ " သစ်ရိပ်ညို "

သူတော်ကောင်းပါစေ

" သူတော်ကောင်းပါစေ " လမသာ တိမ်လွှာဖုံးလည်း မုန်းစိတ် မဝင်။ နေသူရိန် တောင်စွယ်ခလည်း မုန်းစ မမြင်။ မလှသည့် ရုပ်သွင် မုန်းပင် မပျိုး။ ပညာရှိလျက်ကယ်နှင့် အသိဖယ် ရေငုံပိတ်သော် မုန်းစိတ် လန့်နိုး။ ။ " သစ်ရိပ်ညို "

မြပင်လယ်

” မြပင်လယ် ” အရုဏ်ကျင်းလို့ လင်းပြီကွယ် မြင်ကွင်း စိမ်းရောင်ခြယ်။ ရောင်နီသယ် မိုးပေါက်ဆမ်း တို့ရွာ အဝင်လမ်း။ တောင်ညိုစိမ့်စမ်း ဝန်းပတ်ရံ မြစိမ်း စပါးနှံ။ ထက်မိုးယံ တိမ်လွှာနိုး မိုးသောက် ရောင်နီပျိုး။ ။ ” သစ်ရိပ်ညို ”

အားလုံးသတိ

" အားလုံးသတိ " အကြံကြီး ကြီးပါလို့ အကြီးကြီး ကြံ။ သံဃာထံ လှော်စာသွင်း ရင်းခိုင်းသည့်ဟန်။ တစ်ခုခု ဧကန် မမှန်တာ လုပ်မြဲ။ စဉ်အဆက်သာပါ့ ခွင်ချက်ဆင် သည်ပုံမျိုးရယ်က ရိုးလှသည်ပဲ။ ။ " သစ်ရိပ်ညို "

နားလည်ပါ

" နားလည်ပါ " ဇနီးမယား နှီးသားသို့ ခိုင်လျှင်။ အသေချာ အပိုင်ထုပ် ပိုးချုပ် မျှင်မျှင်။ ကြိုးစားအစဉ် စီးပွားခွင် လုပ်အား။ မြစ်လှိုင်းပုံ ရစ်သိုင်းခြုံ ကုံလုံပြည့်မှ ချစ်သည့် မယား။ ။   " သစ်ရိပ်ညို "

ဆည်းကပ်ရာ

" ဆည်းကပ်ရာ " အနီးပါး ထံပါးခ ဆရာအရှင်။ လိုက်သိဖွယ် ကြွယ်နှလုံး ရှုမဆုံး ချစ်ခင်။ ပွဲကိုဝင် ပညာဆင် သီကုံး။ သွင်အပြင် ပညာရှင် ထင်မြင်အပ်ဖွယ် ရပ်သိ ရွာထုံး။ ။ " သစ်ရိပ်ညို "

နှောင်းနောင်တ

" နှောင်းနောင်တ " တသီးခြား ထီးဘုရား သဒ္ဓါကျဉ်။ မိုက်အဆွေ စရိုက်ဆိုး သိုးပုပ် အမြင်။ ပညာမခင် လူတွင် ဝပါး။ ကံရိပ်ကယ်မှောင် ရန်ပိတ်လှောင် အပူမီး ဟီးထ လိမ့်ဗျား။ ။   " သစ်ရိပ်ညို "

နေတတ်ပါစေ

" နေတတ်ပါစေ " တစ်သီးစား ငြီးတွားတဲ့ လူတွင်။ ရှောင်ဖယ်ကျဉ် ပေါင်းသင်းဆုတ် ကြိုးယုတ် သည်ပင်။ နောင်ဆင်ခြင် ပြင်ဆင် ပါ့မနှေး။ လူ့သဘော လိုက်လျောခုံမင်ပါမှ ချောမွေ့မြင် စဉ်အဆက်ကွယ် နှစ်သက် လိမ့်လေး။ ။   " သစ်ရိပ်ညို "

စုန်ရေ

" စုန်ရေ " သမီးသား မှီးထားဖို့ ရာမမြင်။ သူ့အလို စိတ်သဘော မျောရ သည်ပင်။ မဆင်ယင် ခင်မင်ချစ် မဲ့ဝေး။ အိုးဖုတ်လျှင် မြေအသွင် အဆင်ကျစ်မှ ကောင်းသစ် ကွဲ့လေး။ ။ " သစ်ရိပ်ညို "

မြန်မာပြည်ငိုနေပြီ

” မြန်မာပြည်ငိုနေပြီ ” အင်အားသို တွင်းမြေအောင်းတဲ့ ခေါင်းဆောင်ကောင်း တို့ရယ်။ လက်တွေ့မှာ ရည်ချင်းရှိတဲ့ တိုင်းပြည့် အနွယ်။ ပေါင်းစည်း ကြစေဖွယ် ကာကွယ် နိုင်စေသား။ ပြည်မြန်မာ လုံခြုံရေးကို ဖေးမ စို့လား။     ။ ဤသည့်သူ မမှန်က လမ်းပြ ကြပါ။ လမ်းပြလျှင် ရန်ရှာက ဖြုတ်ချ ကြပါ။ တိုင်းပြည်မှာ သာယာ နိုင်ရေး။ ပြည်သူအများမှာဖြင့် ပြုစားလာ မျက်ရည်ခမ်းလောက်အောင် ဝမ်းနည်း ပူဆွေး။     ။                 ” သစ်ရိပ်ညို ”

သက်ကြီးပူဇော်ပွဲ

” သက်ကြီးပူဇော်ပွဲ ” ချုံးချုံးကျ အမယ်အို နေညိုရော့ သလား။ ချုံးချုံးကျ ဘဖိုးအို ရွယ်အိုပေါ့ လျပါး။ သမီးတစ်ရာ ပြုစုလျက်ကယ် ငဲ့ကွက် စိတ်ထား။ သားတစ်ရာ ဝိုင်းကူထောက်လို့ စောင့်ရှောက် စို့လား။ လှူကြမယ် စဉ်မပျက် အမေအိုတွက် တို့ဝန်တာ အဖေအိုတွက် တို့ဝန်တာ ကျန်းမာ ဖို့ရာ။ ဘိုးဘွားတွေ ထောက်ပံ့စို့ဗျာ အားတက်စွာ ပါဝင်မလား။ သက်တန်းစေ့ ရှည်ကြာ ကျန်းမာစွာ ချမ်းသာကြောင်းရယ်ဖြင့် တောင်းဆု ပန်ကြား။ ။ ” သစ်ရိပ်ညို ”

ရှင်သန်ခြင်း

" ရှင်​သန်​ခြင်း " သဘာဝကို ဘဝအပ်​​တော့ ကိ​လေသာဓာတ်​ ကပ်​ကာဝင်​ ရုန်း တတ်​လိမ့်​ ထင်​။ မ​ကောင်းမှု ​ကောင်းမှုသွင်​ ဆင်​ခြင်​ဥာဏ်​ ရှုရင်း။ မ​ကောင်းရာ အလွှာပါးကို ပိုင်းခြား သိခြင်း။ ။ ကိ​လေသာ ဘဝအပ်​​တော့ ဘဝမှတ်​ ကိ​လေသာ ​ပျော်​​မွေ့​ တော့တာ။ သ​ဘော​တွေ့ ​မေ့​လျော့စွာ ကိ​လေသာ ​လောင်​မြိုက်​။ စိတ်​အပူ ဆူ​ဝေလျက်​ကယ်​ ပွက်​ပွက်​ဆူ လှိုက်​။ ။ မ​ကောင်းရာ ပြာပူအုပ်​ ညွှန်​အတုပ်​ ​ရေမြုပ်​သွင်​ ငရဲသို့ ပင်​။ ကျွန်​စုပ်​သည့်​ သရက်​စိလျှင်​ ​ပြောင်​စင်​​သည့်​ ​ကောင်းမှု။ မ​ကောင်းရာ တဏှာ​ကြွေးလျက်​ ​မွေး မြူ ပြုစု။ ။ ​ကောင်းဖို့ရာ လူအများ ကြိုးစားကြ စမ်းပါ အားတင်း ထားကွာ။ မ​ကောင်းမှု မြှူစွယ်​လာ စိတ်​မပါ ​စေပါနှင့်​။ ကိုယ့်​စိတ်​ကို တိုင်​​ခြေချုပ်​ကာ ကြိုးတုတ်​ခြင်း ဖြင့်​။ ။ မပင်​ပန်းပါ ဘူးကွဲ့ သင်​ခန်းစာ ကြည့်​ပါ။ ​တောင်​ကျ​ရေ ဒလ​ဟော ​မျောကျ လာရာ။ အခိုင်​အမာ ​ကျောက်​​ဆောင်​ဟာ စိတ်​ပဲ။ မယိမ်းယိုင်​ ဟန်​မပျက်​ကွယ်​ ပန်းပန်​​ လျက်​ပဲ။ ။ " သစ်​ရိပ်​ညို "

ယဉ်ကျေးမှု

" ယဉ်​​ကျေးမှု " (၁)သူ​တော်​​ကောင်း သူ​တော်​​ကောင်း စိတ်​ထားလှ ​ပေါင်းချင်​ကြ ဝန်းကျင်​မှာ။ ကိုယ့်​လိုပင်​ သူ​တော်​ထုံးကို နှလုံး မူရာ။ လှူတန်းနှင့်​ တရားရှာ ​ကောင်းမှူဖြာ ဒွန်​တွဲ။ ငြိမ်း​အေးသာယာစွာဖြင့်​ ပြသနာ အပယ်​ကင်းဖွယ်​ ​ပေါင်းသင်း ​နေမြဲ။ ။ (၂)ဆိုးသူ မ​ကောင်းရာ လူဟူက စုကြပါ့ တူရာတူရာ။ နှစ်​သက်​ရာ ဆန္ဒဆိုးတွက်​ ​သွေးတိုး ကြည်​သာ။ ရှာ​ဖွေရ လွယ်​ကူကာ လျှင်​မြန်​စွာ စုစည်း။ ဤသည့်​ပုံ ​နောက်​တစ်​မျိုး ဆိုးကြ သည်​ချည်း။ ။ (၃)တူရာတူရာ သာမ​ဏေန သမ​ဏေနော ​ဂေါ​နေန ​ဂေါနာ။ ​ရွှေရှိရာ ​ရွှေ​ရွေ့လျား ပြဒါး တူစွာ။ တန်​ဖိုးနှင့်​ အဆိပ်​ဟာ တွယ်​ညိရာ ရှိလည်း။ သူ့အလို သူ့သ​ဘောက ​ရောခက်​ သည်​ပဲ။ ။ (၄)တိရစ္ဆာန်​ ချစ်​ခင်​ဖွယ်​ လွန်​မြတ်​နိုး တန်​ဖိုးသင့်​ တိရစ္ဆာန်​။ တိရစ္ဆာန်​ ​ခေါယူ​မွေး ကျွန်​​သွေး သင့်​ပြန်​။ တိရစ္ဆာန်​ ဟာ တိရစ္ဆာန်​ လူသဏ္ဌာန်​ မ​ပြောင်း။ လိမ္မာလာ ဒီ​အကောင်​​လေး​ပေမယ့်​ ​ကျွေး​မွေး မှ ​ကောင်း။ ။ (၅ပျိုး​ထောင်​ ခြင်း ကိုယ်​ လူပင်​ ကိုယ့်​ရဲ့သား စိတ်​ထား လှသင်​​စေချင်​။ မလိမ္မာ အမိုက်​​သွေး​ကြောင့်​ ရ...

အသုံးချခံစကားလုံးများ

" အသုံးချခံ စကားလုံးများ " (သို့တည်းမဟုတ်​) " ​အေးငြိမ်​စွာ ​နေထိုင်​ခြင်း " အချစ်​​တွေ ဘယ်​လို တုန်း​စေ​တော့ အမုန်းကို​တော့ ပယ်​ခွာ။ အချစ်​​တွေ ဘယ်​​လောက်​ ရှုံး​ပေမယ့်​ မမုန်း နိုင်​ပါ။ ချစ်​​ မေတ္တာ သစ္စာ ကိုသာ ထားတတ်​ပါ​ စေ​ကြောင်း။ အလျားအနံ မရှိ​ပေသည့်​ အသွားအပြန်​ အသိ ​လေး​တွေနဲ့ ​တွေးဆ ​မှ​ကောင်း။ ။ " သစ်​ရိပ်​ညို "

မျိုးရိုးဇာတိ

” မျိုးရိုးဇာတိ ” ဖေမေရယ် အဖိုးအဖွား အဘိုးအဘွား ဘေးဘီဘင် မရှိခဲ့ ပါလျှင်။ သင်တစ်ဦး ငါသည်ပင် သက်ရှိထင် မရှိဘဲ။ သို့မို့ကြောင့် ရိုးရာအစဉ်ကို မြဲချစ်ခင် မျိုးဇာတိ ဖြင့် ရှိသင့် မလွဲ။ ။ တို့ပြည်ထောင် မြန်မာဟေ့လို့ ယနေ့ထိ ထင်ပေါ်။ ပြည်မြန်မာ ဇာတိသွေးတို့ ရဲစွေးလို့ နီနော်။ အမျိုးကို ထိလာသော် တုန့်ပြန်ဆော်မည်ပဲ။ တို့မြေကို လာကျူးကျော် သွေးသောက်ဖေါ် တိုက်ပွဲ။ ယဉ်သလေ့ အနှစ်ပါ တို့ဘာသာ ယဉ်ကျေးမှုကို အလေးပြု မြဲ။ ။ ” သစ်ရိပ်ညို ”

သမိုင်း

" သမိုင်း " ကိုယ့်​သမိုင်းဆို​ပေမယ့်​ ဒီအတိုင်း​တော့ မထားသင့်​​ပေ။ ​ကောင်းကျိုး​တွေ အပြုများပါမှ အားရ လိမ့်​မ​လေ။ ပြည့်​ဝ​စေ မ​တွေ​ဝေ စိတ်​ထား။ အ​ခြေအမြစ် ​ဇွဲရှိစွာ ပညာကို မဏ္ဍိုင်​ချမှ ဘဝ ခွန်​အား။ ။ ဘဝပြို ​ခွေယိုင်​လဲက မခိုင်​မြဲ သမိုင်းပါ။ အ​ပြောဆို အလွယ်​သုံးက လိမ်​လုံး မျှသာ။ သမိုင်းမှာ နှိုင်းပြ စရာ မရှိ။ ​ဝေ​လေ​လေ အသံ​သေးဖြင့်​ ​ကြွေးပြ ​နေဘိ။ ။ မှတ်​​ကျောက်​တင်​ ဝန်​နှင့်​အား တရား မျှတ မှ​လေ။ မာနကို အသာလျှိုးလို့ နိုးကြား မှ​ပေ။ ဥဒစ္စ ဆိုတာ​တွေ ငြိမ်း​အေး​စေ ရင်​တွင်း။ သမိုင်းတင်​ စံမူသစ်​နဲ့ ပြည်​ချစ်​တဲ့ မင်း။ ။ " သစ်​ရိပ်​ညို " ဥဒစ္စ =အလျံထ​သော မီး

ဘဝခရီးသည်

" ဘဝခရီးသည်​ " ပင်​ပန်းဆင်းရဲ ၊ ဒုက္ခဝဲ၌ အံခဲလျက်​သာ ၊ ရုန်းရရှာ၍ ဗျာပါ​သောက ၊ ဘုရားတရင်း ဘဝများစွာ မြင်​ရသည်​။ ဆုံလည်​ပတ်​နွား ၊ ​ဖြေး​ဖြေးသွားနှင့်​ အင်​အား​လောဘ ၊ မြန်​လိုလှသည့်​ ဘဝထိုထို ၊ စိတ်​အလိုလျှင်​ ဘယ်​လို သင်​ခန်းစာ ရမည်​။ ဥစ္စာစီးပွား ၊ ​လောဘထား၍ ရှာငြား​ချွေးစက်​ ၊ လူ့အသက်​ရင်း နှစ်​သက်​ခြင်းမှ ၊ လိုတရဟု မြင်​ကြခဏ ကုန်​လိမ့်​မည်​။ ​ဒေါသနှင့်​ရှာ ၊ ဒုက္ခလာလိမ့်​ ​မောဟနှင့်​ရှာ ၊ ​သောကလာလိမ့်​ ​လောဘနှင့်​ရှာ ၊ ​ဇောကြွလာလိမ့်​ ပညာမတိုး ၊ ဥစ္စာမျိုးဖြင့်​ တန်​ဘိုးမဲ့စွာ ၊ ​ပျောက်​ပျက်​ပါသည်​ ​သေရွာလမ်းက ခရီးသည်​။ ။ " သစ်​ရိပ်​ညို "

ဘယ်တော့မှအနိုင်မယူနိုင်

" ဘယ်​​တော့မှ အနိုင်​မယူနိုင်​ " လူ့စိတ်​မှာ နှစ်​ဖြာနှစ်​ဖက်​။ ဓမ္မ ရယ်​ အဓမ္မ အလှည့်​ကျ စွက်​။ ။ ​တောင်​​မြောက်​ညွှန်း ဦးတိုက်​တဲ့ သံလိုက်​ အိမ်​​မြှောင်​။ သူ့ဟန်​မူ ဘက်​မယိမ်း တိမ်း​စောင်း လို့ မ​ယောင်​။ ​တောင်​ဖက်​ပြ ​အရပ်​ တောင်​ ​မြောက်​ဖက်​​​ဆောင်​ ယောင်​လို့မညွှန်း။ လှည့်​စားသူ အယူစိမ်းက တိမ်းညွှတ်​ ဆွယ်​မတွန်း။ ။ ဓမ္မဟာ ဘယ်​ခါမှ အဓမ္မ ဘက်​မယိုင်​။ တရားကို မတရားတို့ အားဖြင့်​ မနိုင်​။ တရားဓမ္မ မဏ္ဍိုင်​ ခိုင်​မာစွာ ရှိမြဲ။ လှည့်​စားသူ ဤလူရှုပ်​တို့ ထိန်းချုပ်​ ခက်​ခဲ။ ။ တမာကို သကာဖုံး အချိုပြုန်း ကုန်​လျှင်​။ တမာဓာတ်​ ထိုအခါး လျှာဖြား မှာတင်​။ ပမာလျှင်​ ထင်​မြင်​သည့်​ မတရား။ အချိန်​တန်​ အဓမ္မ တို့ ဒိဋ္ဌ ကွယ်​သွား။ ။ " သစ်​ရိပ်​ညို "

ဓာတ်သဘော

" ဓာတ်​သ​ဘော " အတွင်းမှာ အပူကိန်း ထိန်းချုပ်​ သန့်​စင်​။ အပူကို အပူအားနှင့်​ ​ဆေးဝါး ကူလျှင်​။ မန်းမဝင်​ အတွင်းပြင်​ ကျန်းမာ​ရေး။ စိတ်​အမြူ ဂူမ​အောင်းတယ်​ ​ရှောင်းလိမ့်​ အ​ဝေး။ ။ " သစ်​ရိပ်​ညို "

လပြောင်းရွက်ဝါ

" လ​ပြောင်းရွက်​ဝါ ရာသီပါ " မြရည်​စိမ့်​တိုး ၊ ချမ်းစိမ့်​ပျိုးလျက်​ မြူခိုး​ဝေလျံ ၊ ​ဆောင်း​ဟေမန်​ဝယ်​ ​မြောက်​ပြန်​​လေညင်း ၊ ရိုက်​​ဆော်​သွင်း၍ စိမ့်​ဆင်း​စီးထွေ ၊ ​မြောင်​စမ်း​ရေလျှင်​ ​ဘော်​​ငွေလွလွ ၊ ပနံရသည့်​ ​ဆောင်းလရာသီ စံဋ္ဌာနီ။ ရာသီ "ကုံ"မြဲ ၊ တပို့တွဲ၏ ​ပေါက်​ လဲ ယှက်​​သွေး ၊ ငှက်​​ရွှေ​ကျေးတို့ ဟစ်​​ကြွေးစီစီ ၊ ဤရာသီ၏ ရာသီရုပ်​ဖမ်း ၊ အိုးထမ်း​ယောက်ျား စန်းယှဉ်​နက္ခတ်​ ၊ မာဃ ဓာတ်​ဖြင့်​ ဆက်​ကပ်​ မီးပွဲ ၊ ထမနဲ။ ရာသီလ​ပြောင်း ၊ မိန်​တ​ပေါင်းမှ ရုပ်​​ပြောင်းမြစ်​ထက်​ ၊ ငါးကြင်းပွက်​နှင့်​ ​သောင်ဖက်​ကမ်း​ခြေ ၊ သဲပုံ​စေတီ ပွဲ​နေရာသီ ၊ သရဖီပန်း စန်းယှဉ်နက္ခတ ၊ ဖလဂုနီ ​ရွှေပြည်​ဆယ့်​နှစ်​လ တဖန်​စတည့်​။ ။ " သစ်​ရိပ်​ညို "

အနေတတ်မှကျေနပ်စရာပါ

” အနေတတ်မှ ကျေနပ်စရာပါ ” မင်းညွန့် ခက်ဖြာ ၊ မင်းဘဏ္ဍာ နှင့် အာဏာ စိုးသက် ၊ မှားမှန် ခက်ရှင့်။ တိုးတက် ပြည်ဘောင် ၊ လုပ်တိုင်းအောင်လည်း အမှောင် အတ္တ ၊ ဝိသမ တို့ ထကြွ နိုးကြား ၊ တလွှားလွှား တည့်။ ပေါများ ကောင်း ယုတ် ၊ ခြေချင်း ရှုပ်မျှ ယှက်ချုပ် ယောင်းတော ၊ ပေါက်ကျေး ရောသို့ သဘော သကန် ၊ ဟုတ်တိုင်း မှန်ရာ အမှန် မသိ ၊ ဖြစ်တတ် ဘိဟု စိတ်သိ ရှောင်ခွာ ၊ အေးငြိမ်းစွာ တည့်။ သင့်ရာ သင့်ကြောင်း ၊ မင်းအပေါင်း မှာ ပြည်ကောင်း အောင်စေ ၊ ကြိုးစား ပေမို့ မောင်မေ ဘေးတိုက် ၊ ကန့်လန့်တိုက် ၍ ထိပ်တိုက် ပြုငြား ၊ ရူးမိုက် မှားတည့်။ မခြား ပံ့ထောက် ၊ အမှား ရောက်အောင် ချီးမြှောက် သဏ္ဌာန် ၊ ကြွက်ကြွက် ညံမျှ ဖန်ဖန် ညွှန်းထပ် ၊ လွန့်လွန့် ခတ်သော် ကြောင်းရပ် မပြေ ၊ ရှိလာချေ က တွေဝေ စောင်းမြောင်း ၊ သူမကောင်း ဟု စိတ်ထောင်း ကိုယ်ကျေ ၊ ရှိတတ်ချေ တည့်။ ကိုယ်ခြေ ကိုယ်လက် ၊ တရားစက် ဖြင့် မစွက် မရော ၊ မနှော မကန် မလှန် မဖောက် ၊ မနှောက်(နှောင့်) မဖျက် စဉ်ဆက် ငြိမ်းချမ်း ၊ ဘဝလမ်း ကို လျှောက်လှမ်း ကြည်သာ ၊ အေးငြိမ်းစွာ ပင် ရင်မှာ ပီတိ ရှိသင့်သည်။ ။ ” သစ်ရိပ်ညို ”

အိုသူတော်ကောင်းအပေါင်းတို့

" အို..သူ​တော်​​ကောင်း အ​ပေါင်းတို့ " ကိုယ်​လုံဆင်​မြန်း ၊ သီလဆမ်း၍ ဝမ်းပမ်းတသာ ၊ ဤခြုံလွှာကား ပညာထွတ်​တင်​ ၊ နံ့သာရွှင်​လျက်​ တွယ်​ငင်​သဒ္ဓါ ၊ ရတနာသို့ စာဝါကမ္မဋ္ဌာန်း ၊ ဓမ္မပန်းခင်း ​လျောင်းနင်းကြွချီ ၊ အာရုံတည်​ကာ ​ခြောက်​လီ​ခြောက်​ပါး ၊ မ​ထွေပြားဘဲ စိတ်​အား​နှောင်​ပိတ်​ ၊ နှုတ်​ရည်​ဆိတ်​လို့ တိုးတိတ်​ချုပ်​​မောင်း ၊ သူ​တော်​​ကောင်းလျှင်​ အ​ပေါင်းပြည့်​စုံ ၊ သရဏဂုံဖြင့်​ စိတ်​ခြုံပုဝါ ၊ ဤခန္ဓာဝယ်​ သာယာ ငြိမ်း​အေး ရှိကြသည်​။ ။ ." သစ်​ရိပ်​ညို "

စက်ဆရာ

” စက်ဆရာ ” တစ်နံလေးစပ်ပါလို့ တစ်ပတ်စာ လက်လျှို ချုပ်ရတယ်ဆို။ ပွဲထိုင်သည့် ထဘီတို ကျပ်ညှပ်လို သူများ။ ချုပ်ဆရာ မှာဖြင့် ချုပ်အထာ ပြုတ်ကာမသွားအောင် ထားရ ချုပ်သား။ ။ ” သစ်ရိပ်ညို ”

မေမေ့ရွှေမင်းသား

" ​မေ​မေ့ ​ရွှေမင်းသား " အရုဏ်​ကျင်းလို့ လင်းပြီ​လေ ​ရွှေမင်းသား​လေး​ရေ။ ထ​တော့​လေ ​မေ​မေ့သား စာကျက်​ပါ​တော့လား။ စာ​မေးပွဲကြီး နီးပြီဆို ပိုကြိုးစား​စေလို။ စာအံသံ ​မေ​မေကြား လိမ်​မာလိုက်​တဲ့သား။ အလိမ္မာပို စာကြိုးစား ​မေ​မေချစ်​တဲ့သား။ ။ " သစ်​ရိပ်​ညို "

မောင်ထူးချွန်

” မောင်ထူးချွန် ” မောင်ထူးချွန် မောင်ထူးချွန် သူ့နာမည်လေး မောင်ထူးချွန်။ ရည်ရည်မွန်မွန် စာသင်သား တာဝန်ကျေပွန် စာကြိုးစား။ ကျောင်းအားကစား ပြိုင်ပွဲမှာ ထိပ်ဆုံးကသာ အမြဲပါ။ စာပေအရာ ပထမ အတန်းထဲမှာ အမြဲရ။ လက်ရေးလှလှ သန့်ပြန့်လွန် လိမ်မာယဉ်ကျေး စာထူးချွန်။ မောင်ထူးချွန်ကို စံပြထား လူရည်ချွန်ကွဲ့ ကျောင်းတော်သား။ ။ ” သစ်ရိပ်ညို ”

ဆည်းလည်းသံ

" ဆည်းလည်းသံ " ​ရွှေ​တောင်​ကို ​နေ​ရောင်​​တောက်​သလိုပ ရွှန်း​သောက်​တဲ့ မြတ်​​စေတီ။ ကမ္ဘာမှာ သာသနာကွန်းခိုတဲ့ ကျွန်းလက်ျာ မဟီ။ သာသနာ့ အာဇာနည်​ မြန်​မာပြည်​ သံဃာများ။ အကျိုးရည်​တူစွာဖြင့်​ မျိုးပြည်​သူ ရင်​ဝယ်​စမ်းလို ငြိမ်းချမ်း ​စေသား။ ။ " သစ်​ရိပ်​ညို "

ရိုးရိုးလေးသာ

" ရိုးရိုး​လေးသာ " ​ရွှေ နား ပန်​ဆင်​ စိန်​ စီ တင်​ ဘဝင်​ ​လေသို့ ဟပ်​။ စိန်​ ​ရွှေ ​နေ​ရောင်​ ပါး ဝင်း ​ပြောင်​ အ​ဆောင်​ မာန်​တို့ ကပ်​။ ကိုယ့်​ပါး ကိုယ့်​အား သနပ်​ခါး စိတ်ထား နင်​လို့ စပ်​။ ယဉ်​​ကျေး ရန်​သင့်​ ရိုးရာ ဖြင့်​ ​မျှော်​လင့်​ အကျိုး အပ်​။ အသား ​သင်း​စေ ပါး ​ဝင်း ​ရွှေ ခင်​​နေ မယ်​လို့ မှတ်​။ ။ " သစ်​ရိပ်​ညို "

ပွင့်သောပန်းလန်းဆန်းစွာ

" ပွင့်​​သောပန်း လန်းဆန်းစွာ " စမ်းသီတာ ကြည်​ပြာစိမ်း ယိမ်းနွဲ့ ညင်​သာ။ ပန်းဆီလွှာ ​နေခြည်​လျှမ်း လွှမ်းခြုံလျက်​ ဖြာ။ ပန်းမာလာ နီပြာဝါ စုံအ​သွေး။ ​မြိုင်​ရဂုံ ပြိုင်​အငုံ ဘုံသ​ဘောနဲ့ ​တောနန်းဘွဲ့ လေး။ ။ " သစ်​ရိပ်​ညို "

အက္ခရာနေ့နာမ်

” အက္ခရာ နေ့နံ ” ကကြီး ကကြီး ကိုကကြီး ရှေ့ဆုံး ကနေ အကြီး ကြီး။ ကကြီး အတန်း တနင်္လာ ကျားရုပ် နေ့နံ သတ်မှတ်တာ။(ကခဂဃင) စလုံး စီရာ အဂါင်္ ပါ့ ခြင်္သေ့ မင်းက ပါးစပ်ဟ။(စဆဇဈည) ယရ လဝ ပိုင်းဖြတ် ထင် ဗုဒ္ဓဟူး ရဲ့ နေ့နံ ဆင်။(ယရလဝ)(ဠ) ရာဟု ဟိုင်းဆင် တွဲကပ် ပေး ဗုဒ္ဓဟူး နေ့ မွန်းလွဲ လေး။(ယရလဝ)(ဠ) ကြာသပတေး ကြွက်ရုပ် သည် ပစောက် စဉ်တန်း နံ ကိုတည်။(ပဖဗဘမ) သောကြာ နံ မည် ပူး တံဆိပ် သဟ အက္ခရာ စာပုံနှိပ်။(သဟ) ဋသန် လျင်းချိတ် တဝမ်း ပူ စနေ နေ့နံ နဂါး ယူ။(ဋဌဍဎဏ)(တထဒဓန) အ ဂဠုန် သူ တစ်လုံးထဲ တန င်္ဂနွေ နေ့နံ ပဲ။ ။(အ) ” သစ်ရိပ်ညို ”

စိုးစိတ်စွေစွာ

" စိုးစိတ်​​စွေစွာ " စမ်း​ရေ စီးသံ ၊ ​ကျေးငှက်​ပျံ ၍ တိမ်​ယံ ​ဆော့မြူး ၊ သည်​​နွေဦး ဝယ်​ ရင်​စူး နင့်​နင့်​ ​ဆွေးပန်းချီ။ ​နွေရင်​ ခွင်​ဦး ၊ ​ဝှေ့​လေရူး​ ကြောင့်​ ကွန့်​မြူး ညှာ​ချွေ ၊ ဝါရွက်​​ကြွေ တော့ ငါ​လေ မင်းကို လွမ်းတတ်​ပြီ။ ကို​ရွှေ ဥဩ ၊ ငိုသံ​နှော လို့ နစ်​​မျော ​ဝေရီ ၊ ​ဆွေးရိပ်​သီ စဉ်​ ဘယ်​ဆီ မင်း​လေး ​ရောက်​​နေသည်​။ သုန်​သုန်​ သုတ်​ဖြူး ၊ ​နွေ​လေ လူးလျှင်​ စိတ်​ကူး ​​တွေ​ဝေ ၊ ​မျောလွင့်​ ​နေပြီး ငါ​လေ မင်းကို တမ်းတသည်​။ လွမ်းစာ ​ဆွေးစာ ၊ ရွက်​လွှင့်​ ကာဖြင့်​ တိမ်​လွှာ စမ်း​အေး ၊ ​ကျေးငှက်​​လေးေ​တွ ​လေ​သွေး တုန့်​တင်​ ၊ ​ကြွေရွက်​ မြင်​တိုင်း ချိုလွင်​ ဥဩ ၊ ညက်​ညက်​​ညော နဲ့ သာ​မော ​မွေ့​ပျော်​ ၊ ​လေရူး ​ခေါ်မှ အ​ဖေါ် မဲ့နွမ်း ၊ မင်းကို တမ်းတ အလွမ်း မ​ပြေ ၊ သိပ်​ချစ်​ ​နေဟု ငါ​လေ မင်းကို ​ပြော​တော့မည်​။ ။ " သစ်​ရိပ်​ညို "

ယိုဖိတ်ခြင်း

" ယိုဖိတ်​ခြင်း " ပင်​လယ်​ပြင်​ ​ရေတစ်​​ပေါက်​ ​သောက်​ဖို့ဖြင့်​ ခက်​လှဖွယ်​ ခါးသက်​ ငံတယ်​။ မသိမိုက်​ မလည်​ဝယ်​ စမ်း​ရေသယ်​ ဘယ်​မထိန်း။ ကျမ်းအလာ မှာဖြင့် ပရမ်းပတာ လုပ်​သူများရယ်​ ​တောင်းစား မည့်​ကိန်း။ ။ " မိုးခါး​ရေ " မိုးခါး​ရေ လူအများ ​သောက်​စားလို့ ​ပျော်​ရွှင်​ ဟုတ်​လှ​ရော့ ထင်​။ အချိန်​တိုတွင်​ ရူးကွက်​ဆင်​ လူအများ။ အ​ကြောင်း​ကြောင့်​ အကျိုးထင်​ မိုးမမြင်​ ​လေမရှိုက်​ကွယ်​ ရူးလိုက်​ပုံများ။ ။ " အရူးတိုင်းပြည်​ " ​ရွှေကိုယ်​​တော်​ သည်​ငမူး ရူးသည့်​ ချိန်​တွင်​။ ​နောက်​ပါး​တော်​ သည်​အရူးက ပူး​မြှောက်​ ပင့်​တင်​။ လမ်း​ပေါ်တွင်​ တန်းစီလျှင်​ စိတ်​မြူး။ မိုးခါး​ရေ တို့တိုင်း​ပြေ ကုန်​သ​လောက်​ကွယ်​ ​သောက်​​သောက်​လည်​ ရူး။ ။ " အရူး​ဆေး " အရူး​ပေါ် အရူးဆင့်​ အထူးသဖြင့်​ အ​မွှေ​ကျော်​ ရူး​ဆေး စပ်​​ဖေါ်။ ​သွေးမ​တော်​ အ​ရေး​ပေါ် အရာ​ပေး။ ကျိုးရည်​တူ မျိုးပြည်​သူ တစ်​ကယ်​ကြိုက်​တယ်​ ရူးမိုက်​တဲ့ ​ဆေး။ ။ " သစ်​ရိပ်​ညို "

တိုင်းပြည်၏ရတနာ

” တိုင်းပြည်၏ ရတနာ ” ညဥ့်ယံ သုံးစိတ် ၊ တစ်ရံ အိပ်သည့် ပြည့်ထိပ် ဦးသျှောင် ၊ ရာဇ ဘောင်သွင် ညဥ့်ခေါင် ဦးတိုက် ၊ နွားတစ်သိုက် နှင့် အားစိုက် ထွန်ရေး ၊ လုံ့လ မွေးသည့် ယာလေး ကိုင်းထွင် လယ်တောရှင်။ ဆောင်းလေ အေးလျက် ၊ ဤနံနက် တွင် ဝန်းစက် ရောင်နီ ၊ တောင်ကြော ဆီမှ လူရည် ခန့်သော ၊ လူညိုချော သည် လယ်တော မှပြန် ၊ ထွန်ရေး လှန်သော် ချွေးသန် ရွှဲရွှဲ ရှိလှသည်။ သူ၏ လုပ်အား ၊ ပြည့်ခွန်အား တည့် စားနပ် ရိက္ခာ ၊ မဏ္ဍိုင် သာတည့်။ လူ့ရွာ ကောင်းကျိုး ၊ အားဖြင့် ပျိုးကာ နှိမ်ချိုး မှုဒါဏ် ၊ ရင်ကော့ ခံ၏။ တစ်ရံ တစ်ဆစ် ၊ သူ မလှစ် ဘဲ ရင်နှစ် သည်းချာ ၊ ရတနာ ကို ပြည့်ရွာ မင်းလောင်း ကောင်းသင့်သည်။ ။ ” သစ်ရိပ်ညို ”

ပေါ်ပင်ညံစီ

" ​ပေါ်ပင်​ညံစီ " ​ရွှေအစစ်​ကိုဖြင့်​ ပန်းတိမ်​ညစ်​ လက်​သစ်​ထွင်​ ​ကြေး​ရော လို့ပင်​။ ​ဈေးသ​ဘောတွင်​ ​ရွှေဆိုရင်​ ပြီး​ရော။ ယဉ်​​ကျေးစွာ မြန်​မာ့မူဟန်​ကိုဖြင့်​ ရင်​​လေးစရာ ​မြေချစံ ​နေရသလိုပါ့ မူမမှန်​ ဘက်​ကန်​သမှုရယ်​က ပျက်​ရန်​ ပြု​သော။ ။ ​ရှေး​ကောင်းတင့်​မှန်​ ၊ မျိုးရိုးမှန်​သည့်​ ဧကန်​ယဉ်​​ကျေး ၊ မြန်​မာ့​သွေးက ​ရှေ့​ရေးမကြည့်​ ၊ ​သွေးရင်းထိ​တောင်​ မသိလိုက်​ဟန်​ ၊ ပြုတတ်​ပြန်​၏။ ရင်​ခံငို​ကြွေး ၊ တစ်​ပါး​ရေးမူ ကြွ​သွေးဘဝင်​ ၊ မျိုးညစ်​သွင်​ဖြင့်​ လိမ်​ဆင်​မျိုးချစ်​ ၊ ကိုမျိုးညစ်​ဟု မျိုးချစ်​ရန်​သူ ၊ တုန့်​ပြန်​ဟူ၏။ တစ်​လူတစ်​မင်း ၊ ​ဗြောက်​​သောက်​ခင်း၍ ငါ့မြင်းငါစိုင်း ၊ စိတ်​အရိုင်းဖြင့်​ ဘယ်​တိုင်း​ရောက်​​ရောက်​ ၊ အမျိုး​ပျောက်​​တောင်​ ​​ငွေ​နောက်​သံ​ယောင်​ ၊ မြဲကြံ​ဆောင်​၏။ စိတ်​ကြီးဝင်​ ​ရွှေဘဝင်​​လေအဟပ်​။ ​ငွေခုံမင်​ ရွှင်​အရူးလို မြူးကြ ကြပ်​ကြပ်​။ ။ " သစ်​ရိပ်​ညို "

မြန်မာ့ကျား

” မြန်မာ့ ကျား ” ကျားထိုးဟန် တစ်ကောင်တည်း စားနည်း လွယ်လွယ်။ ကျားနှစ်ကောင် ပူးပိတ်ကပ်တော့ အစားရပ်တယ်။ သုံးလုံးဆင့် ထိပ်ကောင်မယ် ထိုးကြွေးလှယ် လို့ပေး။ ခါးလယ်ကောင် နောက်ခံအားနဲ့ စားလို့ ကွက်ပြေး။ ။ တစ်ကောင်ကြွေး နှစ်ကောင်ရိုက် တိုက်စစ် ကွက်ပေါ်။ မတိုက်ခင် သတိထားကွဲ့ ခံစစ်အား ဖောက်တတ်သနော်။ ကွက်ထပ်နှင့် ကွက်ညှပ်သော် မမြင်ကျော် ခံရ နိဂုံး။ တိုက်စစ်တော် ခံစစ်ကျဲပါက ပွဲလယ် ၌ ရှုံး။ ။ အကွက်ကို တောင်ပံသိမ်းသို့ ဖြန့်ထိန်းလို့ တက်နော်။ ရှေ့ကကောင် နောက်ခံအား နောက်သားပို့ စေ့မှတော်။ ဥာဏ်သွက်လက် ကျားအကျော် အကွက်ဖေါ် အလှည့်တွေး။ ကျားအကိုင် အပိုင်ချုပ်ကာ ထိန်းအုပ် နိုင်လေး။ ။ တစ်ကွက်မှားတက် ပါက ကျားကွက် အရှုံး။ ကွက်ပေါင်းစုံ စေ့စေ့လေး တွေးနိုင် မှ ပြုံး။ ။ ” သစ်ရိပ်ညို ”

မြတ်သောသံဃာ

" မြတ်​​သော သံဃာ " ဝါ​ရွှေ​ရောင်​လင်း သံဃာသင်းလျှင်​ ​နေမင်းလင်းသာ ဝင်းပဖြာမှ ​ရောင်​ဝါပြည်​လျှမ်း ဆမ်းလိမ့်​မည်​။ မိစ္ဆာသက်​နှင်း ချိန်​ခါတွင်း၌ ပွင့်​လင်းမသာ သည်းခံပါလျက်​ သံဃာများတွက်​ စိုးစိတ်​ရည်​။ ။ " သစ်​ရိပ်​ညို "

မိစ္ဆာလွှမ်းမိုးအယူဆိုးသော်

" မိစ္ဆာ လွှမ်းမိုး အယူဆိုး​သော်​ " တန်​စိုးလက်​​ဆောင်​ ၊ လုပ်​တိုင်း​အောင်​လည်း လူ့​ဘောင်​ယိုင်​ညွှန်း ၊ မဏ္ဍိုင်​ပွန်း၍ ပြည့်​ဝန်းရည်​တူ ၊ တို့ပြည်​သူတွင်​ ညီတူမျှတ ၊ အခွန်​ခ​ကြောင့်​ လှူကြစမ်းပါ ၊ သာသနာလျှင်​ ဗျာပါ​နှောင့်​​နှေး ဖြစ်​ရသည်​။ ဘာသာအ​ရေး ၊ မျိုးသား​ရေးနှင့်​ ပြည့်​​ရေးမဏ္ဍိုင်​ ၊ လွန်​ယိမ်းယိုင်​ကာ မခိုင်​တွန့်​ဆုတ်​ ၊ ပြည်​ကြိုးတုတ်​၍ နှုတ်​ထွက်​ခက်​ခက်​ ၊ ထမင်းတွက်​​သော်​ ဖက်​ခွက်​ကိုင်​ကာ ၊ ဝမ်းတစ်​ထွာမျှ ခါခါစိတ်​​လေး ၊ ရင်​မ​အေးလျက်​ ကိုယ်​​လေးလက်​မှိုင်​ ချမိသည်​။ ။ " သစ်​ရိပ်​ညို "

လိမ္မာရွှေသွေးသားနောင်ရေးလျှင်

" လိမ္မာ​ရွှေ​သွေး သား​နောင်​​ရေးလျှင်​ " ​ရွှေ​သွေး လူ​လေး ၊ ​ခေတ်​​ရှေ့​ပြေး တိုင်း ယဉ်​​ကျေးမှု တွက်​ ၊ ​ကြေး​မောင်း အက်​သို့ ဟက်​တက်​ ရင်​နာ ၊ ​သောက ဖြာမည်​ မြန်​မာ ပြည်​မှ သားလူ​လေး။ ​ရွှေ​သွေး နုယဉ်​ ၊ သားမျက်​မြင်​ ပဲ ​နေ့စဉ်​ ရက်​ဆက်​ ၊ ကြားရချက်​ သည်​ ခါးသက်​ လှဖွယ်​ ၊ ရိုင်းစိုင်း ရယ်​လျှင်​ တိုင်းနယ်​ ပြည်​နယ်​ တစ်​ဝှမ်းတည်း။ ​ရွှေ​သွေး လိမ္မာ ၊ သား​ရှေ့မှာ ဖြင့်​ ပညာ သတိ ၊ မကပ်​ငြိ ပဲ အသိ ​ခေါက်​ခက်​ ၊ အဝင်​နက်​ သည့်​ ရိုင်းချက်​ စံတင်​ ဤ​ခေတ်​တွင်​။ ​ရွှေ​သွေး ဆင်​မြန်း ၊ လူ့စခန်း ဝယ်​ လူစွမ်း လူစ ၊ ပျိုမြစ်​စွ သွင်​ ​ရှေးက ရိုးသား ၊ ယဉ်​ပုံများ မှာ တရား လက်​ကိုင်​ ၊ ပြည့်​မဏ္ဍိုင်​ တည့်​။ ခိုင်​ခိုင်​ မြဲမြဲ ၊ တူယှဉ်​ တွဲလျက်​ ရင်​ထဲ ညီမျှ ၊ လူပီသ စွာ ဂါရ၀ ထား ၊ စာနာအား နှင့်​ နိမ့်​ပါး ဂုဏ်​မြင့်​ ၊ မြတ်​နိုး သင့်​၍ ကြီးရင့်​ မြတ်​သူ ၊ ​လေးစားဟူ ၏။ ငယ်​မူ ငယ်​​သွေး ၊ ပညာ ​ကြွေး၍ နှုတ်​​ရေး ကိုယ်​ဟန်​ ၊ အမှန်​ ယဉ်​​ကျေး ​ချော်​​တွေး မရှိ ၊ ပညာရှိ ၏ နှုတ်​သိ ဂုဏ်​အင်​ ၊ မြတ်​လမ်းစဉ်​ ကို ​မြေလျှင်​ မကျ ၊ ​ခေါင်းဦးချ ၍ ဆုံးမ နာယူ ...

ဆောင်းအကုန်နွေအကူးဝယ်

" ​ဆောင်းအကုန်​ ​နွေအကူးဝယ်​ " ​ဆောင်းကို မလို ​၊ နွေ မကြိုပဲ မိုးကို ​မျှော်​၍ တမည့်​သူ။ မျိုး​ဆွေ ကိုပစ်​ ၊ မျိုးခြား ချစ်​လျက်​ စင်​စစ်​ ကိုယ်​ကျိုး ရှာမည့်​သူ။ စာ​ပေ အနှစ်​ ၊ ချိုးနှိမ်​ ညစ်​၍ ရင်းမြစ်​ ဇာတိ ​ဖျောက်​မည့်​သူ။ အမျိုး ဘာသာ ၊ သာသနာ ကို ဘယာ ​ဘေးဆိုး ​ပေးမည့်​သူ။ ယဉ်​​ကျေးမှု အ​မွေ ၊ နင်းဖျက်​​ခြေ ကာ စိတ်​​တွေ ရိုင်း​အောင်​ လုပ်​မည့်​သူ။ ညီ​စေ​ နောင်​ရင်း ၊ စည်းလုံးခြင်း ကို ဖြိုခွင်း သပ်​လျှို ခွဲမည့်​သူ။ အိမ်​တွင်း ဒုက္ခ ၊ အိမ်​ပြင်​ ပြလို့ မီးစ တွင်းပြင်​ ရှို့မည့်​သူ။ ညီ​နောင်​ ​မောင်​ဘွား ၊ သမီးသား ကို နင်းပြား ဖိနှိပ်​ ချိုးမည့်​သူ။ အတ္တ မာန်​မြူ ၊ တံခွန်​ထူ ၍ ​ကောင်းသူ ဖယ်​ရှား ပြုမည့်​သူ။ စည်းကမ်း ပျက်​​တွေ ၊ ဥပ​ဒေ မှာ ပြု​စေ ထည့်​သွင်း ​ဖျက်​မည့်​သူ။ အိမ်​တွင်​ မ​ပျော်​ ၊ အိမ်​ပြင်​ ​မျှော်​လျက်​ ဧည့်​​ခေါ် တင်​​မြှောက်​ ပင့်​မည့်​သူ။ သား တူ ​နောင်​ရင်း ၊ တို့​သွေးချင်း တို့ အိမ်​တွင်း အိမ်​ပ ၊ နှစ်​ဋ္ဌာန ၌ ညီမျှ မတူ ၊ ​စောင်းနင်း သူ​တွေ အိမ်​သူ တွင်း၌ ​၊ ပေါများ ထိုက်​လော။ တွင်းလှိုက်​ ချစား ၊ အပြ...

ပင်ပျိုနှင့်ပင်အို

” ပင်အို နှင့် ပင်ပျို ” ပင်အို ငုတ်တို ၊ တက်ညှောက် ပျိုဖြင့် ရွက်စို ပင်များ ပေါက်လာ၏။ ပင်အို အနား ၊ သုံးလံ ခြားက ပင်ထွား သစ်ငယ် ပင်ပေါက်၏။ ပင်အို အတက် ၊ အစုံ ထွက်၍ ပင်တက် နှေးကာ ရှိနေ ရှာ၏။ ငယ်သစ် ပင်ပျို ၊ တုနှိုင်း ဆိုလျက် ပင်အို သက်ကြား ၊ ပင်ထွက် အားနည်း ငါကား စွင့်တည် ၊ တက်လေ သည်ဟု အော်မြည် ဟစ်ကြွေး ရှိချေ၏။ ပင်ပျို သက်ငယ် ၊ မင်း အရွယ် က ငါ့မယ် ပိုထွား ၊ ပိုစွင့် ကား၏။ ခုမှာ သေးနုပ် ၊ ငါကား ငုတ်တို မြက်ဖုတ် လိုပင် ၊ အတက် သွင်ဖြင့် ဖွာပင် လန်လည်း နေတတ်ပြီ။ ရက်လ နှစ်ပြောင်း ၊ ပင် သစ်လောင်း မှာ ထောင်းထောင်း သန်စွမ်း ၊ ဖြောင့်ဖြောင့် တန်းမျှ လွှမ်းမိုး စည်ဝေ ရှိလှသည်။ ပင်အို မှာကား.... ရိုးတံ ကိုင်းကိုင်း ၊ နွယ်သစ် ရိုင်းသို့ အုံ့ဆိုင်း စိပ်စိပ် ၊ အပင် ရိပ်ဖြင့် တိတ်ဆိတ်ညင်သာ ရှိလှသည်။ များ မကြာမီ ၊ သစ်ခုတ်သည် တို့ ဖြောင့်တည် ဝင်းမွတ် ၊ ပင်ပျို ထွတ်ကို စိတ်လွတ် ကိုယ်လွတ် ဖြတ်ခုတ်သည်။ သံသရာ မှာ ၊ ဖန်လာ စက်ဝဲ ငါပဲ မာန်လို ၊ သစ်ပင် ပျိုမှာ ငုတ်တို ဘဝ ၊ ပြန်၍ စရန် ရိပ်ကျ ပင်အို ၊ လောင်းရိပ် ကိုပင် ကျော်လို သတ္တိ ၊ အားမရှိ ၍ ဒုက္ခိတ လျှင် ၊ သစ်ငုတ် ပင...

ကျောင်းတော်မဟာ

” ကျောင်းတော် မဟာ ” ရင်မှ မွေးဖွား ၊ ရင်ခွင် သားတို့ ပိုင်းခြား မြော်မြင် ၊ ဥာဏ်နှင့် ယှဉ်၍ ခိုဝင် ကာနား ၊ နေသော် အားတည့် ခြားနား မရှိ ၊ ပကတိ ပင် ငါ၏ နွယ်ဖွား ရင်ခွင်သား။ ငါ၏ ခွန်အား ၊ စိတ်ဓာတ်များ ဖြင့် ငါ့သား သမီး ၊ ငယ် ရွယ် ကြီး ရင့် ပညာ တင့်စေ ၊ ဂုဏ်မြင့် စေလျက် ချစ်ဆွေ မျိုးနွယ် ၊ မျိုးဂုဏ် ထည်ဝါ တင့်တယ် လျောက်ပတ် ရှိလှသည်။ ငါ့ ၏ သံစဉ် ၊ ချိုချိုလွင် တွင် ကြည်လင် မေတ္တာ ကြီးလှ၏။ သာတူ ညီမျှ ၊ စခန်း ချ၍ ထကြွ နိုးကြား ၊ မောင်ကြိုးစား တို့ လုံ့လ ကြီးမား ၊ မယ်ကြိုးစား တို့ ပြည်ဖွား တိုင်းကျိုး ၊ တည်ထောင် ပျိုးလော့ ခွန်အား ပြည့်ဖြိုး ၊ ညီအောင် ကြိုးလော့ တို့မျိုး ပြည်ထောင် ၊ ရန်တိုင်း အောင်စေ အမောင် စွမ်းဆောင် ၊ မယ်စွမ်းဆောင် တို့ ထမ်းဆောင် ဝန်တာ ၊ ကျေပွန်စွာ ဖြင့် မြန်မာ မြန်မာ ၊ ရွှေမြန်မာ ဟု အာဇာနည် သွေး ပြကြမည်။ ။ ” သစ်ရိပ်ညို ”

ပိုင်နက်

” ပိုင်နက် ” ကိုးတောင်ကျားနှင့် ဆယ်တောင်ကျား အင်အားက မကွာလှချေ။ သူ့နေရာ မြေပိုင်နက် တွက်ချက် မှတ်ပေ။ အင်အားကိုစေ သားကောင်တွေ ဖမ်းစား။ သူ့နယ်မြေ ရင်းအမြစ်မှာဖြင့် ဘုရင် တစ်ပါး။ ။ တောင်ကိုးလုံးမှာဖြင့် ငါးလုံးက ဆယ်တောင်ကျား ကိုးတောင်ကျား လေးလုံးပိုင်။ စည်းနေရာ ချောင်းငယ်အား ပိုင်းခြား သက်ဆိုင်။ ကမ်းဘယ်ညာ ချောင်းရေအိုင် အားမပြိုင် ရေသောက်ဆင်း။ နယ်မြေပိုင် ကျော်မကျူးတယ် ထူးဘိ လေခြင်း။ ။ ချောင်းရေတိမ် တစ်ဖက်ကမ်းက ဂျီ ဖမ်းသည့် ကျားဆယ်တောင်။ မပိုင်နိုင် ဂျီငယ်ဖမ်းတော့ တဖက်ကမ်း တိမ်းရှောင်။ လွတ်သွားလို့ လောဘအမှောင် ဆယ်တောင်မှာ စည်းကျော်ကူး။ ကိုးတောင်ရှင် အပိုင်စောင့်တာ ဇောကြောင့် သိဘူး။ ။ ဂျီကိုသာ အရုံစိုက်တဲ့ ထိုကျားမိုက်မှာ။ သူ့လည်တိုင် အပိုင်ကိုက်မှ သိလိုက်ရတာ။ သိနောက်ကျ ဆယ်တောင်ခမျာ လည်တိုင်မှာ သွေးထောင်ပန်း။ ယှဉ်ပြိုင်ရန် အားကုန်လျက်ကယ် သက်ထွက် သေပန်း။ ။ မကျော်ကျူးကြပါနဲ့ ဪ ရူးတဲ့သူတွေကိုဖြင့် တွန်းလှန် သင့်ပေ။ တို့မြန်မာပြေ ရေမြေဟာ တို့ပိုက်နက်။ ရာဇဝင် နေမညို့အောင် တို့ ကာကွယ် လျက်။ ။ ” သစ်ရိပ်ညို ...

ကျဘန်းမလေးခင်စန်း

” ကျပန်းမလေး ခင်စန်း ” ခရီးသည် များ ၊ လူးလာသွား လျက် ပျားပန်းခတ် မျှ ၊ လှုပ်ရှား ကြသည် ဘဝ လုံးစုံ ဘူတာရုံ ။ ဘူတာရုံ တွင် ၊ ပစ္စည်းရှင် တို့ ယူငင် ကူဖေး ၊ သယ်ယူ ပေးသည့် ဈေးသည် ကျပန်း မခင်စန်း။ မခင်စန်း လေး ၊ ထမ်းပိုး ပေးလို့ ငွေလေး တစ်ဆယ် ၊ ထမင်းဝယ် ကာ နေ့လည် ဝမ်းစာ စားရရှာ။ မဝ ရေစာ ၊ စားရ ရှာသည့် လွန်စွာ ဆင်းရဲ ၊ ဘူတာ ထဲ၌ အိမ်ပဲ အိပ်ယာ ခုံတန်းသာ။ ခုံတန်း ပေါ်မှာ ၊ တုန်ရီစွာ လျှင် ဖျားနာ ပူကြီး ၊ ဒုက္ခ မီးဖြင့် ဖြစ်ပြီး မကြာ ၊ ခဏတာ တွင် ဘူတာ ရထား ၊ ဆိုက်ရောက် ငြားက သွား၍ ထမ်းပိုး ၊ ထမင်းဖိုး တွက် တိုးလျှိုး တောင်းပန် ၊ လုပ်ရ ပြန်သည် ချိန်မှန် ဘဝ ၊ ရုန်းကန် ရတည့်။ ဘဝ ဘယ်မှာ ၊ ပညာ ပါလဲ ဥစ္စာ ဘယ်မှာ ၊ ပိုင်ဆိုင် ရာလဲ ဘာညာ မသိ ၊ သူမ သိတာ လက်ရှိ လုပ်ရိုး ၊ ငါ ထမ်းပိုး မှ ဝမ်းအိုး တစ်ထွာ ၊ စားရ မှာမို့ ဘူတာ ကျောရိုး ၊ ခုံတန်း ကျိုးသာ ငါ့အိုး ငါ့အိမ် ဖြစ်တော့သည်။ ။ ” သစ်ရိပ်ညို ”

ပြစ်ဒဏ်ဟူသောဥပဒေသာလျှင်

" ပြစ်​ဒဏ်​ ဟူသော ဥပ​ဒေ သာလျှင်​ " ငါငိုရပြီ ၊ ငါ့မျက်​ရည်​နဲ့ ငါသည်​စကား ​ပြောဖြစ်​ပြီ။ ငါ့​သွေးခွန်​အား ၊ ငါ့လုပ်​အားနဲ့ ငါကားကြိုးစား ခဲ့ပါသည်​။ ငါ့​မြေငါ့​ရေ ၊ ငါတို့​ပြေမှာ ငါ​နေဖို့ရာ ခက်​လှပြီ။ ငါ့မိသားစု ၊ မြို့ပြင်​စု၌ ကျူးဟု​ခေါ်ရာ ​ရောက်​ခဲ့သည်​။ ဝါးနှီးယက်​ဖြာ ၊ ဓနိကာ၍ ​မြေမာချိုင့်​ထဲ ​ဆောက်​ခဲ့ပြီ။ ကျူး​တွေဖျက်​ဖို့ ၊ လူတချို့က ငါတို့​နေရာ ​ရောက်​ခဲ့သည်​။ ငါရပ်​တစ်​ပါး ၊ အလုပ်​သွားတုန်း သနားမညှာ ဖြစ်​ကြပြီ။ ငါ၏မယား ၊ ငါ၏သားတို့ ကမ်းနားသစ်​ပင်​ ဖြစ်​ခဲ့သည်​။ ​ကျောတစ်​ပြားစာ ၊ ပိုင်​ဆိုင်​ရာကား ငါ့အား​လှောင်​ရယ်​ ပြုကြပြီ။ ငါ၏အစွမ်း ၊ ဘဝနွမ်းလျက်​ မျက်​ကန်းတ​စ္ဆေ ​ကြောက်​ခဲ့သည်​။ ငါတို့တစ်​​တွေ ၊ လမ်း​ပေါ်​သေမည့်​ ​ခွေး​လေ​ခွေးလွင့်​ ဖြစ်​ရပြီ။ ငါ့အ​ဖေလည်း ၊ လယ်​ယာထဲမှာ ရင်​ကွဲမျက်​ရည်​ ကျခဲ့သည်​။ ယခုငါ့လှည့်​ ၊ အားကိုးမဲ့စွာ ဒူးနဲ့မျက်​ရည်​ သုတ်​ရပြီ။ ​ရေ​မြေ​ပြောကျယ်​ ၊ ​မွေးရပ်​လည်​၌ ဘယ်​လိုစခန်း သွားရမည်​။ ။ " သစ်​ရိပ်​ညို "

ကျေးတောသဘင်

" ​ကျေး​တော သဘင်​ " နွားအ​ပေါင်းရယ်​နဲ့ နွား​ကျောင်းတဲ့ သူမယ်​။ ချစ်​တဲ့သူ ​ခေါ်လာပြန်​​တော့ လှည်း​ကျော့ ယဉ်​ငယ်​။ ငှက်​​ကျေး​တို့ ရံ​ရွေ​ဖေါ်နှယ်​ ​​ပျော်​ရွှင်​ဖွယ်​ ပျံဝဲ။ မ​လေးနဲ့ အတူ ပု​လွေကျူ ချူသံ​ပေးပါလို့ ငှက်​​ကျေးသီ သည်​စားကျက်​ခင်းဝယ်​ ကျင်းပ သည့်​ပွဲ။ ။ " သစ်​ရိပ်​ညို "

နေညိုဆွဲလှည်းရေစည်

" ​နေညိုဆွဲ ​လှည်းရေစည်​ " မြို့တန်းရှည်​ ​ရွှေ​ခြေကျင်းနဲ့ မင်း​နေပြည်​​ ကွဲ့ တို့ရွှေဘို။ မူးမြစ်​​ရေ သွယ်​ကာ​ဖောက်​လို့ လှည်း​ထောက်​ စည်​တို။ တစ်စ​ည်​​လောက်​ဗျို့ အမှာဆို ​ခြေတို​အောင်​ သယ်​​ပေး။ မြို့​ရွှေဘိုမှာဖြင့်​ ​ရေချိုချို ​ကျောက်​ချဉ်​​ဖောက်​ကာ ​သောက်​ကြည့်​ ချင်​​သေး။ ။ " သစ်​ရိပ်​ညို "

အိမ်ရှိလူကုန်

" အိမ်​ရှိလူကုန်​ " စရည်းအိုးခွက်​ကယ်​နှင့်​ ရွာဘက်​က အလှူ​တော်​။ မျှစ်​ဟင်းချို ကတက်​သား ပဲပြား ငပိ​ကြော်​။ အချိုပွဲ ထန်းလျက်​​နော်​ ပဲကြီး​လှော်​ ​ရေ​နွေးကြမ်း။ ရွာကုန်​ဖိတ်​သထင့်​ မီးခိုးတိတ်​ တစ်​ရွာလုံးရယ်​ အမုန်းဆွဲ ကြစမ်း။ ။ " သစ်​ရိပ်​ညို "

ကမ်းငွေသောင်ယံ

" ​ကမ်း ​​ငွေ​သောင်​ယံ " လွှတ်​မြူးဘွယ်​ဖန်​ ၊ တိမ်​ယံ​လေဖြူး ညင်း​လေဦးက ၊ ​ဆော့လူး​လေပြည်​ ​နေခြည်​​တောင်​ယံ ၊ ဖူးပွင့်​ပန်​ကာ ​တောင်​ပံလှုပ်​​ထွေး ၊ လိပ်​ပြာ​လေးနှင့်​ ပျား​လေးငယ်​ငယ်​ ၊ ပန်းခင်းလယ်​မှာ ရွှင်​ဖွယ်​ပျံဝဲ ၊ ဝတ်​မှုံကျဲသို့ ​ပျော်​ပွဲဆင်​ယင်​ ၊ ပန်းဥယျာဉ်​၌ ပျိုလွင်​သည့်​ပန်း ၊ သွင်​မနွမ်းခင်​ အနမ်းမိုး​စွေ ၊ ကျိုးပမ်း​နေသည်​ ​လေပြည်​မာလာ သင်းသင်းတည့်​။ ညွတ်​နူးငယ်​ပန်​ ၊ တွယ်​ဟန်​လွှတ်​မြူး သက်​ပိုင်​ဦးလျှင်​ ၊ ရွယ်​စူးရည်​မှတ်​ ဘဝအပ်​မျှ ၊ မျိုးမြတ်​ကျင့်​​ထွေ စိတ်​​နေညွတ်​​ပျောင်း ၊ ​ရွှေရည်​​လောင်း၍ ခ​ညောင်းမှူးတင်​ ၊ ချစ်​​ရေစင်​ဝယ်​ ကြင်​နာဆပွား ၊ ​မေတ္တာများဖြင့်​ ချစ်​အားပိုပို ၊ ရွှန်းစိုစို​သော်​ သံချိုချို​အေး ၊ သံစဉ်​​တေးသွား ပြန့်​​မွှေးကြိုင်​​လေ ၊ ပန်​ဆင်​​စေမည်​ ​နေခြည်​ဖြာဖြာ ဝင်းဝင်းတည့်​။ ဆွတ်​ခူးရွယ်​ကြံ ၊ မယ့်​ထံညွှတ်​နူး စိတ်​လွှတ်​မြူးလျက်​ ၊ သီကျူးတသ ကျန​ခွင့်​ပန်​ ၊ ​ရွှေနန်းစံရယ်​ တစ်​ရံတစ်​စိတ်​ ၊ ဟန်​မချိတ်​ပဲ ဖိတ်​ဖိတ်​ရောင်​စဉ်​ ၊ ချိုလွင်​လွင်​နှင့်​ သွင်​သွင်​စီး​မျော ၊ တ​သော​သောလျှင်​ သာ​မော​သေ...

ဒါတို့စာတို့ဘာသာ

” ဒါတို့စာ တို့ဘာသာ ” မြန်မာစာ သဒ္ဒါမျိုးမှာဖြင့် ငုတ်လျှိုးလို့ မတင့်တယ် ထုတ်ဖေါ် ကြမယ်။ ပုပ်သိုးမယ့် ကဗျာစာရယ် ကမ္ဘာဝယ် မဖြစ်ရေး။ မျိုးမြန်မာ အမျိုးများတို့ ကြိုစား စို့လေး။ ။ အခြေခံ အရင်းစစ်တော့ ဇစ်မြစ်က ခိုင်ခိုင်မာ တို့ မြန်မာစာ။ ရှေးထဲက ခန့်ကြည်စွာ တည်တံ့လာ ပြီပဲ။ ခေတ်သစ်ဆီ မောင်မယ်လက်ဝယ် ထမ်းရွက် သင့်မြဲ။ ။ ကကြီး မှ အ အဆုံး ရှေးထုံးနည်း မြန်မာစာ စေ့စေ့ ငုံစွာ။ တိကျလို့ အသေအချာ လေ့လာကာ မှတ်သား။ မျိုးမြန်မာ ဂုဏ်ရောင်တင့်အောင် မြှင့်တင် စို့လား။ ။ အေဘီစီ သင်တုန်းက အေကနေ ဇက်ထိအံ အပြန်အလှန်။ တို့ဘာသာ ပိုထက်သန် တို့အမှန် တို့လေးစား။ စာပေကွယ် လူမျိုးဖောက်လျှင် တိုင်းပျောက် လူသား။ ။ စာသင်ရာ ဆရာများလည်း အလေးထားလို့ လေ့လာရန်။ အခြေခံ ခိုင်အောင်ပျိုးမှ တိုးတက် ရှင်သန်။ တို့မြန်မာ စာပေသံ ပေါ့ပေါ့တန် ဝန်ထမ်း။ နောင်တခေတ် မှာဖြင့် ကျန်ရစ်ချေ တို့ရင်သွေးတွက် တွေးဆ ကြည့်စမ်း။ ။ ဒါဒို့ပြေ ဒို့မြေချစ်ဖို့ သွေးသစ်တို့ ဇာတိမာန်။ မြေတစ်မှုံ ရေတစ်စက် ကမ်းလက် တင်ကျန်။ စာပေချစ် မျိုးချစ်ရန် မျိုးသစ်ထံ လက်ဆင့်ကမ်း။ မျိုးမြန်မာ ကမ္ဘာသုဉ်း...

သုံးရက်လခုံးမျက်စ

" သုံးရက်​လခုံးမျက်​စ " ​နေညိုချမ်း​အေး ​တောင်​စွယ်​​ပြေးစဉ်​ လ​ကွေး​ကွေးသည်​ ​ရှေ့ရပ်​ဆီမှ မှုန်​ရီဖျဖျ ထွက်​ပြူစဖြင့်​ ချစ်​ညဆည်းဆာ ဧည့်​ခံလာသည်​ သာယာ၏​လော သာ၏​လော။ ။ " သစ်​ရိပ်​ညို "

သာသနာ့ဒါယိကာများ

" သာသနာ့ဒါယိကာများ " ​နေ့ရက်​လိမ့်​လူး ၊ ​နွေရည်​လူးရင်း လှုပ်​ကူးဂိမှာန်​ ၊ ​နွေဇိမ်​ခံလျက်​ တိမ်​ပျံ​တောင်​ညွန့်​ ၊ အနားတွန့်​ဖြင့်​ လူးလွန့်​ဒီ​ရေ ၊ လှိုင်းကပ်​စေရာ ​သောင်​​ခြေကမ်းစပ်​ ၊ ​တောင်​​လေခတ်​ရင်း ​မြောက်​ရပ်​သို့ချီ ၊ ကမ်းစစ်​သည်​တို့ ခါမီသင်္ကြန်​ မိုးသို့တည်း။ ​သွေ့အက်​သိမ့်​မူး ၊ လယ်​​မြေနူး​အောင်​ ​ရေကူး​ပေါင်းသင်​ ၊ ဆည်​​ရေတင်​လျက်​ ​ငွေပင်​​ငွေရင်း ၊ ​ရွှေစင်​ဝင်းသည့်​ ​ကောက်​ရင်းစပါး ၊ ​ကောက်​နှံစားလျှင်​ ​နေစားမ​ခြောက်​ ၊ စိမ်းစို​ပေါက်​လျက်​ မိုး​အောက်​လယ်​​ယာ ၊ ပြည့်​မီစွာဖြင့်​ ရာသီခင်းမှန်​ ပျိုးသို့တည်း။ ။ ​ရှေ့ဆက်​ငြိမ့်​မြူး ၊ မင်းလွင်​ဦး၌ ​လေရူးသံစဉ်​ ၊ ခြူသံလွင်​သည့်​ ရွာစဉ်​လှူမြဲ ၊ ရှင်​ပြုပွဲနှင့်​ ရင်​ထဲသာသနာ ၊ တို့မြန်​မာလျှင်​ ဝါရည်​သင်္ကန်း ၊ သပိတ်​ထမ်းလျက်​ ဝမ်းပမ်းတသာ ၊ လန်းဆန်းဖြာသည်​ ရွာကျီတင်းခံ တိုးသို့တည်း။ " သစ်​ရိပ်​ညို "

တစ်ခါလာသည်မျိုး

" တစ်​ခါလာ သည်​မျိုး " လယ်​​မြေတလင်းမှာကွဲ့ မှည့်​ဝင်းတဲ့ စပါး​ရွှေ ​တောင်​လိုပုံ​နေ။ သို့​သော်​​လေ ရွာမ​နေ သည်​ဆန်​စပါး။ အချိန်​တန်​ ကျန်​​လေရိုးဟာက မျိုး စပါး များ။ ။ " နင်းကြမ်း " လယ်​​မြေစိမ်းမှာဖြင့်​ လယ်​သိမ်းမည့်​ ကွင်းပြင်​။ မျိုးအခွန်​ လယ်​အခ သမ လျက်​ပင်​။ အသီးကိုမြင်​ ​ကြွေးရှင်​​တွေ ပတ်​ဝိုင်း။ လယ်​လုပ်​သူ လယ်​ခစားကို ပွဲစားက ခိုင်း။ ။ " နယ်​လှည့်​ခြင်း " ဇာတ်​စကား ဓာတ်​ပြားလည်း မကယ်​နိုင်​။ ​တောင်​သူလယ်​ ယာမလုပ်​ကယ်​ ငုတ်​တုတ်​သာ ထိုင်​။ ဝမ်းထွာဆိုင်​ မခိုင်​​ပေါင်​ အလုပ်​ရှား။ ​တော​နေမှိုင်​ ​တောင်​သူခက်​​တော့ မြို့တက်​ လို့သွား။ ။ " စ​ပေါ်မနိုင်​ ကျူးမှာထိုင်​ " မြို့​တွေများ လိမ်​စားတဲ့ ကမ္ဘာ။ ဂတုံး​ပေါ် ထိပ်​ကွက်​လို့ စိတ်​ပျက်​ စရာ။ လာလို့သာ လာရတာ ​နေစရာ ရှိဘူး။ ​ဟောဟိုမှာ လူ​တွေစုကွဲ့ သုခုမ ကျူး။ ။ " ​နေရရင်​​တော်​ပါပြီ " ​ဟောက်​စား​တွေနှင့်​ ​ခြောက်​စားတို့ ပုံ​ဖေါ်။ ဟို​နေရာ သည်​တစ်​ကွက်​ ​ငွေ တွက်​လို့ ​ဆော်​။ သစ်​ဝါးရှား ​ဈေးက​အော်​ အ​တော်​​ကွ...

မြန်မာစစ်သားအာဇာနည်

" မြန်​မာ စစ်​သား အာဇာနည်​ " မျိုး​ဆွေသက်​လျာ ၊ သားတစ်​ရာကား ဇာနည်​စစ်​​သွေး ၊ မျိုးသား​ရေးတွက်​ ​ပေးဆပ်​ဂုဏ်​ရည်​ ၊ အာဇာနည်​ဟု ရပ်​တည်​ခဲ့တာ ကြာ​လေပြီ။ ရပ်​တည်​မူကွဲ ၊ အသားထဲက ယင်​မဲသားစုံ ၊ ​လောက်​ဖြစ်​ကုန်​သည့်​ ​ငွေပုံ​ခြေချုပ်​ ၊ လက်​ကိုင်​တုတ်​တို့ မျိုးယုတ်​​တွေလည်း တိုက်​ရသည်​။ မျိုယုတ်​ကပ်​ပိ ၊ ဆိတ်​အစိသို့ ကပ်​မိကပ်ပယ်​ ၊ ဆိုးကြိုးသယ်​သည့်​ ခင်​တွယ်​ကိုယ်​ကျိုး ၊ င​တေမျိုးတို့ ပြည်​ကျိုးရန်​စွယ်​ ဖယ်​ရသည်​။ ပြည်​ကျိုးဂုဏ်​အင်​ ၊ မျိုးရင်​ပြင်​၏ ယဉ်​​ကျေးမှုထုံး ၊ ဓ​လေ့သုံးဝယ်​ ​ရှေးဘုန်းစံ​ပျော်​ ၊ တရား​တော်​ညီ မြင်​​မြော်​ပသ ရှိရသည်​။ မြင်​​မြော်​မျိုးမြတ်​ ၊ ပညာတတ်​နှင့်​ ​တောရပ်​​တောင်​သူ ၊ မြို့​ပေါ်လူတို့ မပူငြိမ်းချမ်း ၊ ဘဝလန်းဖို့ ဝန်​ထမ်းကာကွယ်​ ကြရသည်​။ ဝန်​ထမ်းအခ ၊ ပြားတစ်​စဖြင့်​ ဘဝ​ပေးလှူ ၊ အင်္ဂါလှူလျက်​ ကူညီလုပ်​အား ၊ တတ်​စွမ်းအားနဲ့ ​ဆောင်​ထား​ကောင်းစိတ်​ ​မွေးရသည်​။ ​ဆောင်​ထားဘဝ ၊ တည်​​ဆောက်​ကြရာ မယားဇနီး ၊ သားသမီးလည်း ကိုယ့်​နည်းနှင်​နှင်​ ၊ စည်းကမ်းယှဉ်​သည့်​ ပြည့်​အင်​ပြည့်​အား ၊ ပြည်​သူ့သားဟု ရှိထားစိတ်​...

နွမ်းလျလျနှင်း

" နွမ်းလျလျ နှင်း " မခို့တယို့ တစို့စို့ နှင့်​​ကြွေ ​ဆောင်းကြွင်း နှင်း​ချွေ။ နှင်းစ တို့ ရီ​ဝေ​ဝေ ​ငွေမျက်​ရည်​ မြ ပုလဲ။ လန်းမရွှင်​ ​ဆောင်းသံစဉ်​ ​နွေရည်​​ထွေးမယ်​ ​တွေးလို့ ငိုဆဲ။ ။ " သစ်​ရိပ်​ညို "

နွေတေးရှင်

" ​နွေ​တေးရှင်​ " တိမ်​အ​တောက်​ ​နေ​ပျောက်​လု ကွယ်​ချင်​။ ချစ်​သံစဉ်​ ချိုချို​အေး လွမ်း​တေး ချူငင်​။ ဥဩရှင်​ ​နွေရင်​ခွင်​ ငှက်​​လေး။ မ​မေ့နိုင်​စရာ တစ်​​နေ့တာ ရင်​​မှာမောဖွယ့်​ ​သောတ သံ​ပေး။ ။ " သစ်​ရိပ်​ညို "

ဆန္ဒနှင့်ဘဝ

" ဆန္ဒ နှင့်​ ဘဝ " ကြယ်​စင်​တမ်းတ ၊ အငမ်းမရနှင့်​ ထွန်းပလင်းလက်​ ၊ ကြယ်​စင်​စက်​ကို တပ်​မက်​ရည်​စူး ၊ ပိုးစုန်းကြူး​ရေ။ ကြယ်​ဖူးလွင့်​ကြွေ ၊ ညလည်း​စွေမို့ ​ငွေတု​ရောင်​ပြန်​ ၊ အရုဏ်​စံ​သော်​ ကြယ်​ပျံရထား ၊ စက်​ရပ်​သွား၍ သင်​ကားဘယ်​မှာ ပုန်းလိမ့်​နည်း။ " သစ်​ရိပ်​ညို "

အပါးတော်မြဲ

" အပါး​တော်​မြဲ " ကမ်းလက်​တွဲ​ခေါ် လိုက်​​တော်​မူလှဲ့။ ​ငွေစင်​ရည်​ မြ​ဆောင်​နန်းသို့ လှမ်းလို့ လာခဲ့။ ​ခေါ်ငင်​ယူ ပုဝါပါး ဖိတ်​ကြား ရဲ့​နော်​။ အကြင်​နာ ​ငွေရည်​​သောက် ကျိုး​​ထောက် ​​ချင့်​​မျှော်​။ တွဲလက်​​ဖေါ် ​သော်​တာ နဲ့ လမင်း။ အာကာဂုဏ်​ ဓ​လေ့ မှာဖြင့်​ ဝဠာဘုံ ကျယ်​သ​ရွေ့ကွယ်​ ​တွေ့မယ့်​ ချစ်​ခြင်း။ ။ " သစ်​ရိပ်​ညို "

ကောင်းကျိုးလိုသော်

" ​ကောင်းကျိုး လို​သော်​ " လူ့​ဘောင်​ပြည်​နှိုက်​ လူမိုက်​တစ်​​သောင်း ၊ တစ်​​ယောက်​​ကောင်းဖြင့်​ ထိမ်း​​ကျောင်းအုပ်​​သော်​ ၊ ရငြား​သော်​လည်း လူ​တော်​အ​ပေါင်း လူ​ကောင်းတစ်​သိန်း ၊ လူမိုက်​ထိန်းလျှင်​ ပျက်​ကိန်းကြုံရာ ဖြစ်​တတ်​စွာ တည်း။ သူ​တော်​စင်​စစ်​ ​ရှေ့ဖြစ်​​နောက်​​ကြောင်း ၊ ​ကောင်းမ​ကောင်းကို ​ကောင်းဆိုး​ဝေဖန်​ ၊ နည်းလမ်းမှန်​ဖြင့်​ သင့်​တန်​​ထောက်​ထား ၊ ဆွဲ​ခေါ်ငြားမူ လူသားတစ်​​သောင်း ၊ ငြိမ်း​စေ ​ကြောင်းတည့်​။ ဗာလ လူမိုက်​ စရိုက်​ မတူ ၊ နင်း​ချေ ဟူရှင့်​ ကျိုးတူ သာမှ ၊ လိုဘ ကျဟု ကတိ သစ္စာ ၊ ​မေ့​လျော့စွာ ဖြင့်​ အာဏာ စက်​ခင်း ၊ မိစ္ဆာ နှင်းတည့်​။ များလူ အတ္တ ၊ ဝဋ်​ဒုက္ခ တို့ စုကြ ရစ်​​နှောင်​ ၊ ဤလူ့​ဘောင်​ဝယ်​ မ​ယောင်​ ဆီလူး ၊ မီးစ ကူးသည့်​ မိုက်​ရူး မိစ္ဆာ ၊ မကျင့်​ရာ တည်း။ များလူ အကျိုး ၊ ရည်​​မျှော်​ကိုး ၍ အဆိုး မ​ဝေ ၊ ​ကောင်းရာ​စေ ​လော့ မ​သွေ သုခ ၊ လိုတရ လျက်​ ဒိဋ္ဌ ​ကောင်းကျိုး ဖြစ်​လတ္တံ့။ ။ " သစ်​ရိပ်​ညို "

ချရာမချာတင်ပေးမယ်

" ချရာမ ချာတင်​​ပေးမယ်​ " တရီး ထ​ဒွေး အတံလျှို ​မောင်​​ရေး ချာအံချို။ ဒနယ်​တို ညဲမတ်​တား ချစ်​နဲ့တူ တယား။ ဓရီး​ရှေ့က အ​တောက်​ငယ်​ မတ်​ထား ညက်​ရှိလယ်​။ ငကိုတွယ်​ အတံချပ်​ ​တေ​တေ ချာချာမတ်​။ ။ ................................ ကကြီး ခ​ခွေး အသံချို ​မောင်း​လေး စာအံဆို။ ဂငယ်​ကို မြဲမှတ်​သား ရှစ်​နဲ့ တူသလား။ ဃကြီး ​ရှေ့က အ​ကောက်​ငယ်​ မှတ်​ထား မျက်​စိလည်​။ ငကိုကွယ်​ အသံဖြတ်​ ​သေ​သေချာချာ မှတ်​။ ။ " သစ်​ရိပ်​ညို "

နွေကပေးတဲ့ဝေဒနာ

" ​နွေက​ပေးတဲ့​ဝေဒနာ " ​နွေ ​ခြွေ ​ကြွေခဲ့ပြီ​ပေါ့​ရော်​ရွက်​ဝါ။ ​တွေး ​ငေး ​ဆွေးရပြီ​ပေါ့ဒီချိန်​ခါ။ ​ဝေဒနာ မ​ဖြေသာ ဒီေ​မာင်​နွမ်း။ ဥဩငယ်​တွန်​အခိုက်​မှာ လှိုက်​လှိုက်​ပြီးလွမ်း။ ။ ဟိန်းဝဏ္ဏစိုးဝင်း(တိုက်​ကြီး) " သုခုမသံချို " စိတ်​​ရောင်​စဉ်​ ဒီဃ​တေး ​နွေးလှပါသည်​။ လွမ်းသံစဉ်​ ချစ်​ရည်​​နှော ဥဩ သံချီ။ ​ကြွေ​လေပြီ ​နေခြည်​နု အသဲ။ ရင်​တစ်​ဖို ငိုသံ​ရောငယ်​ ​မျောလွင့်​ ​နေဆဲ။ ။ " သစ်​ရိပ်​ညို "

ညင်းပြန့်အေးစေ

" ညင်းပြန့်​​အေး​စေ " ​ဆောင်းကားအိပ်​မက်​ ​နွေစိမ်​ရက်​တွင်​ ခွန်းဆက်​ခွာယူ နှင်းဖြူဖြူလျှင်​ ကြင်​သူမှတ်​မိ သိပါ​စေ။ ​နွေအား​မှော်​ဝင်​ ပိ​တောက်​ရွှင်​၍ ​ရေစင်​ကြည်​​ပျောက်​ ​မြေဝင်​​ခြောက်​ကာ ​တောက်​​လျောက်​​မြေမြူ ပျံ့လွင်​​နေ။ ​နွေငင်​ယှက်​လူး ညင်း​လေမြူး​သော်​ စို့ဖူးငယ်​ရှင်​ ​ချွေး​လေးပင်​လျှင်​ ​လေဝင်​စိမ့်​​အေး လန်းလျက်​​ပေ။ ချမ်း​ဆောင်းမြထွက်​ ​နွေ​ချွေးစက်​တို့ နှစ်​သက်​တူစွာ ​အေးမြရာဝယ်​ ညင်​သာတိတ်​ဆိတ်​ သစ်​ရိပ်​​ လေ။ ။ " သစ်​ရိပ်​ညို "

မဟာဘုတ်

" မဟာဘုတ်​ " မဟ​န္တော ဘူ​တော မဟာဘူ​တော။ မဟာဘုတ်​သ​ဘော အ​ကြမ်းပြော​ မှန်​​သော ​ဟောနည်းသာ။ အဓိပတိ ဖွားတုံဘိ နှံ့သိ ထင်​ရှားစွာ။ အထွန်း ဖွားမြင်​ ​ကျော်​​ဇောထင်​ လူတွင်​ အံ့ဩရာ။ တံခွန်​ ထင်​ရှား ရာဇဖွား ​ကျော်​ကြား တတ်​လှစွာ။ သိုက်​ ရတနာ ပတ္တနာ ဆရာ ဖြစ်​တတ်​တာ။ ပုတိ သ​ဘော မ​ကျော်​​ဇော နှ​မြော ရှိတတ်​စွာ။ မရဏ တွင်​ ဖွားမြင်​လျှင်​ မရွှင်​ သောကဖြာ။ ဘင်္ဂ ၌ ဖွား နာအဖျား မှတ်​သား ပျက်​တတ်​စွာ။ ။ " သစ်​ရိပ်​ညို "

အညံ့ဆုံးနှစ်

" အညံ့ဆုံးနှစ်​ " ဥ လှ ရွာ ၊ ကြာ ​တော သံ စံ ပါ ​အေး ၊ ​လေး ရွာ က မြ ဦး လူ ၊ သူ ဇ ​မောင်​ ​ထောင်​ သာ စွ။ ၁။ တနင်း​နွေသား ၊ ဗုဒ်​ ဂြိုဟ်​ စား သက်​အား ရာဟု ညံ့လှသည်​။ ၂။ တနင်္လာ သား စ​နေ စား သူ ​သောကြာ သက်​ ညံ့လိမ့်​မည်​။ ၃။ အင်္ဂါ သားသည်​ ကြာ ဂြိုဟ်​ တည်​ ​နွေဆီ သက်​​ရောက်​ ညံ့ဦးမည်​။ ၄။ ဗုဒ္ဓဟူး သား ရာဟု စား လာ အား သက်​​ရောက်​ ညံ့လှသည်​။ ၅။ ကြာသပ​တေး ​နွေ ဂြိုဟ်​​ လွေး ဗုဒ်​​လေး ဟူးသက်​ ညံ့လွန်းသည်​။ ၆။ ​သောကြာ သားဆို အင်္ဂါ ဂြိုဟ်​ ​တေးကို သက်​​ရောက်​ ညံ့လိမ့်​မည်​။ ၇။ စ​နေ​နေ့သား ​သောကြာစား သက်​ထား အင်္ဂါ ညံ့​လေပြီ။ ။ ၁။ ဥ ​နွေ ​နေ့သား လှ ဗုဒ်​စားကာ ရွာသား သက်​​ရောက်​ အညံ့ဆုံး။ ၂။ ကြာ လာ ဤသား ​တော နေ စား၍ သား ​သောကြာ သက်​ အညံ့ဆုံး။ ၃။ စံ အင်္ဂါ သား ပါ ​တေး စား၍ ​အေး​ နွေ သက်​​ရောက်​ အညံ့ဆုံး။ ၄။ ​လေး ဟူး သားမှာ ရွာ စား ရာ လျှင်​ က လာ သက်​​ရောက်​ အညံ့ဆုံး။ ၅။ မြ​ တေး သည်​သား ဦး ဂြိုဟ်​ စား​သော်​ လူ ဟူး သက်​​ရောက်​ အညံ့ဆုံး။ ၆။ သူ ကား ​သောကြာ ဇ အင်္ဂါ ဝယ်​ ​မောင်​ ကြာ သက်​​ရောက်​ အညံ့ဆုံး။ ၇​။ ထောင်​ စ​နေသား သာ ​သော စားလျက်​ စွ အား သက်​​ေ...