ငယ်ပေါင်း

" ငယ်​​ပေါင်း "

သူငယ်​ချင်း ​ရေ ၊ ရွာ​နေ တို့များ
နေသား တကျ ၊ ​ပျော်​ခဲ့ ကြတာ
မေ့မှ ​မေ့လို့ ​နေပြီလား။

မင်းက မြို့မှာ ၊ ​ရောင်​ရှိန်​ဝါ နှင့်
ပညာ ရင်​နှီး ၊ စီးပွား ကြီးလို့
ပိုပြီး ​ပျော်​​နေ ရမှာ​ပေါ့။

ငါက ရွာမှာ နဂို ဖျာနဲ့
လယ်​ယာ ထွန်​သွား ၊ ဘယ်​ညာ နွားနဲ့
မအား လပ်​ပါ သူငယ်​ချင်း။

ငယ်​စဉ်​ တုန်းက ၊ ​ပျော်​ကြ ရတဲ့
ချောင်းဝ ငါးထိုး ၊ ​ရေဆင်း ချိုးလို့
ပုဆိုး စိုနဲ့ ကစားခဲ့။

ရွာဦး ​ကျောင်း​တော်​ ၊ ရာ​ကျော်​ သက်​ကြီး
ပင်​ မန်​ကျည်း ​ပေါ် ၊ ဘုန်းကြီး ​အော်​လည်း
နှစ်​​ဖော်​ တက်​ခူး ခဲ့​သေးတယ်​။

သူငယ်​ချင်း ​ရေ ၊ ခု​နေ ​ခြေကျ
မွေး​မြေ ရပ်​ခြား ၊ မင်း ​ဝေးသွားလို့
ငါ့အား မင်း​မေ့ မှာပါ​လေ။

ငါ့မှာ​ တော့​လေ ၊ ​ချောင်းဝ ​ရေကို
လယ်​​ရေ ​တင်​​တိုင်း ၊ ငယ်​က တိုင်းပင်
ကိုင်း​ကြွေ ကိုင်း​ခြောက်​ ၊ တ​ဖျောက်​​ဖျောက်​နဲ့
ရွက်​​ညှောက်​ မန်​ကျည်း ၊ ပင်​အိုကြီး ၌
ပြန်​ပြီး မြင်​​ယောင်​ ၊ ငယ်​က​ကောင်​ ​ဖြင့်
ငါ့တောင်​ ​မေ့​လျော့ ​နေပြီ​ကော။     ။

                      " သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်