မင်းဝံတောင်တန်း

" ​မင်းဝံတောင်​တန်း "

ရွှေမင်းဝံ ​တောင်​တန်းပြာ
မြောင်​စမ်းဟာ နည်းသထင့်
သောင်​ကမ်းမှာ ဝဲသဖြင့်
ကဲဆင့်​ဆင့်​ ဧရာ။

ကျားဆင်​ရယ်​ ဂျီ​ပြောင်​ဆတ်
မတည်​​မှောင်​ရပ်​ သို့ကနှင့်
မမှီ​ရှောင်​တတ်​ ယို့စချင့်
ဆို့နင့်​ ပုန်းခွာ။

ညို့မှိုင်းသွင်​ ပင်​တသိုက်
ယာဉ်​ လှည်းတိုက်​ သုံးတဖြာ
ဆင်​ကျွဲပိုက်​ ရုန်းလကွာ
ပြုန်းပဗျာ ​တောင်​စဉ်​တန်း။

သကြ​တောင်​ ​ကျောက်​အလွှာမို့​သော်​လည်း
ကြောက်​စရာ ဂလိုင်​ထွင်း စို့စို့မှာဖြင့်
ဖောက်​အလွှာ ​တောင်​ရွှေတွင်း အလို့ငှါ
ကျင်းချိုင့် ပြည့်လွှမ်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်