နံနက်မိုးသောက်နှင်းမှုန်လျှောက်
" နံနက်မိုးသောက် နှင်းမှုံ လျှောက် "
ဖွဲဖွဲ စိမ့်လျှံ
မြူနှင်းပျံ
မြောက်ပြန် နှင်းရည်သောက်။
စွေ့စွေ့ သိမ့်ကျံ
မိုးသောက်ယံ
ပန်းမန် နှင်းရည်သောက်။
ငြိမ့်ငြိမ့် ဖွေးခံ
ရေတမံ
သွင်းကျန် နှင်းရည်သောက်။
တောက်တောက်စက်ယို
တွဲရွှဲခို
စိမ့်စို ရေတံလျောက်။
ပေါက်ပေါက်ရည်ပြို
နှင်းဥပျို
တွယ်ခို ရေတံလျောက်။
နှင်းစုရေသို
ဖျောက်ဖျောက်ငို
ဆင်းလို ရေတံလျောက်။
အောက်ကပန်းပင်
ပွင့်လန်းသွင်
ပြုံးရွှင် နှင်းရည်သောက်။
နှင်းပြောက်သံကြား
ဖူးစွင့်ကား
ငွားငွား နှင်းရည်သောက်။
ဝတ်ရည်လဲ့ဟန်
ငွေနှင်းပန်
ချိန်မှန် နှင်းရည်သောက်။
နှင်းရည်တံလျောက်
သွယ်ကာဖောက်
ပင်အောက် မြေသားရောက်။
" သစ်ရိပ်ညို "
ဖွဲဖွဲ စိမ့်လျှံ
မြူနှင်းပျံ
မြောက်ပြန် နှင်းရည်သောက်။
စွေ့စွေ့ သိမ့်ကျံ
မိုးသောက်ယံ
ပန်းမန် နှင်းရည်သောက်။
ငြိမ့်ငြိမ့် ဖွေးခံ
ရေတမံ
သွင်းကျန် နှင်းရည်သောက်။
တောက်တောက်စက်ယို
တွဲရွှဲခို
စိမ့်စို ရေတံလျောက်။
ပေါက်ပေါက်ရည်ပြို
နှင်းဥပျို
တွယ်ခို ရေတံလျောက်။
နှင်းစုရေသို
ဖျောက်ဖျောက်ငို
ဆင်းလို ရေတံလျောက်။
အောက်ကပန်းပင်
ပွင့်လန်းသွင်
ပြုံးရွှင် နှင်းရည်သောက်။
နှင်းပြောက်သံကြား
ဖူးစွင့်ကား
ငွားငွား နှင်းရည်သောက်။
ဝတ်ရည်လဲ့ဟန်
ငွေနှင်းပန်
ချိန်မှန် နှင်းရည်သောက်။
နှင်းရည်တံလျောက်
သွယ်ကာဖောက်
ပင်အောက် မြေသားရောက်။
" သစ်ရိပ်ညို "
Comments
Post a Comment