နှစ်သစ်မင်္ဂလာ

" နှစ်​သစ်​ မင်္ဂလာပါ "

ပြည့်​ဝှမ်းရိပ်​မြုံ
မြတ်​နိုးစုံ
မွှေးထုံ သင်းပါ​စေ။

စာနာသနား
မေတ္တာပွား
စိတ်​ထား တူပါ​စေ။

ရင်​နှစ်​သည်းချာ
သားပမာ
ကြင်​နာ တတ်​ပါ​စေ။

စေတနာလမ်း
ရင်​မှာစမ်း
ရွှင်​လန်း နိုင်​ပါ​စေ။

ပန်းလိုမွှေးကြူ
စိတ်​ထားဖြူ
ရည်​တူ ချစ်​ပါ​စေ။

ထကြွနိုးကြား
ပြည့်​အင်​အား
ထင်​ရှား ညီပါ​စေ။

ပေါပြည့်​ဝကြွယ်
ကြည်​နူးဖွယ်
ရေနှယ်​ ​အေးပါ​စေ။

မင်္ဂလာ ပန်း
ပန်​​ဆင်​မြန်း
အေးချမ်း ကြပါ​စေ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်