အကာ အချစ် အနှစ် မေတ္တာ
" အကာအချစ် အနှစ်မေတ္တာ "
လောဘ ကြမ္မာ ၊ သောက ဖြာ၍
သေရွာကို ချဉ်း ငြင်းခက်သည်။
ဒေါသ ရာဂါ ၊ မျောတတ်ပါ ၍
စာနာ ပျက်ယွင်း နင်းတက်သည်။
မောဟ တဏှာ ၊ ဇောကြွ လာ၍
သာယာ ဖွေရင်း ဆင်းသက်သည်။
နေ့စဉ် ဖြစ်ရိုး ၊ အတ္တဆိုး က
သေမျိုးတို့ တွက် ၊ ပဉ္စလက်ဖြင့်...
ချုပ်လျက် မာယာ ၊ ဝေဒနာသည်
အကာ အဖျင်း ၊ လောင်မြိုက်ရင်း လျှင်...
ရင်တွင်း အနှစ် ၊ တရားစစ် သာ
ကုတ်ခြစ် စုထား ၊ သေရွာလား သော်
အပါး မခွာ ၊ အနားလာ ၍
သစ္စာ ဆက်သ ၊ မေတ္တာမျှ လျက်...
ဘဝ ကျောက်တိုင် ၊ မြဲ မတ်ခိုင်မည်
မပိုင် ၏လော ပိုင် ၏လော။ ။
" သစ်ရိပ်ညို "
လောဘ ကြမ္မာ ၊ သောက ဖြာ၍
သေရွာကို ချဉ်း ငြင်းခက်သည်။
ဒေါသ ရာဂါ ၊ မျောတတ်ပါ ၍
စာနာ ပျက်ယွင်း နင်းတက်သည်။
မောဟ တဏှာ ၊ ဇောကြွ လာ၍
သာယာ ဖွေရင်း ဆင်းသက်သည်။
နေ့စဉ် ဖြစ်ရိုး ၊ အတ္တဆိုး က
သေမျိုးတို့ တွက် ၊ ပဉ္စလက်ဖြင့်...
ချုပ်လျက် မာယာ ၊ ဝေဒနာသည်
အကာ အဖျင်း ၊ လောင်မြိုက်ရင်း လျှင်...
ရင်တွင်း အနှစ် ၊ တရားစစ် သာ
ကုတ်ခြစ် စုထား ၊ သေရွာလား သော်
အပါး မခွာ ၊ အနားလာ ၍
သစ္စာ ဆက်သ ၊ မေတ္တာမျှ လျက်...
ဘဝ ကျောက်တိုင် ၊ မြဲ မတ်ခိုင်မည်
မပိုင် ၏လော ပိုင် ၏လော။ ။
" သစ်ရိပ်ညို "
Comments
Post a Comment