ကိလေသာ၁၀ပါး

" ကိလေသာစိတ် ၁၀ ပါး "

လိုချင်လောဘ ၊ မျက်ဒေါသနှင့်
မောဟတွေဝေ ၊ မာနစေလျက်
မှားပေဒိဋ္ဌိ ၊ သံသယရှိသည့်
ဝိစိကိစ္ဆာ ၊ ငိုက်မည်းစွာကား။

ပျင်းစွာစဉ်းမှိတ် ၊ ထိနမိဒ္ဓ
ပျံ့စိတ်လွင့်ပြ ၊ ဥဒ္ဓစ္စဖြင့်
အဟိရိက ၊ ရှက်ကြရဖွယ်
အနောတ္တပ္ပ ၊ ကြောက်ကြမကောင်း
ဆယ်ဝကြောင်းထွေ ၊ နွမ်းညစ်စေအောင်
ကိလေသာသောင် ၊ ကျွန်းစိတ်ဘောင်ထဲ
ရစ်ဝဲရစ်သီ ၊ ကျွမ်းဝင်သည်မို့
ဖြစ်တည်စိတ်ထဲ ၊ ဝင်လာမြဲပင်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

အက္ခရာနေ့နာမ်