တရားရှောင်သော်အမှောင်ကြီးစိုး

" တရား​ရှောင်​သော်​ အ​မှောင်​ကြီးစိုး "

နေစကြာ
အခွင့်​အခါ မကျ​လေ​တော့။

ကျေပျက်​စရာ
အကာလ ညချိန်​မှာ​ပေါ့။

ကပ်​ကမ္ဘာ သုံး​ထွေရယ်​က
ထုံး​ချေမွှ ကြွတက်​လာ​ပေ။

ပု​ဗ္ဗေကတ ​ရှေးဘုရား​ဟော​ပေသည့်
ဝဲဩဃ အ​ထွေ​ထွေ။

မ​ကြောက်​ကြ​ပေ မရွံ့ကြ​ပေ
အရှက်​​တွေ မဲ့ကင်း။

အမိုက်​​မှောင်​ သန်း​ခေါင်​ ညဉ့်​နက်​သဖွယ်
ပျက်​သည့်​ ​ခေတ်​တွင်း။ ။

အဖရယ်​ က သားကိုဖူးမတဲ့
နေရာဦး ပိုင်​စံ။

ပညာကံ ဥာဏ်​ဇီး​စေ့ထံသို့
လေ့လာ ဖို့ဖန်​။

ပါဟုန ရာဇသံ
အာဂန္တု ဧည့်​သည်​က​ပေး။

အိမ်​အခံ ပုဂ္ဂိုလ်​ ဇာတိကရယ်
ကဏှာဘိဇာတိက ထိုသ​ဘောမှာဖြင့်
ယုတ်​​သော ပုဂ္ဂိုလ်​ များထံ
ခစား လိမ့်​​လေး။ ။

" သစ်​ရိပ်​ညို "
အာဂန္တု =ဧည့်​သည်
ပါဟုန=ဧည့်​သည်
ဇာတိက=ဇာတ်​ရှိ​သော
ကဏှာဘိဇာတိက=မဲညစ်​ယုတ်​နိမ့်​​သောဇာတ်​ရှိ​သော

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်