ပညာရှိသူတော်ကောင်းအပေါင်းတို့
" ပညာရှိ သူတော်ကောင်းအပေါင်းတို့ "
အစွန်းတွေ နှစ်ဖက်ကြား
ခေါင်းအုံးလို့ ထားရတာ
မလွယ်လှပါ။
အမှားနဲ့ အမှန်ဟာ
အချိန်မှာ အဖြေရှိ။
ကောင်းလျှင်တော့စံ
ထိပ်ထိခံ ရလေမှကွယ်
ဓားပြ မှန်းသိ။ ။
တွေးကြည့်တတ်သူများကတော့
အပ်သားကြောင်း သန္ဓေသည်
ဘယ်က စတည်။
ဘယ်ဆီသို့ ရောက်လိမ့်မည်
ဘယ်ပုံသည် ဘယ်အချိုး။
နောင်အခါ သည်အချိုးက
ကောင်းဆိုး သိနိုး။ ။
သေသေချာ မြင်အောင်ကြည့်ကြပါဗျ
သတိမူမှ ဂူမြင်ဖွယ်။
ကိုယ့်ဆန္ဒ ကိုယ့်အကြိုက်ကို
လိုက်ကြနဲ့ ကွယ်။
မှားသွားတော့ ရှက်စဖွယ်
စောင့်ကြည့်ကွယ် ရလာဒ်။
တည်တည်ငြိမ် ဘဝလမ်းကို
တစ်လှမ်းခြင်း မှတ်။ ။
ပညာတွေ သင်ယူထားတာ
အလကား မဖြစ်စေချင်။
ထောင့်ပေါင်းစုံ ချင့်တွက်လို့
အကွက် မြင်မြင်။
ဥာဏ်မရှိ သူတွေသာလျှင်
မျက်မမြင် တာများ။
ကိုယ့်ကိုယ်ကို အခြေမပျက်မှ
တိုးတက် နိုင်သား။ ။
" သစ်ရိပ်ညို "
အစွန်းတွေ နှစ်ဖက်ကြား
ခေါင်းအုံးလို့ ထားရတာ
မလွယ်လှပါ။
အမှားနဲ့ အမှန်ဟာ
အချိန်မှာ အဖြေရှိ။
ကောင်းလျှင်တော့စံ
ထိပ်ထိခံ ရလေမှကွယ်
ဓားပြ မှန်းသိ။ ။
တွေးကြည့်တတ်သူများကတော့
အပ်သားကြောင်း သန္ဓေသည်
ဘယ်က စတည်။
ဘယ်ဆီသို့ ရောက်လိမ့်မည်
ဘယ်ပုံသည် ဘယ်အချိုး။
နောင်အခါ သည်အချိုးက
ကောင်းဆိုး သိနိုး။ ။
သေသေချာ မြင်အောင်ကြည့်ကြပါဗျ
သတိမူမှ ဂူမြင်ဖွယ်။
ကိုယ့်ဆန္ဒ ကိုယ့်အကြိုက်ကို
လိုက်ကြနဲ့ ကွယ်။
မှားသွားတော့ ရှက်စဖွယ်
စောင့်ကြည့်ကွယ် ရလာဒ်။
တည်တည်ငြိမ် ဘဝလမ်းကို
တစ်လှမ်းခြင်း မှတ်။ ။
ပညာတွေ သင်ယူထားတာ
အလကား မဖြစ်စေချင်။
ထောင့်ပေါင်းစုံ ချင့်တွက်လို့
အကွက် မြင်မြင်။
ဥာဏ်မရှိ သူတွေသာလျှင်
မျက်မမြင် တာများ။
ကိုယ့်ကိုယ်ကို အခြေမပျက်မှ
တိုးတက် နိုင်သား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment