ရှေ့သွားနောက်လိုက်ညီပါစေ

" ​ရှေ့သွား ​နောက်​လိုက်​ ညီပါစေ "

ဦး​နှောက်​နဲ့ ခန္ဓာကိုယ်
မလို သည့်​ တိုက်​ပွဲ။

ဘယ်​သူနိုင်​ ဘယ်​သူရှုံးရှုံး
သုံးစား မရဘဲ။ ။

ဘဝကံ သင်​ယခု
ဘာပြုရင်​ ​ကောင်းလိမ့်​မယ်​။

သင့်​ကိုယ်​သင်​ အထင်​ကြီးလျှင်​​တော့
ထန်းသီးပိုက်​ ​မျောက်​နှယ်​။

ထန်းသီးမှည့်​ ​မွှေးရှာတယ်
ကျွေးရင်​ကွယ်​ ​မျောက်​မစား။

အချိန်​ကုန်​ ကံရုပ်​ဆိုးလျက်
ကျိုးနည်း မယ်​ဗျား။ ။

ဦး​နှောက်​ဥာဏ်​ ရှိစဉ်​တုန်းခိုက်
အားစိုက်​ပါ့ ခန္ဓာရယ်​။

ခန္ဓာကိုယ်​ အကျိုးများ​အောင်
ရိုးသားကွဲ့ ဥာဏ်​ရယ်​။

သက်​ရှည်​ လို့ ချမ်းသာ ဖွယ်
ကျင့်​ပါကွယ်​ ​ကောင်းစိတ်​​မွေး။

စိတ်​ ခန္ဓာ နာမ်​ အချုပ်​ ကို
ထိန်းအုပ်​ ကွဲ့လေး။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်

သံခိပ်