ဆောင်းရောက်သော်

" ​​​ဆောင်း​​ရောက်​​သော်​ "

စန္ဒကူး ​ဂေါ်သဇင်​။

သင်းထုံ ပျံ့လွင်​။

မြိုင်​ယံတွင်
ပန်း​တော်​ဝင်​ တင့်​ဆန်း။

နတ်တော်ရာသီ ဓနု မှီ၍
မိဂသီ နက္ခတ်​စန်း ယှဉ်​လို့
ပွဲနတ်​လမ်းစဉ်​ မဟာပိန္နဲ​ ပေမို့
လေးစွဲသည့်​ ​ယောက်ျားသဏ္ဍာန်
ရာသီခံ ရာသီရုပ်​ ကယ်​နှင့်
ထုတ်​နုတ်​ မှတ်​တမ်း။ ။

"​ တောထွက်​ပြီ "

ဆူသံ ပူသံ ဆိုမှဖြင့်
လူသံ​တောင်​ မကြားချင်​​ပေါင်​။

ဆောင်း​ဟေမန်​ အကြို​အထောက်
မြောက်​ပြန်​​လေ ​ဆောင်​။

မျှော်​လင့်​စိတ်​ အရိပ်​အ​ယောင်
အောင်​​နိဗ္ဗူ ​ရွှေပြည်​နန်း။

မြတ်​တရား မယွင်းမှန်​စွာပါ့
မြတ်​စကား အရင်းခံပါလို့
သပိတ်​ခံ ​မြိုင်​ယံအပါးဝယ်
နားခို စံမြန်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး