ကြွေအံ
" ကြွေအံ "
လောင်းကစား ဝိုင်းထိုင်
ဒိုင်က ပိုင်းလုံး။
အတွင်းလူ သစ္စာဖောက်တော့
ပေါက်ကောင် ပေါ်ရှုံး။
ပြောတုန်းက ပိုလွန်းဆို
နှုတ်လျှိုလို့ မထား။
ခုနေတွင် အဆင်လွဲတော့
ကွဲပေါ့ ဟုတ်လား။
ဘယ်အဆင် ဘယ်အခက်
ဘယ်လက်ဖြင့် သင့်သား။
ထင်အမြင် အမှတ်မှားတော့
မှားပြီးရင်း မှား။
ခေါင်းပုံ မဖြတ်ကြသော်လည်း
ခေါင်းပုံ ချထား။
လက်အဖျင်း အနုံများကိုမှ
အားကိုး လျက်သား။
ကြွေတစ်လှည့် ကြွက်တခုန်
အရေခြုံ လွှာပါး။
လူကိုယုံ ကုန်အောင်ထောင်းသည့်
အလောင်း အစား။ ။
" သစ်ရိပ်ညို "
လောင်းကစား ဝိုင်းထိုင်
ဒိုင်က ပိုင်းလုံး။
အတွင်းလူ သစ္စာဖောက်တော့
ပေါက်ကောင် ပေါ်ရှုံး။
ပြောတုန်းက ပိုလွန်းဆို
နှုတ်လျှိုလို့ မထား။
ခုနေတွင် အဆင်လွဲတော့
ကွဲပေါ့ ဟုတ်လား။
ဘယ်အဆင် ဘယ်အခက်
ဘယ်လက်ဖြင့် သင့်သား။
ထင်အမြင် အမှတ်မှားတော့
မှားပြီးရင်း မှား။
ခေါင်းပုံ မဖြတ်ကြသော်လည်း
ခေါင်းပုံ ချထား။
လက်အဖျင်း အနုံများကိုမှ
အားကိုး လျက်သား။
ကြွေတစ်လှည့် ကြွက်တခုန်
အရေခြုံ လွှာပါး။
လူကိုယုံ ကုန်အောင်ထောင်းသည့်
အလောင်း အစား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment