ပညာဆီမီး

" ပညာဆီမီး "

တည်​ငြိမ်​စွာ ဣ​နြေ္ဒရ
လင်းလှတဲ့ ဖ​ယောင်းတိုင်​။

လေအလာ တစ်​ခါ​ဝှေ့
ဝေ့ဝိုက်​လို့ ယိုင်​။

ယိမ်းနွဲ့လှုပ်​ တယိုင်​ယိုင်
ဖ​ယောင်းတိုင်​ ဆီမီး။

လေ လားရာ အစဉ်​လိုက်
ယိမ်းငိုက်​ သည့်​မီး။ ။

မီးအပူ ဆီ​ငွေ့ကြိုက်
သည်းလှိုက်​ဖြာ ဖြာ။

ဖြတ်​သွားရာ ဓာတ်​ဆီ​ငွေ့
တွေ့လိုက်​သည့်​ အခါ။

ဖ​ယောင်းတိုင်​ မီးစဟာ
ဆီရှိရာ ယိုင်​သွား။

ဝုန်းကနဲ မွေ့ကာလိုက်​လို့
လောင်​မြိုက်​​ စေသား။ ။

မကြိုက်​တာ ​ရှောင်​တိမ်းလျက်
ကြိုက်​သည့်​ဘက်​ လိုက်​ယိုင်
ဆီမီး စိတ်​ မခိုင်​။

အကြိုက်​မှာ တစ်​ခါယိုင်
လောင်​မီးပြိုင်​ ဆင့်​ကဲ။

ပညာဆီမီးတိုင်​မှာဖြင့်
မပြီးနိုင်​ ​လောင်​မြိုက်​ရင်းကွယ်
လင်းလက်​ ​နေမြဲ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်