ဒိဋ္ဌိသုံးမျိုး

" ဒိဋ္ဌိ သုံးမျိုး "

အမရာအတွက် ငါးဖမ်းခက်သလိုပါ့
ဘယ်အယူကံကျိုး အယူမျိုးလည်း အပြောခက်။

ပေးသည့်တရား ကျင့်ကြံပွားကြပါမှသာ
လာဘ်လာစ်ီးပွား မြတ်ဘုရားလည်း မလုပ်နိုင်။
(အမရာဝိက္ခေပဒိဋ္ဌိ)

မကောင်းမှုကံ ကောင်းမှုကံတို့ကို
ပြုလုပ်နိုင်သူ မည်သူမျှလည်း မရှိနိုင်။
(ကမ္မဿ ကာရကော နတ္ထိ)မှ
(ကမ္မဿ ကတသမ္မာဒိဋ္ဌိ)သို့

ဝိဇ္ဇာ ဇော်ဂျီ တပဿီရယ်​နှင့်
ဘိုးတော် သိကြား နတ်များလည်း မပေးနိုင်။

အထက်လမ်းဂိုဏ်း အောက်လမ်းဂိုဏ်း​တွေနှင့်
ဂိုဏ်းဂဏထား စီးပွားလည်း မဖြစ်နိုင်။

အထက်လမ်း အကျိုးမြဲပါလို့
အောက်လမ်း အကျိုးမမြဲဟူသည်
(ဧကစ္စသဿတ ဒိဋ္ဌိမို့ပဲ)
လောကငရဲ ဝဲလည်လည်။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်