နက်ဖြန် လာဘူးကွာ

" နက်​ဖြန်​ လာဘူးကွာ "

တဟူးဟူး ​လေပြည်​။

နူးပြန်​​ရော့ပြီ။

ဥာဏ်​ပလီ ဒီ​ဆောင်း။

ဖေါ်ကွာသူ ကလူလျက်​ကယ်
နှင်းစက်​ ရည်​​လောင်း။ ။

လေညင်းက တစီစီ။

မှုန်​ပြာရီ ချမ်းမြမြ
လေးလ ရာသီ။

တလင်း​မြေ ညီညီ
ညတာရှည်​ သည်​​ဆောင်း။

ပုဆိုးခြုံ မီးပုံ​ဘေးမှာ
ကွေးလျက်​ စက်​လျောင်း။ ။

မောင့်​ချစ်​သူ မိခင်​​ထွေးရယ်
တွေးကြည့်​​ပေါ့​ နော်​။

ကိုရင်​​မောင်​ ​ဆောင်း​လေ​အေး​ကြောင့်
မှေးစက်​​ မ​ပျော်​။

မြောက်​ပြ​န်​လေ ​ရိုက်​ဆော်
ဖော်​ကွာတဲ့ လယ်​​စောင်း။

ချမ်း ... တုန်​တုန်​ရီရီ
စုံနှစ်​လီ နှစ်​ကိုယ်​​ထွေးပါမှ
နွေးမည့်​ သည်​​ဆောင်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်