မြန်မာပြည်သူအပေါင်းတို့ခင်ဗျာ
" မြန်မာပြည်သားအပေါင်းတို့ ခင်ဗျာ "
သူရဲကောင်း ဟာ
စစ်ပွဲမှာမှ ထွန်းပေါ်တယ်။
အာဇာနည် ဟာ
တိုင်းပြည်အပျက်မှာ ထွန်းပေါ်တယ်။
တို့တိုင်းပြည်မှာ
သူရဲကောင်း ဆိုတာတွေ အများကြီးပဲ။
အာဇာနည် တွေလည်း အများကြီးပါပဲ။
စစ်သူရဲကောင်းတွေ ပေါများသလို
မျိုးချစ် သူရဲကောင်း တွေလည်း ဒုနဲ့ဒေး။
သာသနာ့ သူရဲကောင်း တွေလည်း တိုင်းလုံးပြည်တောင်လိုမောက့်ပါ။
ပြည်ချစ်စစ်သား အာဇာနည် တွေကြွယ်ဝချမ်းသာ။
မျိုးချစ် အာဇာနည် တွေလည်း အပြည့်အဝရှိ။
သာသနာ့ အာဇာနည် တွေလည်း
လျက် ရှိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ
အမျိုး ၊ ဘာသာ ၊ သာသနာ ၊ စာပေ ၊ ယဉ်ကျေးမှု
မြန်မာ့ကျောရိုးကို အထိအခိုက် အပွန်းအရှ မခံပဲ
ကာကွယ် စောင့်ရှောက်မယ့် သွေးသစ်လူငယ် တွေ
မွေးထုတ်နေတဲ့ မြန်မာနိုင်ငံတော်ကြီးပါ။
မှိုတွေပေါ်ပေါက်လာ
အမျိးဖျက် ၊ ဘာသာဖျက် ၊ သာသနာဖျက် ၊ စာ
ပေဖျက် ၊ ယဉ်ကျေးမှု ဖျက်ဖို့ ကြိုးစားနေသူတွေ
ဘယ်လို ဘယ်လောက်ပဲ စည်းရုံးစည်းရုံး ဘယ်
လိုပဲ သွေးထိုးသွေးထိုး သူရဲကောင်း အသစ်
အသစ်တွေ အာဇာနည် အသစ်အသစ်တွေ
အချိန်နဲ့အမျှ အချိန်ကိုက်
သလို မြန်မာ့မြေမှာ မြန်မာလူမျိုးစုတွေ ရှိနေသရွေ့
ကမ္ဘာမကျေ သီချင်းနဲ့အတူ နိုးထလာ နေကြမှာပါ။
ဪ ကမ္ဘာ မကျေ သီချင်းကို ဗားရှင်းပြောင်း
စာသားပြောင်း သံစဉ်ပြောင်း ဖျက်သိမ်း အစား
ထိုး မခံရသေးခင် တစ်နေ့အထိ ပေါ့လေ။
အစဉ် ထာဝရ ရိုသေလေးစား ချစ်ခင်မြတ်နိုး
လျက်ပါ
သံဃာတော် အရှင်သူမြတ်များခင်ဗျာ။
နိုင်ငံ့သားကောင်း စစ်သည်တော်များခင်ဗျာ။
မြန်မာပြည်သားအပေါင်းတို့ ခင်ဗျာ ။
သူရဲကောင်း အာဇာနည် တိုင်းဟာ ရေမြေကို
အစိုးရကုန်သော သာသနာ ကိုအစိုးရကုန်သော
သမာဒေဝ နတ်ကောင်းနတ်မြတ်တွေ ဖြစ်ကြပြီး
ဆန့်ကျင် ဖက် တွေကတော့ နတ်ဆိုး ဖုန်းဆိုး
အာကာစိုး ရုက္ခစိုး မျာရယ်လို့ ရင်ထဲမှာ ပုံပေါ်
ခံစား လာရပါတယ်။
နှစ်ဘက်စလုံးမှာ မိမိအပါအဝင်
သားလည်း ဖြစ်လာနိုင်တယ် ။
သမီးလဲ ဖြစ်သွားနိုင်တယ်။
အမျိုးအဆွေမှာလဲ ဖြစ်ပေါ်လာနိုင်တယ်။
အာဇာနည် သူရဲကောင်း တွေ ဖြစ်လာသလို
အသားထဲက ထွက်လာမယ့် လောက်ကောင်
သစ္စာဖောက်တွေအဖြစ် စုန်းကဝေ အပူးခံရ
သလို မကောင်းမှု ရောဂါတွေ စွဲကပ် လာနေမှာလည်း အသေအချာပါပဲ။
အမှောင် ခွင်းလို့ အလင်းဆောင်နိုင်ရင် တိုင်းပြည်
လူ့ဘောင် သာယာဝပြောလာမှာ အမှန်ပါပဲ
ခင်ဗျာ ။
မြန်မာ ပြည်သူပြည်သား အပေါင်း
ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
အစဉ်လေးစားချစ်ခင်လျက်
" သစ်ရိပ်ညို "

Comments
Post a Comment