သစ္စာစကား

" သစ္စာ စကား "

လောက ဗျူဟာ ၊ ​နေစကြာ ဝယ်
ကမ္ဘာ ပျက်​သုဉ်း ၊ ​ရေ​မြေဆုံး ​တော့
သက်​လုံး ခင့်​ကို ချစ်​မယ်​ပျို။

မလို မတရား ၊ ပါကွက်​သား နှင့်
ပြုစား အာဏာ ၊ သတ်​ဖို့ ရှာလည်း
မခွာ ခင့်​နား ခစားမယ်​။

ကမ္ဘာ ဆယ်​သိန်း ၊ ​နေတစ်​သိန်း တိုင်
မယိမ်း မယိုင်​ ၊ ချစ်​မဏ္ဍိုင်​ လျှင်
ခိုင်​ခိုင်​ မြဲမြဲ ချစ်​မယ်​ခင်​။

မြိုင်​​တော ကန္တာ ၊ ​မေသွားရာ သို့
မြေလွှာ မခြား ၊ ​မောင်​ခစား ရင်း
ဖဝါး မခွာ ​စောင့်​​ရှောက်​မယ်​။

မိုး​ ရွှေပဇ္ဇုန်​ ၊ ဝဠာဘုံ ဝယ်
ကု မ္ဘာဏ်​ ယက္ခ ၊ ဖြိုးခွင်း ရလည်း
ခင်​က ခိုင်းလျှင်​ တိုက်​မယ်​ခင်​။

ဪ..

အမျိုးကို ဖျက်​ ၊ ဘာသာ ပျက်​မှ
ခင့်​တွက်​ သာယာ ၊ ရှိလာပါ က
မကြာ ခင့်​အား ၊ ​ကျေမွ သွား​အောင်
ရိုးသား မချန်​ ၊ ထိုးဆိတ်​ လှန်​မည်
သေရန်​ အသင့်​ ပြင်​​တော့ ခင်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်