မျိုးဂုဏ်ရောင်တောက်ကြွား
" မျိုးဂုဏ်ရောက် တောက်ကြွားရာ "
စခန်းအဆင့်ဆင့်
တင့်ကြတဲ့ လူ့ပြေရွာ။
ခုနေခါ တက်မထိမ်းပါက
ပျက်ယိမ်းနွဲ့ သိက္ခာ။
ကမ်းလင့်တော့ အမှုဖြာ
လူ့ပြေရွာ ခက်သား။
တောင်ယံမှာ အောင်လံစိုက်သလို
သောင်းထိုက် ကကြား။ ။
ကောင်းဖို့ရယ် ရွယ်ရည်စူးလို့
တွယ်ခူးစို့ တက်သစ်ဆင်
ဖေးမ ဖို့ပြင်။
တွေးဆလို့ စိတ်ကြည်ရွှင်ဖွယ်
ထိန်းစေချင် ရင်ထဲ။
နောင်သားတို့ ညီကိုတွေပင်
သီဆိုလေ သံပြိုင်ဟစ်ကာ
ခေတ်သစ် ဆင်နွဲ။ ။
မျိုးဘာသာ သာသနာအကျိုး
မျှော်ကိုးလို့ စောင့်စေလျှင်
အားဖြည့်ဖို့ အစဉ်။
များသိတဲ့ တို့ပြေတွင်
ဗုဒ္ဓဝင်မှတ်တမ်း။
သာသနာ ရောင်ဝါဝင်းလျက်
ရန်ကင်း အောင် နေပြည်တော်
ရွှေစည်ဆော် ပြည်တော်သွင်းတယ်
ကွင်းပြည့် ခမန်း။ ။
" သစ်ရိပ်ညို "
စခန်းအဆင့်ဆင့်
တင့်ကြတဲ့ လူ့ပြေရွာ။
ခုနေခါ တက်မထိမ်းပါက
ပျက်ယိမ်းနွဲ့ သိက္ခာ။
ကမ်းလင့်တော့ အမှုဖြာ
လူ့ပြေရွာ ခက်သား။
တောင်ယံမှာ အောင်လံစိုက်သလို
သောင်းထိုက် ကကြား။ ။
ကောင်းဖို့ရယ် ရွယ်ရည်စူးလို့
တွယ်ခူးစို့ တက်သစ်ဆင်
ဖေးမ ဖို့ပြင်။
တွေးဆလို့ စိတ်ကြည်ရွှင်ဖွယ်
ထိန်းစေချင် ရင်ထဲ။
နောင်သားတို့ ညီကိုတွေပင်
သီဆိုလေ သံပြိုင်ဟစ်ကာ
ခေတ်သစ် ဆင်နွဲ။ ။
မျိုးဘာသာ သာသနာအကျိုး
မျှော်ကိုးလို့ စောင့်စေလျှင်
အားဖြည့်ဖို့ အစဉ်။
များသိတဲ့ တို့ပြေတွင်
ဗုဒ္ဓဝင်မှတ်တမ်း။
သာသနာ ရောင်ဝါဝင်းလျက်
ရန်ကင်း အောင် နေပြည်တော်
ရွှေစည်ဆော် ပြည်တော်သွင်းတယ်
ကွင်းပြည့် ခမန်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment