တို့တောသူ

" တို့တောသူ "

ပန်ရွယ်ဖို့ ခူးခြွေယူ
စံပယ်ဖြူ ပွင့်ဦး
ပွင့်ခက်ညှာ ကေသာထက်မှာ
တွယ်လျက်ပွင့်ဖူး။

ပါးထက်မှာ သနပ်ခါး
ခပ်ပါးပါး လိမ်းသချယ်
ကော့မှူးမျက်သွယ်
ကြော့ကြော့စွင့် ရင်ချီတယ်
ခြေဆင်းဝယ် ဖြောင့်တန်းလို့
ကုဋေတသန်း ခြေလှမ်းအမ
ဖွသီကြွ မြန်း။

တစ်​ခေါ်ဆို မျှော်တထောက်
ခြေလျှောက်သည့် သူ့ဟန်ပန်
ကော့ညွှတ်လို့ပျံ။
ရွှေနန်းနှင့် လွန်ထိုက်တန်
ပင်ကိုယ်ဟန် ကျော့ရှင်းသည်
လှသွေးမြှူ ဖြူလွှပုံက
ရူပါရုံ တကယ် မက်ဖွယ်
ရှက်မူနွဲ့ဆင်း။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်