မျက်ဝန်းလဲ့ညိုညို

" မျက်​ဝန်းလဲ့ညိုညို "

နတ်​ပန်းချီ ​ငိုင်ေ​တွငေး
ဆေး​ရေးလို့ ဘယ်​မမီ
ရွှန်းစ ဟန်​ချီ။
မျက်​ဝန်းလဲ့ ညိုပြာရီ
ဝေသီသီ ညှို့​စွေး။
မျက်​လွှာ​ပင့်​ စုံပွင့်​အံ
ကော့ညွှတ်​ပျံ ​တောင်​ပံခတ်​တယ်
မိုးနတ်​ မယ်​​လေး။ ။

ရယ်​​နေပုံ ပီတိလူး
ရယ်​ဖူးသူ ဘယ်​မမီ
ရွှန်းမြ ပြီတီ။
သိမ့်​သိမ့်​ငယ်​ တည်​တည်
မယ်​မဒီ မှိုင်​​ငေး။
နှလုံးကြည်​ ဝွမ်းဆီအိနှယ်
ထိမိ ရယ်​​သွေး။ ။

အ​ပြော ဆိုရင်​ဖြင့်
တ​ယောပင်​ ရင်​ခံ ရဲ့ဆို
ငိုသံနှင့်​ ရယ်​ဟန်
ခွန်းသ ကြည်​ပြန်​။
နားစည်​ဝ ချိုမြသံ
မွေးညင်းတံ အိ​ထွေး။
ဩဇာတည်​ ပီပီသမို့
ကြားခဲလိမ့်​ ​လေး။ ။

လမ်း​လျှောက်​ပုံ တုန်​အသား
အိထွားနု တည်​ငြိမ်​စွာ
ဆင်​မ ယဉ်​သာ။
လှမ်းအကြွ ​ခြေတံမှာ
ညီညာစွာ ​ဖြောင့်​စင်း။
စည်းချက်​ညီ ရင်​ချီမ တယ်
လှလိုက်​​ လေခြင်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်