ခပ်စူးစူးနာ
" ခပ်စူးစူးနာ "
မေတ္တာဝေ ဂဟေဆက်လို့
ဖွေဆက်မိ ယိမ်းအမူ။
ချစ်စာခွေ အနေခက်ပြန်ပေါ့
စေရက်၏ စိမ်းသူ။
သွေဖျက်သည့် တိမ်းရှောင်သူရယ်
ထိန်းကြည်ဖြူ ပန်ကြား။
ဟိုယခင် မောင်ရေ " ဗျာ " ဟု
ပင်ညောင်ရေ စေတီဦးမှာ
ထူးခဲ့ သော် ငြား။ ။
ရှေ့သစ္စာ သည်စကား တွေက
မှတ်သားရ လွယ်လွယ်။
အကိုရေ မောင်ရေ ရှင်ရေ
ဘယ်ဘယ်လိုပင် သွေး ပေမယ့်
ခပ်ရေးရေး ပျယ်။
ထပ်ကြားဖို့ဖြင့် တယ်မလွယ်
ငယ်ရွယ်စဉ် အချိန်လေး။
ခုနေများ တစ်နယ်စီပေ
အချိန်တွေ ပြန်စီရွှေ့ ပါလို့
(ကွယ်..)
တွေ့လိုက်ချင် သေး။ ။
" သစ်ရိပ်ညို "
မေတ္တာဝေ ဂဟေဆက်လို့
ဖွေဆက်မိ ယိမ်းအမူ။
ချစ်စာခွေ အနေခက်ပြန်ပေါ့
စေရက်၏ စိမ်းသူ။
သွေဖျက်သည့် တိမ်းရှောင်သူရယ်
ထိန်းကြည်ဖြူ ပန်ကြား။
ဟိုယခင် မောင်ရေ " ဗျာ " ဟု
ပင်ညောင်ရေ စေတီဦးမှာ
ထူးခဲ့ သော် ငြား။ ။
ရှေ့သစ္စာ သည်စကား တွေက
မှတ်သားရ လွယ်လွယ်။
အကိုရေ မောင်ရေ ရှင်ရေ
ဘယ်ဘယ်လိုပင် သွေး ပေမယ့်
ခပ်ရေးရေး ပျယ်။
ထပ်ကြားဖို့ဖြင့် တယ်မလွယ်
ငယ်ရွယ်စဉ် အချိန်လေး။
ခုနေများ တစ်နယ်စီပေ
အချိန်တွေ ပြန်စီရွှေ့ ပါလို့
(ကွယ်..)
တွေ့လိုက်ချင် သေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment