သုံးဆယ့်တစ်ဘုံ

" သုံးဆယ့် တစ်ဘုံ "

ဇာတိ ဒုက္ခ ၊ သစ္စာ ပြသည့်
ဗြဟ္မာ့ နှစ်ဆယ် ၊ နတ် ခြောက်သွယ်နှင့်
လူရယ် တစ်ဘုံ ၊ သုဂတိ ဘုံဟု
ပွားဟုန် များစွာ ၊ သုဂတိ ရွာတည့်။

ငရဲ ဒေါသ ၊ မောဟ တိရိစ္ဆာန်
မှန်စွာ လောဘ ၊ ပြိတ္တာ မှတ်ရှင့်
လေးရပ် အသူရကာယ် ၊ လောဘ နယ်ထဲ
အပါယ် လေးဘုံ ၊ ဒုဂ္ဂတိ ဘုံတည့်။

သုဂတိ နှစ်ဆယ့် ခုနစ် ရဲ့ဘုံ
သုံးဆယ့် တစ်ရွာ ၊ မှီတင်း ကာဖြင့်
အိုနာ သေဘေး ၊ မကင်း သေး၍
ရင်ဆွေး ဒုက္ခ ၊ သစ္စာ ပြသော
ဘဝ စံအိမ် ၊ ယာယီအိမ်တည့်။

လေးရွာ ဒုဂ္ဂတိ ၊ မီးအပူ မိသည့်
ဝိစိကိစ္ဆာ ၊ ဒိဋ္ဌိ ရွာတွင်
အောက်မှာ အမြဲ ၊ နေအိမ် ပဲဟု
ငရဲ လေးဘုံ ၊ အပါယ်ဘုံ၌
မီးဟုန် ပတ်လည် ၊ အပြောကျယ်တည့်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်