ရှစ်ပါးမဂ္ဂင်

" ရှစ်ပါး မဂ္ဂင် "

သမ္မာဒိဋ္ဌိ ၊ အကောင်းမြင်ကြည့်ရာ
သမ္မာသင်္ကပ ၊ ကြံစည်ကြတည့်။

သမ္မာဝါယမ ၊ အားထုတ်ကြရာ
သမ္မာသတိ ၊ အောင့်မေ့သိလို့
သမ္မာသမာဓိ ၊ တည်ကြည်ရှိစေ။

သမ္မာဝါစာ ၊ ကောင်းစွာပြောပါ
သမ္မာကမ္မန္တ ၊ ပြုလုပ်မှသာ
သမာအာဇိဝ ၊ အသက်မွေးလှ၏။

ပဒုငါးပါး ၊ ရှုဥာဏ်တရားဟု
ပွားရှုခုံမင် ၊ ဥာဏ်မဂ္ဂင်မို့
ပညာနှစ်ပါး ၊ ပထမထား၏။

သမာဓိမဂ္ဂင် ၊ သုံးပါးတွင်မူ
ဒုတိယထား ၊ ပေါင်းငါးပါးတည့်။

သီလမဂ္ဂင် ၊ သုံးပါးယှဉ်၍
တတိယပြား ၊ စုပေါင်းငြားက
ရှစ်ပါးမဂ္ဂင် ၊ သိဒ္ဓိမြင်သည်
ကျင့်စဉ်သိထိုက် ကြပါကုန်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး