ဖေ့သားငယ်ရွယ်သော်မှ

" ဖေ့သားငယ် ရွယ်သော်မှ "

အူဝဲအော် ငယ်သော်မှ
ချစ်ခဲ့ရ အဖုံဖုံ
နှစ်သက်လှ တတ်မျိုးစုံစေ
တီတာပုံ တကယ် ချစ်စွာမို့
ချီပွေ့လို့ ချော့မြှူကြွားတယ်
ဒါမှဖေ့သား။

ပုခက်နား တပါးမစေ
မနားစေ ခြင်ယင်မှက်တို့
နှင်ခြောက်လျက်ပေ
ထောင်ထားတဲ့ ခြင်ထောင်တွင်းလေ
အိပ်ကာနေ ချစ်သားရဲ့
နုသွေးငယ့် အသားလှတွေ
လှပါစေ ဖေ့သား။

မေမေရေ နို့ချိုတိုက်ပါကွဲ့
ထိုက်တန်တဲ့ အဟာရဆို
ကြွေးပါလှဲ့ ဖေ့သားကို
နုထွားလှ သားမူပို
စိတ်လက်လို တကယ်စားမှ
အင်းအားရ မျက်စဉ်းလာလို့
တေးကဗျာ သီဆိုသိပ်မယ်
အိပ်ပါကွဲ့သား။

ငယ်သွေးနု သဘာဝ
နေလာရ စိတ်လက်လို
လွတ်လပ်လို့ မျက်နှာချို
အီးကယို အနှီးထဲ
သေးစိုစို တကယ်ထဲသာမို့
အထည်လဲ အသစ်သာပို
ကျောရင်ကို မစိုစေ့အောင်
သွေ့ခြောက်စေသား။

မျက်လုံးညို ကြည်သာလက်လို့
ရီနေချက် ခွက်ခွက်လန်
ကော့လိမ့်လို့ပျံ
လူလေးရဲ့ အားရသံ
အိမ်မှာညံ ဝံ့ကာကြွားမြဲ
ဆည်းလည်းသံ လွင့်ပျံ့စွာက
ဖေ့ရင်မှာ ပီတိရွှမ်းဖွယ်
နမ်းလိုက်ချင်သား။

စာစကား တတ်သိဖွယ်
နာကြားကွယ် ဖေ့စကား
ဒီအရာ အပူမီးကွဲ့
ဒီအရေး ရွှံ့ညွှန်သာ
ဒီဟာက မစင်ဖတ်
ဒီဆူးကို ရှောင်ကာကွင်းစေလို့
လွန်သန့်ရှင်း သားလှကို
မငြိတွယ် ရှောင်ပါလားကွဲ့
ဖေ့မောင်ချစ်သား။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်