ပန်းအလှူ

" ပန်းအလှူ "

ကြာနွယ်​ရိုး ချိုးချင်​။
တစ်​ငင်​ပြီး တစ်​ငင်​။
ဘုရားစင်​ တင်​ဖို့အရိုး ကို
ပန်းအိုးမှာ ထိုး။ ။

" ချစ်​တယ်​ "

ရွှေရင်ဝယ်​ လှုပ်​ခါ။
သံ​ယောဇဉ်​ ဖြာ။
မောင်​မလာ ​မေ​မျှော်​​ရော့ တယ်
လွမ်းလှပြီ​ပေါ့။ ။

" ​ပေါ့​ပေါ့ပါးပါး "

စိုးစိုးငယ်​ စီစီ။
သံသာသာကြည်​။
စာ​ကလေး ​တေးသီတယ်
အော်​မြည်​သံကြား။
တိမ်​ပန်းချီ ​နေခြည်​​ဦးမှာ
မြူးလွင့်​ပျံသွား။ ။

" ချစ်​လက်​​ဆောင်​ "

တစ်​ရွာကူး
ချစ်​ဖူး​ငယ်​ ရွှေအိမ်​စည်​။
ရွာဝင်​လမ်းဆီ။
ဆောင်​လာသည်
ဇာခြည်​​ရွှေယွန်း။
ပန်းရစ်​နွယ်​ အဆင်​ခက်
မေ့တွက်​ ရည်​ညွှန်း။ ။

" ​တလင်းနယ်​ချိန်​ "

ရော​င်​ပြန်​စို
နေညို​ညိုဆောင်း။
ကောက်​သစ်​လှ စပါး​ရွှေ ​​​တို့
ဖြိုး​ဝေ ညို​မောင်း။ ။

" စပါး​ရွှေရည်​ "

မို့မောက်​ကယ်​ ​ရွှေ​တောင်
ပုံ​ဆောင်​ငယ်​ ​ရွှေသီး။
တို့လယ်​ခွင်​ လယ်​သမားတို့
အားရလဒ်​တည်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး