ရေးလို့ကုန်နိုင်ဖွယ်

" ​ရေးလို့ကုန်​နိုင်​ဖွယ်​ "

လင့်​ ဝတ္တရား ၊ ထို ငါးပါး ကို
မယား အလှ ၊ ချစ်​ မဝ သည့်
နှမ ကညာ ၊ ​ကျေပွန်​ ပါသည်
လွန်​စွာ ​ကျေနပ်​ မိပါ ၏။

အရုဏ်​ အထွက်​ ၊ တုံ အတက်​ တွင်
နံနက်​ မိုး​သောက်​ ၊ ​ဆောင်းဦး​ ပေါက်​လည်း
တောက်​​လျောက်​ မနား ၊ အလုပ်​ များဖြင့်
မအား နိုင်​ပေ ​လုပ်​ရှာ ၏။

ထို့ပြင်​ တဝ ၊ မြတ်​ဗုဒ္ဓ ၏
ဆုံးမ ဂါထာ ၊ အဖြာဖြာ ကို
စီကာ ပတ်​ကုံး ၊ မြတ်​ နှလုံး နှင့်
သီကုံး ရွတ်​ဆို ​လေ့ ရှိ၏။

သ​ဗ္ဗေ သတ္တာ ၊ ​ဝေ​နေရာ လျှင်
ချမ်းသာ သုခ ၊ ​ပေး​ဝေ ငှလျက်
ရကြ​ စေ​ကြောင်း ၊ ဆုမွန်​​ တောင်း​သော်
နှစ်​​ထောင်း အားရ ရှိလှ ၏။

သားကို သခင်​ ၊ လင်​ကို ဘုရား
မယား ဇနီး ၊ သူ့ အနီး တွင်
သမီး ကညာ ၊ ယှဉ်​ မကွာ လျက်
လိုရာ ဆုံးမ နည်းပြ ၏။

တစ်​ခြား တစ်​ပါး ၊ မင်း​ယောက်ျားကို
လားလား မဆွ ၊ စကား စပင်
ခရ မသီ ​၊ တန့်​တန့်​တည်​ လျက်
ရည်​မွန်​စကား ​ပြောတတ်​ ၏။

မိသားစု မှာ ၊ စိတ်​ချမ်းသာ ဖို့
လိုရာ လှည့်​ပတ်​ ၊ စကား တတ်​သည့်
ဖြတ်​ ဖိ ဖုံး ဖာ ၊ ကြည်​လင်​စွာ ဖြင့်
သာယာ ဖို့​ရေး ​ဖေးတတ်​ ၏။

ဝန်းကျင်​ နှစ်​ဝ ၊ နီး​ဝေး စသည့်
မျှတ လိမ္မာ ၊ အလုပ်​မှာ လျှင်
ပညာ သင်​ပြ ၊ ဆရာမ သည်
ကျ​နော့်​ မိန်းမ ဖြစ်​ပါ၏။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်