တစ်ဆောင်းသစ်ပြီနော်

" တစ်ဆောင်းသစ်ပြီ နော် "

တိမ်ခိုးတွေ မှိုင်းဝေလို့ ရစ်ဆိုင်း။
ကမ်းပါးယံ တောင်ပျံထက်မှာ
ပင့်တက်ရစ်ဝိုင်း။

မိုးမြင့်စံ တိမ်တမန် လွင့်မြူး။
နန်းမဉ္ဇူ တွယ်ယူလျက်ကွယ်
ရှိုက်မက် လွန့်လူး။

မြောက်လေပြည် နေခြည်သောက် စိမ့်အေး။
လွမ်းပန်းချီ မြူသီပက်သလို
ဆောင်းလှိုက် မြသွေး။

လယ်ယာမြေ ရောင်ဝါဖက် ပြန့်လူး။
စပါးအောင် ရွှေတောင်မောက်
ဝမ်းမြောက်လို့မြူး။

စိမ့်အေးလျံ ရေဟန်က သွဲ့ညင်း။
ကြည်စိမ်းကြည် နဒီတလျောက်
ဝင်းတောက်လို့ဆင်း။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး