မေတ္တာ
" မေတ္တာ "
မုန်းမှ ဟုတ်ပဲ ၊ လက်ခြင်း တွဲလျက်
သားလည်း ရှိတယ် ၊ ရန်စ ကြွယ်သည်
ဘယ်လို ပေါင်းစပ် ကြမလဲ။
နှစ်ပါး မိဘ ၊ သား ဘေးချ လျက်
မီးစ ရန်လို ၊ အမြဲ လိုပင်
မလို သဘော ၊ ရန်စ နှော၍
နေ့ရော ညပါ ရန်ဖြစ် ပါသည်။
ရန်ဖြစ် နေရင်း ၊ သားပျောက် ခြင်းကြောင့်
လက်ငင်း ခဏ ၊ မာန်ကို ချ၍
သားလှ ကိုသာ ၊ ခွဲလို့ ရှာရန်
နှစ်ဖြာ မိဘ ဆုံးဖြတ် ကြသည်။
မုန်းမီး မောက်မို့ ၊ မနှစ် မြို့ လည်း
ချစ်လို့ယူခဲ့ တာပါကော။ ။
" သစ်ရိပ်ညို "
" သင့်မြတ်ခြင်း "
ခါးမှာ ကြိုးချီ ၊ လည်ဆီ ကြိုးဆွဲ
ခိုင်မြဲ လေမှ ၊ ငါက ရှေ့ဆို
နောက်ကို သူသွား ၊ ငါကား ဘေးဘက်
စိတ်ကွက် မျက်ထွက် ၊ မနှစ်သက် သည်
ရှေ့ဆက် ဘယ်လို သွားမည်နည်း။
မုန့် တစ်ခု ရ ၊ တစ်ပိုင်း မျှစား
ရေ တစ်ခွက် ရ ၊ တစ်ငုံ မျှသောက်
တစ်ယောက် တစ်ဘက် ၊ သည်းခံ လျက်ဖြင့်
စိတ်ထွက် လျှော့စေ ၊ နားလည် ချေက
မျှခြေ ရှိကာ ၊ နေတတ် လာမည်
စာနာ ခြင်း၏ သဘောတည်း။ ။
" သစ်ရိပ်ညို "
" တိုင်းထွာခြင်း "
အနေ ကြာလာ ၊ ဇာတိ မှာပြ
ဇရာ ရတော့ ၊ စိတ်နေ ပေါ့ဆ
ကြော့ကြော့ နေရင်း ၊ လေး မတင်းတာ
သင်းနဲ့ ဘယ်လို ရှေ့ဆက်မယ်။
အိမ်ဦး မှာထိုင် ၊ စကား မြိုင်လျက်
မပိုင် ဝက်မွေး ၊ သူ့က တွေးလို့
အရေး ငါ့မှာ ၊ ကိစ္စ ဗျာပွေ
ပျာပျာ သလဲ ၊ လုပ်ရ ဆဲပင်
စိတ်ထဲ ဒေါသ ၊ နေရင်း မှဖြစ်
မနှစ်သက် လာ ၊ ရင်မှာ နာမိ
ဒါပေမယ့် လည်း ၊ သူရှိ ဆဲက
စိတ်ထဲ အားရ ရှိလှသည်။
" သစ်ရိပ်ညို "
" တရားရှာပြီ "
ဒုက္ခ ဒုက္ခ ၊ ဘဝ ဆိုတာ
ဒါငါ မဟုတ် ၊ အပုပ် မျှသာ
ချစ်တာ မရှိ ၊ မုန်းသိ မစေ
ငါလေ ဘယ်ကို လားမည်နည်း။
ခန္ဓာ ခဏ ၊ မမြဲ လှပေ
ဘဝ လူတွေ ၊ သေသူ သေပြီ
မသွေ ငါလည်း ၊ သေမှာ ပဲလေ
ရှိဆဲ ခဏ ၊ တရား ရဖို့
လမ်းပြ ဓမ္မ ၊ ငါရှာ လှပြီ
လောက လူ့ဘုံ သဘောတည်း။
" ခွဲကြရပြီ "
သူရှေ့က သွား ၊ ငါကား နောက်လိုက်
တစိုက် မတ်မတ် ၊ သေခန်း ပြတ်ဖြင့်
ရှေးပတ်သက် ရာ ၊ သာမန်သာ မို့
သေရွာ စခန်း ၊ ဘယ်သို့လှမ်းမည်။
ကောင်းမှု ကိုတွေး ၊ စိတ်အေး ချမ်းသာ
သင်္ခါရ ဝဲ ၊ ငါ စွဲ မထား
လှူအား ဆက်ဆက် ၊ စိတ်ထွက် ဒေါသ
လောဘ မောဟ ၊ လွန်လျှော့ ချ၍
ရသည့် ချိန်လေး ၊ တရား တွေးလို့
ရင်လေး မရှိ ၊ ငါနေ ဘိပြီ
စိတ်၏ ခန္ဓာ ၊ မခွာ ခင်လေး
ငြိမ်းအေး တတ်စွာ ၊ နေတော့ ပါမည်
ငါ့မှာ သက်ရှိ ရှိဆဲတွင်။ ။
" သစ်ရိပ်ညို "
မုန်းမှ ဟုတ်ပဲ ၊ လက်ခြင်း တွဲလျက်
သားလည်း ရှိတယ် ၊ ရန်စ ကြွယ်သည်
ဘယ်လို ပေါင်းစပ် ကြမလဲ။
နှစ်ပါး မိဘ ၊ သား ဘေးချ လျက်
မီးစ ရန်လို ၊ အမြဲ လိုပင်
မလို သဘော ၊ ရန်စ နှော၍
နေ့ရော ညပါ ရန်ဖြစ် ပါသည်။
ရန်ဖြစ် နေရင်း ၊ သားပျောက် ခြင်းကြောင့်
လက်ငင်း ခဏ ၊ မာန်ကို ချ၍
သားလှ ကိုသာ ၊ ခွဲလို့ ရှာရန်
နှစ်ဖြာ မိဘ ဆုံးဖြတ် ကြသည်။
မုန်းမီး မောက်မို့ ၊ မနှစ် မြို့ လည်း
ချစ်လို့ယူခဲ့ တာပါကော။ ။
" သစ်ရိပ်ညို "
" သင့်မြတ်ခြင်း "
ခါးမှာ ကြိုးချီ ၊ လည်ဆီ ကြိုးဆွဲ
ခိုင်မြဲ လေမှ ၊ ငါက ရှေ့ဆို
နောက်ကို သူသွား ၊ ငါကား ဘေးဘက်
စိတ်ကွက် မျက်ထွက် ၊ မနှစ်သက် သည်
ရှေ့ဆက် ဘယ်လို သွားမည်နည်း။
မုန့် တစ်ခု ရ ၊ တစ်ပိုင်း မျှစား
ရေ တစ်ခွက် ရ ၊ တစ်ငုံ မျှသောက်
တစ်ယောက် တစ်ဘက် ၊ သည်းခံ လျက်ဖြင့်
စိတ်ထွက် လျှော့စေ ၊ နားလည် ချေက
မျှခြေ ရှိကာ ၊ နေတတ် လာမည်
စာနာ ခြင်း၏ သဘောတည်း။ ။
" သစ်ရိပ်ညို "
" တိုင်းထွာခြင်း "
အနေ ကြာလာ ၊ ဇာတိ မှာပြ
ဇရာ ရတော့ ၊ စိတ်နေ ပေါ့ဆ
ကြော့ကြော့ နေရင်း ၊ လေး မတင်းတာ
သင်းနဲ့ ဘယ်လို ရှေ့ဆက်မယ်။
အိမ်ဦး မှာထိုင် ၊ စကား မြိုင်လျက်
မပိုင် ဝက်မွေး ၊ သူ့က တွေးလို့
အရေး ငါ့မှာ ၊ ကိစ္စ ဗျာပွေ
ပျာပျာ သလဲ ၊ လုပ်ရ ဆဲပင်
စိတ်ထဲ ဒေါသ ၊ နေရင်း မှဖြစ်
မနှစ်သက် လာ ၊ ရင်မှာ နာမိ
ဒါပေမယ့် လည်း ၊ သူရှိ ဆဲက
စိတ်ထဲ အားရ ရှိလှသည်။
" သစ်ရိပ်ညို "
" တရားရှာပြီ "
ဒုက္ခ ဒုက္ခ ၊ ဘဝ ဆိုတာ
ဒါငါ မဟုတ် ၊ အပုပ် မျှသာ
ချစ်တာ မရှိ ၊ မုန်းသိ မစေ
ငါလေ ဘယ်ကို လားမည်နည်း။
ခန္ဓာ ခဏ ၊ မမြဲ လှပေ
ဘဝ လူတွေ ၊ သေသူ သေပြီ
မသွေ ငါလည်း ၊ သေမှာ ပဲလေ
ရှိဆဲ ခဏ ၊ တရား ရဖို့
လမ်းပြ ဓမ္မ ၊ ငါရှာ လှပြီ
လောက လူ့ဘုံ သဘောတည်း။
" ခွဲကြရပြီ "
သူရှေ့က သွား ၊ ငါကား နောက်လိုက်
တစိုက် မတ်မတ် ၊ သေခန်း ပြတ်ဖြင့်
ရှေးပတ်သက် ရာ ၊ သာမန်သာ မို့
သေရွာ စခန်း ၊ ဘယ်သို့လှမ်းမည်။
ကောင်းမှု ကိုတွေး ၊ စိတ်အေး ချမ်းသာ
သင်္ခါရ ဝဲ ၊ ငါ စွဲ မထား
လှူအား ဆက်ဆက် ၊ စိတ်ထွက် ဒေါသ
လောဘ မောဟ ၊ လွန်လျှော့ ချ၍
ရသည့် ချိန်လေး ၊ တရား တွေးလို့
ရင်လေး မရှိ ၊ ငါနေ ဘိပြီ
စိတ်၏ ခန္ဓာ ၊ မခွာ ခင်လေး
ငြိမ်းအေး တတ်စွာ ၊ နေတော့ ပါမည်
ငါ့မှာ သက်ရှိ ရှိဆဲတွင်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment