နေထိုင်မကောင်းသောသကာလ

နေထိုင်​မ​ကောင်း​သော သကာလ

ကဗျာမလှ စာမလှဖြင့်
ကြမ်းလှသည့်​​လက် သဖန်းရွက်​သို့
စိတ်​ပျက်​လို့လည်း သွားနဲ့​နော်​။

" အချစ်​ဇွဲ "

လှ၏လှ​သော ၊ ရုပ်​​ချောလှစွာ
ယူဇနာ​ဝေး ၊ သူဇာ​ငေးမှိုင်
ပိုင်​ဆိုင်​အလှ ၊ ​ချော​မောကြလည်း
ရကြသူမှာ ၊ ရုပ်​ဆိုးစွာဖြင့်
မကြာခဏ ၊ ကြုံကြရသည်
ဘဝ​မေတ္တာ စခန်းတည်း။

ဘုံကြိုးပြတ်​ကယ်​ ၊ မိုးနတ်​နွယ်​ဟု
ပြည်​ဝယ်​သာကလ ၊ မယ်​ပပကို
ကုသရှင်​မင်း ၊ ရုပ်​ကြမ်းတင်းဖြင့်
အဆင်းမလှ ၊ ရသည့်​ဖူးစာ
ဦးရာအချစ်​ ၊ ချည်​​နှောင်​ရစ်​လျက်
စွဲနစ်​ချစ်​တာ မဆန်းတည်း။

မရမက ၊ မယ်​ပပဟု
ကုသကြိုးစား ၊ ဇွဲစွမ်းအားလျှင်
ဆင်​ကန်း​တောတိုး ၊ တဇွတ်​ထိုးနှင့်
တစ်​မျိုးလှည့်​စား ၊ ဥာဏ်​ကစား၍
လူစားထိုးတာ ၊ ​ချောင်း​မြောင်းကာဖြင့်
ကြံရာမရ လူကြမ်းကြီး။

ပုဆိုးကြိုက်​ကာ ၊ ​စောင်းပိုက်​ကာဖြင့်
လှိုက်​ဖြာ​ငိုခြင်း ၊ ကုသမင်းလျှင်
ချစ်​ခြင်းရင်​မှာ ၊ လှုပ်​နိုးရှာ​သော်
ရာဇာ​သေနင်း ၊ ပြည့်​ရှင်​မင်းလည်း
သက်​ဆင်းကျွန်​နှယ်​ ၊ ချစ်​နယ်​ပယ်​၌
ငယ်​ရွယ်​အသည်း ကျွမ်း၏တည်း။

ဖုန်း​မောင့်​သက်​လည်​၊ ချစ်​လှချည်​ရဲ့
အော်​မြည်​ဟစ်​​ကြွေး ၊ မျက်​ရည်​​ဖွေးနဲ့
မ​အေးဗျာပါ ၊ သည်းလှိုက်​ဖြာသတဲ့
တဏှာ​ပေမ ၊ စွဲမြဲလှခဲ့
မရပါက ၊ ငါမထကွဲ့
ငါဟဲ့ ချစ်​တတ်​ သူပင်​တည်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်