သစ်ရိပ်ညိုဖြစ်လာရခြင်း
" သစ်ရိပ်ညို ဖြစ်လာရခြင်း "
ငွေဇင်ယော် တောင်ပံခတ်ကယ်သို့
တဖျပ်ဖျပ် မျက်ဝန်းရှင်။
ခုံးမျက်ကြွယ် မို့နဖူး နှင့်
ထူးတဲ့ ရုပ်သွင်။
အသားအရေ ဖြူစင်
ပါးနုယှဉ် နှာတံစင်း။
နှုတ်ခမ်းတျာ နီနီထွေးရယ်
မေးကျ ညီခြင်း။ ။
ငယ်ရွယ်စဉ် နားရွက်ကားနှင့်
ဥာဏ်သွားထက် သဘောရွှင်။
မျှတစွာ ညီညွတ်ရေးကို
လေးစား သူပင်။
သူငယ်ချင်းတွေ ခင်မင်
ပျော်ရွှင်စွာ နေချင်သော။
အခြေတည် အရင်းမြစ်ကို
အနှစ်ထိ စောကြော။ ။
မွေးစနေ အဓိပတိတွေ၏
တတ်သိသည့် သဘောတွင်။
ကံဇာတာ အသက်ဆွေးထိ
ရွေးမည့်လမ်း မမြင်။
ကိုယ်သိသည့် အမြင်
တွင်တွင်သာ ထုတ်ပြော။
အသိကြွယ် အူကြောင်လှိုက်ကယ်
မိုက်သည့် ငပေါ။ ။
တွေးအမြင် စာပေမြှင့်
မမေ့သင့် မမေ့ရန်။
လေ့ကျင့်သည့် ဥာဏ်သဘောက
ပြောမှ တင်ကျန်။
အရူးပေါဟု အထင်ခံ
အမြင်မှန် တွေးတော။
အကြောင်းပေါ် အယူချိတ်ကာ
စိတ်သိ ချပြော။ ။
ပေါင်းသင်းဖေါ် သူတော်ကောင်း
ဆရာကောင်း ရှာဖွေ။
ပညာရှိ
အဓိပတိ ရှာပြရ လျှင်ဖြင့်
စာသိ က မြတ်ပေ။
စာပေကောင်း ကျမ်းဟောင်းဖွေ
နောင်ကောင်းစေ လိမ့်လေမြဲ။
ပညာရည် အဆီအနှစ်တွေက
ဖျစ်ဖျစ် မည်ပဲ။ ။
သို့ဤနှယ် ကဗျာများ
ဥာဏ်သွားချ ကြည့်မိတယ်။
ကဗျာဥာဏ် မရုပ်သိမ်းမချင်း
ထွင်းရ လွန်လွယ်။
ကဲ.. ရွေးပြီကွယ်
ဒီလမ်းမယ် ငါလျှောက်လှမ်း။
ကိလေသာ တဏှာ
သိပညာ မျှဝေပေးမည့်
တေးကဗျာ လမ်း။ ။
" သစ်ရိပ်ညို "
ငွေဇင်ယော် တောင်ပံခတ်ကယ်သို့
တဖျပ်ဖျပ် မျက်ဝန်းရှင်။
ခုံးမျက်ကြွယ် မို့နဖူး နှင့်
ထူးတဲ့ ရုပ်သွင်။
အသားအရေ ဖြူစင်
ပါးနုယှဉ် နှာတံစင်း။
နှုတ်ခမ်းတျာ နီနီထွေးရယ်
မေးကျ ညီခြင်း။ ။
ငယ်ရွယ်စဉ် နားရွက်ကားနှင့်
ဥာဏ်သွားထက် သဘောရွှင်။
မျှတစွာ ညီညွတ်ရေးကို
လေးစား သူပင်။
သူငယ်ချင်းတွေ ခင်မင်
ပျော်ရွှင်စွာ နေချင်သော။
အခြေတည် အရင်းမြစ်ကို
အနှစ်ထိ စောကြော။ ။
မွေးစနေ အဓိပတိတွေ၏
တတ်သိသည့် သဘောတွင်။
ကံဇာတာ အသက်ဆွေးထိ
ရွေးမည့်လမ်း မမြင်။
ကိုယ်သိသည့် အမြင်
တွင်တွင်သာ ထုတ်ပြော။
အသိကြွယ် အူကြောင်လှိုက်ကယ်
မိုက်သည့် ငပေါ။ ။
တွေးအမြင် စာပေမြှင့်
မမေ့သင့် မမေ့ရန်။
လေ့ကျင့်သည့် ဥာဏ်သဘောက
ပြောမှ တင်ကျန်။
အရူးပေါဟု အထင်ခံ
အမြင်မှန် တွေးတော။
အကြောင်းပေါ် အယူချိတ်ကာ
စိတ်သိ ချပြော။ ။
ပေါင်းသင်းဖေါ် သူတော်ကောင်း
ဆရာကောင်း ရှာဖွေ။
ပညာရှိ
အဓိပတိ ရှာပြရ လျှင်ဖြင့်
စာသိ က မြတ်ပေ။
စာပေကောင်း ကျမ်းဟောင်းဖွေ
နောင်ကောင်းစေ လိမ့်လေမြဲ။
ပညာရည် အဆီအနှစ်တွေက
ဖျစ်ဖျစ် မည်ပဲ။ ။
သို့ဤနှယ် ကဗျာများ
ဥာဏ်သွားချ ကြည့်မိတယ်။
ကဗျာဥာဏ် မရုပ်သိမ်းမချင်း
ထွင်းရ လွန်လွယ်။
ကဲ.. ရွေးပြီကွယ်
ဒီလမ်းမယ် ငါလျှောက်လှမ်း။
ကိလေသာ တဏှာ
သိပညာ မျှဝေပေးမည့်
တေးကဗျာ လမ်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment