ဆောင်းနှင်းဆီ
" ဆောင်းနှင်းဆီ "
အာကာ ဘုံဆီ
ပြာပြာ မှုန်ရီ
သာယာ ပုံသည်
အေးလှတဲ့ ဆောင်းလ ရာသီ။
မြူမှုံ ဝေစီ
တူစုံ သွေဖီ
ပူပုံ ဖြေမဆီ
တွေးဆခဲ့ နှောင်းလ ကြာရှည်။
ညင်းလေ စီစီ
နှင်းငွေ သီသီ
ဆင်းရေ ကြည်ကြည်
ဆူးနှင်းဆီ သင်းကြည် ပျံ့မွှေး။
တီတီတာတာ နဲ့
ပလီအညာ နုအသည်းကိုဖြင့်
အဖန်ဖန် အခါခါ သူ့အချွဲရယ်က
အပြန်တစ်ရာ ထုခွဲလို့ ချွေယူလှဲ့ကွယ်
ချစ်တဲ့ သူလေး။ ။
" သစ်ရိပ်ညို "
အာကာ ဘုံဆီ
ပြာပြာ မှုန်ရီ
သာယာ ပုံသည်
အေးလှတဲ့ ဆောင်းလ ရာသီ။
မြူမှုံ ဝေစီ
တူစုံ သွေဖီ
ပူပုံ ဖြေမဆီ
တွေးဆခဲ့ နှောင်းလ ကြာရှည်။
ညင်းလေ စီစီ
နှင်းငွေ သီသီ
ဆင်းရေ ကြည်ကြည်
ဆူးနှင်းဆီ သင်းကြည် ပျံ့မွှေး။
တီတီတာတာ နဲ့
ပလီအညာ နုအသည်းကိုဖြင့်
အဖန်ဖန် အခါခါ သူ့အချွဲရယ်က
အပြန်တစ်ရာ ထုခွဲလို့ ချွေယူလှဲ့ကွယ်
ချစ်တဲ့ သူလေး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment