ခရီးသည်
" ခရီးသည် "
မြန်မာပြည် တစ်နံတလျားကိုဖြင့်
မီးရထားကြီး စီးလို့ရယ်
လျှောက်လည်ကြမယ်။
ထုံးဖြူဖြူ ဖွေးဖွေးလွင်
စိန္တေရှင် တောင်တော်ဘုရားတွေ
သွားဖူး စို့ကွယ်။
နှစ်ယောက်ထဲရယ်မို့
လက်တွဲလို့ သွားစဉ်ဝယ်
ဟိုမယ်ကွယ် ကြည့်ပါဦး။
သာယာလိုက်တာကွာ
တို့ လာရာ လမ်းအရွေ့ရယ်ဖြင့်
ကွေ့ဝိုက် မဆုံး။ ။
" မမောမပန်း လျှောက်လှမ်းရည်တူ "
နှစ်ကိုယ်တူ မောင့်ချစ်သည်း နှင့်
ရွှေလက်တွဲ နွှဲသည့်လမ်း ပေမို့
အရမ်းပဲ အလွန်ပျော်။
ဟောဟိုမယ် ကြည့်စမ်းပါလေ
ငှက်လေးတွေ တို့လိုပဲကွဲ့
ဝဲပျံ လို့ ပျော်။
အတော်ပန်း နေပြီနော့
တောင်စခန်း တောင်တန်း အကျော်
တိမ်မြူသော် ရစ်သိုင်း။
တောင် တန်း ဝေဝေသီ
မှုန်မှုန်ရီ ဟိုး..ဟိုတစ်လျောက်မှာ
မိုးအောက် တံတိုင်း။ ။
" ကုတင်ရွှေနန်း "
ရှုစမ်းပါ့ ဟော့ဟိုမယ်
ရွှေရောင်နှယ် လယ်ယာကွင်း တွေနှင့်
ရှုခင်း အသွယ်သွယ်။
နှစ်ဦးသား တူတူညီ
တောင်ထိပ်ဆီ အပြေးတက်လာလို့
ချွေးစို့ စို စိုစိုပြေးရှာတဲ့
ခင်လေး ရဲ့ ပါးဝယ်။
အလိုကွယ်
ရွှေလည်တိုင် ဆံရစ်သိုင်း ပြန်တော့
ရှုလိုက်တိုင်း ယဉ်စဖွယ်
ဆံမျှင်ငယ် လှိုင်းလေဝဲ။
ချွေးစိုစို တစို့ ဟာမို့
ပျိုပျို့ကို.. ကို..အသာတို့ ပါလေမှ
မခို့တရို့ မူပုံလေး ရယ်က
အေးမြ ရင်ထဲ။ ။
" သစ်ရိပ်ညို "
မြန်မာပြည် တစ်နံတလျားကိုဖြင့်
မီးရထားကြီး စီးလို့ရယ်
လျှောက်လည်ကြမယ်။
ထုံးဖြူဖြူ ဖွေးဖွေးလွင်
စိန္တေရှင် တောင်တော်ဘုရားတွေ
သွားဖူး စို့ကွယ်။
နှစ်ယောက်ထဲရယ်မို့
လက်တွဲလို့ သွားစဉ်ဝယ်
ဟိုမယ်ကွယ် ကြည့်ပါဦး။
သာယာလိုက်တာကွာ
တို့ လာရာ လမ်းအရွေ့ရယ်ဖြင့်
ကွေ့ဝိုက် မဆုံး။ ။
" မမောမပန်း လျှောက်လှမ်းရည်တူ "
နှစ်ကိုယ်တူ မောင့်ချစ်သည်း နှင့်
ရွှေလက်တွဲ နွှဲသည့်လမ်း ပေမို့
အရမ်းပဲ အလွန်ပျော်။
ဟောဟိုမယ် ကြည့်စမ်းပါလေ
ငှက်လေးတွေ တို့လိုပဲကွဲ့
ဝဲပျံ လို့ ပျော်။
အတော်ပန်း နေပြီနော့
တောင်စခန်း တောင်တန်း အကျော်
တိမ်မြူသော် ရစ်သိုင်း။
တောင် တန်း ဝေဝေသီ
မှုန်မှုန်ရီ ဟိုး..ဟိုတစ်လျောက်မှာ
မိုးအောက် တံတိုင်း။ ။
" ကုတင်ရွှေနန်း "
ရှုစမ်းပါ့ ဟော့ဟိုမယ်
ရွှေရောင်နှယ် လယ်ယာကွင်း တွေနှင့်
ရှုခင်း အသွယ်သွယ်။
နှစ်ဦးသား တူတူညီ
တောင်ထိပ်ဆီ အပြေးတက်လာလို့
ချွေးစို့ စို စိုစိုပြေးရှာတဲ့
ခင်လေး ရဲ့ ပါးဝယ်။
အလိုကွယ်
ရွှေလည်တိုင် ဆံရစ်သိုင်း ပြန်တော့
ရှုလိုက်တိုင်း ယဉ်စဖွယ်
ဆံမျှင်ငယ် လှိုင်းလေဝဲ။
ချွေးစိုစို တစို့ ဟာမို့
ပျိုပျို့ကို.. ကို..အသာတို့ ပါလေမှ
မခို့တရို့ မူပုံလေး ရယ်က
အေးမြ ရင်ထဲ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment