ချစ်ငှက်မောင်နှံ
" ချစ်ငှက်မောင်နှံ "
ပင်မြင့် နန်းထက် ငှက်မောင်နှံ
ကြည်ကြည် နူးနူး မြူးတူးပျံ။
သိုက်မြုံယံ ခိုဝင်နား
မောင်နှံ နှစ်ဖေါ် ပျော်ပျော်ပါး။
ဆော့ ကစားရင်း သီချင်းဆို
သံသာ ကျူးရင့် လွင့်ပြန့်ချို။
နေညိုညို ရွှေရည်လွှမ်း
မောင်နှံ စံမြန်း ပင်မြင့်နန်း။ ။
" သစ်ရိပ်ညို "
ပင်မြင့် နန်းထက် ငှက်မောင်နှံ
ကြည်ကြည် နူးနူး မြူးတူးပျံ။
သိုက်မြုံယံ ခိုဝင်နား
မောင်နှံ နှစ်ဖေါ် ပျော်ပျော်ပါး။
ဆော့ ကစားရင်း သီချင်းဆို
သံသာ ကျူးရင့် လွင့်ပြန့်ချို။
နေညိုညို ရွှေရည်လွှမ်း
မောင်နှံ စံမြန်း ပင်မြင့်နန်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment