ကိုရွှေချစ်လိပ်ပြာ
" ကိုရွှေ ချစ်လိပ်ပြာ "
တိမ်ကနက်ဗွေ ငွေရောင်သန်းပြန်တော့
မိုးသောက်ရွှေ နေရောင်နမ်းလျှင်ဖြင့်
ပန်းကြိုက် သည့် ရွှေလိပ်ပြာ။
ပန်းဥယျာဉ် ရေလွှာနန်းမကိုဋ်က
ခင့်သဉ္ဇာ ဆောင်သာ ခန်းတဝိုက်မှာဖြင့်
ပန်းလိုက်လို့ ရှာ။
ပန်းရုံငယ် စုံပွင့်ဖူးတော့
လွန့်လွန့်ရယ် မြူးလျက်သာ
ကူးလူးကာ ပျံဝဲ။
ချစ်ဇောဟုန် ဖြာဖြာ
ရစ်မျောကာ စုံဆန်ကူးပါလို့
ကြည်နူး လျက်ပဲ။ ။
အို... ကိုရွှေလိပ်ပြာရယ်
မာယာဖွေ ခစားဖို့များ
ခင့်အပါး နားလို့လာ။
ရွှေလိပ်ပြာ အယောင်ဆောင်
နီးရအောင် ကြံဆောင်လေလား
ဥာဏ်များ လေတာ။
ရင်အသည်း တလှပ်လှပ် ခါ
ဘဝင်ထဲမှာဖြင့် တဖျတ်ဖျတ် သာ
ပျို့ စိတ်မှာ မချင့်မရဲ။
ပျိုချစ်တဲ့ ပန်းဥယျာဉ်ဝယ်
ကျွမ်းသခင် ပျိုစင်ချစ်ဖို့
လှစ်ပြ သလို ပဲ။ ။
" သစ်ရိပ်ညို "
တိမ်ကနက်ဗွေ ငွေရောင်သန်းပြန်တော့
မိုးသောက်ရွှေ နေရောင်နမ်းလျှင်ဖြင့်
ပန်းကြိုက် သည့် ရွှေလိပ်ပြာ။
ပန်းဥယျာဉ် ရေလွှာနန်းမကိုဋ်က
ခင့်သဉ္ဇာ ဆောင်သာ ခန်းတဝိုက်မှာဖြင့်
ပန်းလိုက်လို့ ရှာ။
ပန်းရုံငယ် စုံပွင့်ဖူးတော့
လွန့်လွန့်ရယ် မြူးလျက်သာ
ကူးလူးကာ ပျံဝဲ။
ချစ်ဇောဟုန် ဖြာဖြာ
ရစ်မျောကာ စုံဆန်ကူးပါလို့
ကြည်နူး လျက်ပဲ။ ။
အို... ကိုရွှေလိပ်ပြာရယ်
မာယာဖွေ ခစားဖို့များ
ခင့်အပါး နားလို့လာ။
ရွှေလိပ်ပြာ အယောင်ဆောင်
နီးရအောင် ကြံဆောင်လေလား
ဥာဏ်များ လေတာ။
ရင်အသည်း တလှပ်လှပ် ခါ
ဘဝင်ထဲမှာဖြင့် တဖျတ်ဖျတ် သာ
ပျို့ စိတ်မှာ မချင့်မရဲ။
ပျိုချစ်တဲ့ ပန်းဥယျာဉ်ဝယ်
ကျွမ်းသခင် ပျိုစင်ချစ်ဖို့
လှစ်ပြ သလို ပဲ။ ။
" သစ်ရိပ်ညို "
Comments
Post a Comment