ဤအကွေ့ဤလမ်း
" ဤအကွေ့ ဤလမ်း "
သည်တကွေ့
ကြည်မွေ့လို့ ပျော်မိတယ်
သည်လမ်းလေးဝယ်
အတွေ့ကြောင့် စွဲမက်ဖွယ်
စိတ်လက်ရယ် ကြည်နူး
မေ့ဖူးမောင့် ချစ်သဒ္ဓါပုံတယ်
မေတ္တာစုံ ပွင့်ငုံ၏
တွေ့ထိကြောင့်ရူး။
မူယာပို အသည်းလှိုက်
စွဲမူးမိုက် ပင့်သက်ဖြာ
လွမ်းစိမ့်ရင်မှာ
ချစ်ခွန်းတွဲ့ ခင်ကညာ
မိန့်မှာကာ ပြဋ္ဌာန်း
သတ်မှတ်ချက် ဝေဒနာ
မေ့ရင်မှာ ဖြေနိုင်ရေးတွက်
ဖေးမလက်ကမ်း။
တူနှစ်ဖြာ ဂဟေဆက်
ရေစက်ရဲ့ဖူးစာ
ကြောင်းကံပါလာ။
နှောင်းကံပျက် တူမကွာ
သစ္စာဆို တိုင်တည်ထား။
ရှေ့ရေး သာယာ ကြုံဖို့
မျှော်တွေးကာ သက်ပုံလျက်ကွယ်
စွဲမက်စေသား။ ။
" သစ်ရိပ်ညို "
သည်တကွေ့
ကြည်မွေ့လို့ ပျော်မိတယ်
သည်လမ်းလေးဝယ်
အတွေ့ကြောင့် စွဲမက်ဖွယ်
စိတ်လက်ရယ် ကြည်နူး
မေ့ဖူးမောင့် ချစ်သဒ္ဓါပုံတယ်
မေတ္တာစုံ ပွင့်ငုံ၏
တွေ့ထိကြောင့်ရူး။
မူယာပို အသည်းလှိုက်
စွဲမူးမိုက် ပင့်သက်ဖြာ
လွမ်းစိမ့်ရင်မှာ
ချစ်ခွန်းတွဲ့ ခင်ကညာ
မိန့်မှာကာ ပြဋ္ဌာန်း
သတ်မှတ်ချက် ဝေဒနာ
မေ့ရင်မှာ ဖြေနိုင်ရေးတွက်
ဖေးမလက်ကမ်း။
တူနှစ်ဖြာ ဂဟေဆက်
ရေစက်ရဲ့ဖူးစာ
ကြောင်းကံပါလာ။
နှောင်းကံပျက် တူမကွာ
သစ္စာဆို တိုင်တည်ထား။
ရှေ့ရေး သာယာ ကြုံဖို့
မျှော်တွေးကာ သက်ပုံလျက်ကွယ်
စွဲမက်စေသား။ ။
" သစ်ရိပ်ညို "
Comments
Post a Comment