အနန္တောအနန္တငါးပါး

" အန​န္တော အနန္တ ငါးပါး "

မြတ်​ဘုရား၏ တရား​တော်​လာ
ဝါရည်​ဆင်​မြန်း ရဟန်း သံဃာ။

မာတာပီတ မိဘများနဲ့
သင်ကြား​အပ်​တဲ့ မြတ်​​သော ဆရာ။

အန​န္တော အနန္တ ငါးပါးကိုသာ
လက်​ဆယ်​ဖြာ ဦးထိပ်​တင်​မိုး။

နေ့စဉ်​ ညတိုင်း သာပါ့
ကိုင်းရှိုင်းစွာ ပူ​ဇော်​အထူးနှင့်
ဦးနှိမ် ​ရှိခိုး။ ။

အယူမမှား
တရားလက်​ကိုင်​ စိတ်​မာန်​တိုင်​ဖြင့်
မယိုင်​မလဲ ထာဝရမြဲလို့။

စွဲစွဲမြဲမြဲ
မလွဲမ​သွေ လိုက်​နာ​​လေ​လော့
မြတ်​​သော ​ဒေသနာ သစ္စာတရား။

မိစ္ဆာမမှား
တရားနည်းကျ လိုက်​နာမှလျှင်
မုချ ​မြတ်​ရာ သာသနာတည့်​။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်