စဉ်းစားကြပါ
" စဉ်းစားကြပါ "
ဥပဒေ အမွေဆက်
မပြုပေ အခြေဖျက်မလို့
ယခုလေ အမေဖက်လို့
ချေဖျက် ဖို့ ကြံစည်။
အယူမှာ အလာသွင်းဖို့
တစ်မူသာ လူခပင်း တွေက
အသူရာ ဗျူဟာခင်းချင်ရင်ကွဲ့
မင်းမဲ့ တိုင်းပြည်။
မင်းမရှိပါက
သမ္မတ ရှိပါသည်
ဂါရ၀ ပြည့်ဇာနည်
နွဲ့သာကီ ငုတ်လျှိုး။
မတရား မပြုကြပါနဲ့
အလကား အစု မကွဲပြားရအောင်
အမှား ယခု အသင် ဖျက်လိုက
ကွဲအက် ပြည်ကျိုး။ ။
" သစ်ရိပ်ညို "
ဥပဒေ အမွေဆက်
မပြုပေ အခြေဖျက်မလို့
ယခုလေ အမေဖက်လို့
ချေဖျက် ဖို့ ကြံစည်။
အယူမှာ အလာသွင်းဖို့
တစ်မူသာ လူခပင်း တွေက
အသူရာ ဗျူဟာခင်းချင်ရင်ကွဲ့
မင်းမဲ့ တိုင်းပြည်။
မင်းမရှိပါက
သမ္မတ ရှိပါသည်
ဂါရ၀ ပြည့်ဇာနည်
နွဲ့သာကီ ငုတ်လျှိုး။
မတရား မပြုကြပါနဲ့
အလကား အစု မကွဲပြားရအောင်
အမှား ယခု အသင် ဖျက်လိုက
ကွဲအက် ပြည်ကျိုး။ ။
" သစ်ရိပ်ညို "
Comments
Post a Comment