ချစ်သောဟေမန်
" ချစ်သော ဟေမန် "
မြောက်လေသွင်းလို့ နှင်းဝေဝေ
ရာသီဤဆောင်း နှင်းငွေ့စေ။
မနာလိုပေ တစ်ကိုယ်ထဲ
နှင်းမှုံသဲသဲ တဖွဲဖွဲ။
ချမ်းလို့နေဆဲ လွမ်းတေးဆို
နှင်းမျက်ရည်ဝဲ ရွှဲရွှဲစို။
တော်ရုံသာဆို ကျုပ်မပြော
ဆောင်းကြွေလေညင်း နှင်းမြူတော။
ကျနော်ချစ်သော နှင်းပေလော
ကျနော်ချစ်သော ဆောင်းပေလော။ ။
" သစ်ရိပ်ညို "
မြောက်လေသွင်းလို့ နှင်းဝေဝေ
ရာသီဤဆောင်း နှင်းငွေ့စေ။
မနာလိုပေ တစ်ကိုယ်ထဲ
နှင်းမှုံသဲသဲ တဖွဲဖွဲ။
ချမ်းလို့နေဆဲ လွမ်းတေးဆို
နှင်းမျက်ရည်ဝဲ ရွှဲရွှဲစို။
တော်ရုံသာဆို ကျုပ်မပြော
ဆောင်းကြွေလေညင်း နှင်းမြူတော။
ကျနော်ချစ်သော နှင်းပေလော
ကျနော်ချစ်သော ဆောင်းပေလော။ ။
" သစ်ရိပ်ညို "
Comments
Post a Comment