တက်ညီလက်ညီ
" တက်ညီလက်ညီ "
ကိုယ် လူပျို ကာလသားရယ်က
မိသားစု အဖို့မှာ
စည်းလုံး လှစွာ။
အကြောင်းရင်း ရှိတဲ့အခါ
စုပေါင်းကာ တိုင်ပင်ဆွေးနွေး။
ဟိုလို မကောင်းပါဘု
ဒီလို ကောင်းတာလုပ်ကွယ့်
ထုတ်နုတ် လို့ရွေး။ ။
ဝန်းကျင်မှာ အထိုင်ချ
ချမှတ်တဲ့ သဘောအလို
မပို မလို။
ဘာဂလို တိုတို
အဲ့သည်လို မတိမ်းစောင်း။
ကိုယ်လည်း စိတ်ချမ်းသာ
သူတို့လည်း စိတ်ချမ်းသာ စေကြောင်းကြောင့်
ကောင်းဆိုမှ ကောင်း။ ။
အိမ်ထောင်သည် သည်ဘဝမှာဖြင့်
နေရတဲ့ အခါမယ်
ခုတော့ ဖြင့်ကွယ်။
သားကလည်း မလည်မဝယ်
မယားကလည်း မလည်မဝယ်
လည်ဝယ်တာ ကိုယ်တစ်ယောက်ထဲ။
ကဲ...မတတ်နိုင်ပါဘု
ကိုယ့်ဟာကိုယ် လိုသလို ဆုံးဖြတ်မဟဲ့
သတ်မှတ်ချက် ပဲ။ ။
ပင်ပန်းလိုက်တာ ခင်ဗျာ
မပြေားပါနဲ့တော့။
တစ်အိမ်လုံးမှာ ကိုယ့်အရေးမို့
တွေးကြည့်ပါတော့။ ။
ဒီလိုသာ ရှေ့ဆက်သွားပါက
ဘဝခရီးကား မပိုင်မနိုင်
လွဲချော် လာနိုင်။
မိသားစု မဏ္ဍိုင်
ယိမ်းယိုင်ရင် အခက်။
အောက်ကလူ နောက်မီးဆွဲလို့
လျောက်ငြီးလည်း ကယ်သူလုံးဝရယ်နှင့်
ရုံးထွက်ရ ခက်။ ။
" သစ်ရိပ်ညို "
ကိုယ် လူပျို ကာလသားရယ်က
မိသားစု အဖို့မှာ
စည်းလုံး လှစွာ။
အကြောင်းရင်း ရှိတဲ့အခါ
စုပေါင်းကာ တိုင်ပင်ဆွေးနွေး။
ဟိုလို မကောင်းပါဘု
ဒီလို ကောင်းတာလုပ်ကွယ့်
ထုတ်နုတ် လို့ရွေး။ ။
ဝန်းကျင်မှာ အထိုင်ချ
ချမှတ်တဲ့ သဘောအလို
မပို မလို။
ဘာဂလို တိုတို
အဲ့သည်လို မတိမ်းစောင်း။
ကိုယ်လည်း စိတ်ချမ်းသာ
သူတို့လည်း စိတ်ချမ်းသာ စေကြောင်းကြောင့်
ကောင်းဆိုမှ ကောင်း။ ။
အိမ်ထောင်သည် သည်ဘဝမှာဖြင့်
နေရတဲ့ အခါမယ်
ခုတော့ ဖြင့်ကွယ်။
သားကလည်း မလည်မဝယ်
မယားကလည်း မလည်မဝယ်
လည်ဝယ်တာ ကိုယ်တစ်ယောက်ထဲ။
ကဲ...မတတ်နိုင်ပါဘု
ကိုယ့်ဟာကိုယ် လိုသလို ဆုံးဖြတ်မဟဲ့
သတ်မှတ်ချက် ပဲ။ ။
ပင်ပန်းလိုက်တာ ခင်ဗျာ
မပြေားပါနဲ့တော့။
တစ်အိမ်လုံးမှာ ကိုယ့်အရေးမို့
တွေးကြည့်ပါတော့။ ။
ဒီလိုသာ ရှေ့ဆက်သွားပါက
ဘဝခရီးကား မပိုင်မနိုင်
လွဲချော် လာနိုင်။
မိသားစု မဏ္ဍိုင်
ယိမ်းယိုင်ရင် အခက်။
အောက်ကလူ နောက်မီးဆွဲလို့
လျောက်ငြီးလည်း ကယ်သူလုံးဝရယ်နှင့်
ရုံးထွက်ရ ခက်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment