အတွဲလိုက်ပါ
" အတွဲလိုက်ပါ "
စမ်းတ၀ါးဝါးရယ်နှင့်
တုတ်ရမ်း၍ သွားသူ။
နောက်ကနေ လူအများ
ခါးဆွဲ လိုက်သူ။
ပိတ်ပိတ်ပိန်း မှောင်သည့်ဂူ
ရှေ့လူရယ် နောက်တော်ပါး။
ဟိုရှေ့မှာ ချောက်ရှိတယ်ဗျို့
သတိနှင့် သွား။ ။
ပုံအဆင် အိုလူသား
များလှ တဲ့ သူငါ။
သူ့အတိုင်းနှင့် သူ့အထွာ
ဟုတ်လိမ့် လေမှာ။
မှားလျှင်ဖြင့် ရှက်စရာ
မျက်နှာတွေ မမြင်မိ။
မျက်ကန်းသွင် အမှောင်ထဲဝယ်
တွဲလျှောက် နေ၏။ ။
သူသူငါ ဘယ်မသိပေမယ့်
သူတို့၏ သားသမီးတွေ။
အားကိုးရာ မဲ့လေနိုးဟု
စိုးရိမ် မိပေ။
သတိထား ကြပါလေ
မာစေ သာစေကြောင်း။
သင့်အိမ်မှာ သင်ဦးစီးမို့
နည်းကျ မှကောင်း။ ။
" သစ်ရိပ်ညို "
စမ်းတ၀ါးဝါးရယ်နှင့်
တုတ်ရမ်း၍ သွားသူ။
နောက်ကနေ လူအများ
ခါးဆွဲ လိုက်သူ။
ပိတ်ပိတ်ပိန်း မှောင်သည့်ဂူ
ရှေ့လူရယ် နောက်တော်ပါး။
ဟိုရှေ့မှာ ချောက်ရှိတယ်ဗျို့
သတိနှင့် သွား။ ။
ပုံအဆင် အိုလူသား
များလှ တဲ့ သူငါ။
သူ့အတိုင်းနှင့် သူ့အထွာ
ဟုတ်လိမ့် လေမှာ။
မှားလျှင်ဖြင့် ရှက်စရာ
မျက်နှာတွေ မမြင်မိ။
မျက်ကန်းသွင် အမှောင်ထဲဝယ်
တွဲလျှောက် နေ၏။ ။
သူသူငါ ဘယ်မသိပေမယ့်
သူတို့၏ သားသမီးတွေ။
အားကိုးရာ မဲ့လေနိုးဟု
စိုးရိမ် မိပေ။
သတိထား ကြပါလေ
မာစေ သာစေကြောင်း။
သင့်အိမ်မှာ သင်ဦးစီးမို့
နည်းကျ မှကောင်း။ ။
" သစ်ရိပ်ညို "
Comments
Post a Comment