ဘုရားဖူး

" ဘုရားဖူး "

ဟို​ရှေးအခါများ​​တွေက
ဗြောင်​မြေသား ကုန်း​တော်​​ပေါ်
လှေခါးထစ်​ မ​ပေါ်။

စောင်းတန်းဆို ​ဝေးလှ ပါသ​နော်
ဖူး​မြော်​သူ လူအများ။

ကုန်းတစ်​တန်​ ​ရေတစ်​တန်​ရယ်​နှင့်
လှည်းတစ်​တန်​ ​လှေတစ်​ထိုးရယ်​လို့
လမ်းရိုး မှ သွား။ ။

သို့​ပေငြားရယ်​တဲ့
မိသားစု အားရ ​ပျော်​စရာ
ငြိမ်းချမ်း လှစွာ။

နားတဲ့ခါ နားလို့သာ
သွားတဲ့ခါ ထသွား။

တောင်​​ခြေရင်းရယ်​မှ
တေးသီချင်း တ​ကြော်​​ကြော်
ပျော်​ရွှင်​စွာ ခရီးဆက်​လို့
တက်​ကြ ​ပုံများ။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်