မြန်မာလိုလေးတွေးကြည့်သည်
" မြန်မာလိုလေးတွေးကြည့်သည် "
သင်းပျံ့ကြူကြူ ၊ ပန်းမဉ္ဇူကို
ဆွတ်ချူ ယူငင် ၊ ပန်းတော်ဝင်မို့
ပန်ဆင်လှပ ၊ ရှုမဝသည့်
နှမသက်လျာ မျိုးမြန်မာ..ရေ။
ဘုရားတက်ကာ ၊ ကျောင်းတက်ကာပင်
ဒါနလှူဒါန်း ၊ မြတ်သောပန်းဖြင့်
ရွှင်လန်းကြည်လင် ၊ ဘဝင်မာန်ချ
တင်သပန်းမာ ၊ မွှေးကြိုင်စွာဖြင့်....
နံ့သာသစ်သီး ၊ ဆွမ်းဆီမီးနှင့်
ရေမီးစုံစွာ ၊ ကပ်လှူပါလို့
ဆယ်ဖြာလက်မိုး ၊ ဦးနှိမ်ချိုးလျက်
ရှိခိုးဦးတင် ၊ ဖူးမြော်မြင်ရင်း....
ငါးအင်ဝန်ချ ၊ ဆုပန်သ၍
များလှဝေနေ ၊ နတ်လူထွေတွက်
စိန္တေဘုရားထံ ၊ တောင်းဆုပန်သော်
မြန်မာမလေး ပိုလှမည်။ ။
" သစ်ရိပ်ညို "
သင်းပျံ့ကြူကြူ ၊ ပန်းမဉ္ဇူကို
ဆွတ်ချူ ယူငင် ၊ ပန်းတော်ဝင်မို့
ပန်ဆင်လှပ ၊ ရှုမဝသည့်
နှမသက်လျာ မျိုးမြန်မာ..ရေ။
ဘုရားတက်ကာ ၊ ကျောင်းတက်ကာပင်
ဒါနလှူဒါန်း ၊ မြတ်သောပန်းဖြင့်
ရွှင်လန်းကြည်လင် ၊ ဘဝင်မာန်ချ
တင်သပန်းမာ ၊ မွှေးကြိုင်စွာဖြင့်....
နံ့သာသစ်သီး ၊ ဆွမ်းဆီမီးနှင့်
ရေမီးစုံစွာ ၊ ကပ်လှူပါလို့
ဆယ်ဖြာလက်မိုး ၊ ဦးနှိမ်ချိုးလျက်
ရှိခိုးဦးတင် ၊ ဖူးမြော်မြင်ရင်း....
ငါးအင်ဝန်ချ ၊ ဆုပန်သ၍
များလှဝေနေ ၊ နတ်လူထွေတွက်
စိန္တေဘုရားထံ ၊ တောင်းဆုပန်သော်
မြန်မာမလေး ပိုလှမည်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment