ခက်တယ်နော်

" ခက်တယ်နော် "

လှိုက်လှိုက်ဖို ရှိုက်ငိုလို့သူချွဲ
မူပိုပို သူဆိုလျက်ကွယ်
ပြုံးမျက်လည်ရွဲ။

စိတ်ဆိုးကာ မူယာပြ ချော့မှ ရဘဲ
တဆိတ်ဆို ကြိတ်ငိုနော့တယ်
သော့သော့ညံသဲ။

တဆင့်ကဲ တမူသာ ငြူဆူကာနေမြဲ
နှုတ်ခမ်းဆူ သူ ဖနောင့်ကို
ဆောင့်ပြလျက်ဘဲ။

တကယ်ဆို တကယ်ပေါ့ မယ်ကြော့ချစ်သဲ။
ရွှင်ကြည်သာ ပီတိပြုံးရယ်
ပိတ်ဖုံး နေဆဲ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်