ဓာတ်တစ်ဆယ့်ရှစ်ပါး

" ဓာတ် တစ်ဆယ့်ရှစ်ပါး "

မျက်စိ နား နှာခေါင်း လျှာ ကိုယ်
ရုပ် နာမ်ကို နှစ်ဖြာခွဲလိုယင်ဖြင့်
စိတ် လည်းပါသကို။
အခံဓာတ် မှတ်ပါထို
ဒွါရဆို ခြောက်ပါး။
အတွင်း အာယတန အမည်ရှိ
တည်သည့်ခြောက်ပါး။

ဆင်း သံ နံ့ အရသာနှင့်
ကြံတွေးသိ တွေ့ထိစရာ
အတိုက်ဓာတ် အမည်သာ။
အပြင် အာယတန အမည်မှာ
အာရုံဖြာ ခြောက်ပါး။
အတွင်းပြင် မြင်ကာသိ
ဒွါရငြိ အာရုံ မြစ်တွယ်
တစ်ဆယ့်နှစ်ပါး။

မြင် ကြား နံ စား ယားယံလို့
ကြံတွေးမှန် စိတ်ဖြစ်တည်
အပွင့်ဓာတ် ခြောက်လီ။
အာရုံနှင့် ဒွါရကို တိုက်သည်
ကိုက်ညီသည့် ဓာတ်တရား။
ရုပ်ခန္ဓာ တည်ရာကွဲ့
ဟောကြားတဲ့ တရားအစစ်မှာ
တစ်ဆယ့်ရှစ်ပါး ။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး