တို့တာဝန်

" တို့တာဝန်​ "

ဗြိစ္ဆာ ရာသီ ခဝဲမှီ
ဆောင်းဦး လရာသီ။

တိမ်​နီ တိမ်​ဝါ တိမ်​ပြာသန်း
လယ်​​တော ရွာစခန်း။

စိမ်းစို​ ရောင်​လွှမ်း လယ်​ကွင်းပြင်
မျက်​စိ တစ်​ဆုံးပင်​။

နံနက်​ခင်းတွင်​ တစ်​မိုး​အောက်
နှင်းမှုံ ​ငွေရည်​သောက်​။

သီးပင်​ပျိုး​ပေါက်​ ဒါနဖြာ
ရင်​တွင်း သာသနာ။

တန်​​ဆောင်​မုန်းမှာ လှုဒါန်းကြ
ကထိန မာသ။

လူ့ဘုံဘဝ ဆုရည်​​မျှော်
ပေါင်းစု အလှူ​တော်​။

သာသနာ​တော်​ တည်​တန့်​​ရေး
တို့နိုင်​ငံ အ​ရေး။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်