ဣနြေ္ဒ

" ဣ​နြေ္ဒ "

ဣ​နြေ္ဒ ဣန္ဒြိယ ဟာဖြင့်
အစိုးရ ပိုင်​နိုင်​စွာ။
မျက်​စိနားနှာ လျာကိုယ်​စိတ်
မထိတ်​လန့်​ ​စေဖွယ်​ရာ။
သတိ ဝီရိယ သမာဓိ ပညာ
သဒ္ဓါသာ နိုင်​​အောင်​ထိန်း။
ကံအခွာ ဇရာဆုံး​တောင်
မရှုံး ​စိတ်​ငြိမ်း။ ။

စောင့်​​ရှောက်​ပါ​ ​ဖြောင့်​​ဖြောင့်​မတ်
မ​ကောက်​မကပ်​ စိတ်​ကြည်​သာ။
တဖျတ်​ဖျတ်​ လွန့်​မလူး
ထူး တည်​ငြိမ်​စွာ။
ပြည့်​ဝသည့်​ ဣနြေ္ဒမှာ
ခံစားရာ မနစ်​မွန်း။
ရန်​ဣစ္ဆာ ဘယာ​ဝေး​အောင်
ဖေးမ စိတ်​တွန်း။ ။

" သစ်​ရိပ်​ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်