မြန်မာ့ဌာနီငှက်တိုင်းပြည်

" မြန်မာ့ဌာနီ ငှက်တိုင်းပြည် "

နှံပြည်စုတ် သစ်တောက်ငယ်
သပိတ်လွယ် ကြက်တူရွေး
ငှက်ကျားလေး ဇင်ယော်ပျို။

ရွှေချိုးဖြူ စာဝတီး
ဘုံမတီး ငှက်ကြီးဝန်ပို။

တင်ကျီးငှက် ဆက်ရက် ခို
ရွှေကျီးညို ငှက်ခါး။

ရွှေ ဥဒေါင်း ရွှေကြိုးကြာ
ရွှေဟင်္သာ အောက်ချင်း
ရွှေပိန်ညှင်း ဘဲ ငန်း ကြက်
ရွှေဇီးကွက် ဇီဝဇိုး
တက်တီတူး ဗျိုင်း ဖိုးခေါင်
သိန်း လင်းယုန် စွန် လင်းတရယ်ဖြင့်
လွန်းကျင် ရစ် ဥဩ ငုံးငယ်
ဘီလုံး ပျံလွှား။

                       " သစ်ရိပ်ညို "

Comments

Popular posts from this blog

အက္ခရာနေ့နာမ်

အက္ခရာ နေ့နံ

ကိလေသာ၁၀ပါး