ဣိယ ဘေး
" ဣိယ ဘေး "
ခုနစ်စင်ကြယ်ပြောင် ၊ အမြီးထောင်ရော့။
ဒီမောင်တစ်ယောက် ၊ တစ်မိုးအောက်မှာ
ရွာနောက်မြောက်နား ၊ ရွာတံတားထိပ်
ရွာသားအိပ်ချိန် ၊ ရိပ်ရိပ်မှိန်သည့်
တိမ်လွှာခစား ၊ လနတ်သားလျှင်
ငါ့အားစောင့်ရှောက် နေသည်ထင့်။
ရွာတံတားအောက် ၊ လရောင်တောက်သည့်
တလျောက်စီးထွေ ၊ စမ်းချောင်းရေသည်
တေးစေရင့်ကျူး ၊ လှုပ်လှုပ်လူး၍
ရွှင်မြူးဦးခိုက် ၊ အကတိုက်သို့
လှိုက်လှိုက်သည်းဖို ပြသထင့်။
မင်းတို့လေးတွေ ၊ ဝန်ရံချွေလည်း
တွေဝေနှလုံး ၊ မရွှင်ပြုံးနိုင်။
ယူကြုံးမရ ၊ ငါ့မိန်းမက
ဒီည သူ့နား မလာနှင့် တဲ့။ ။
" သစ်ရိပ်ညို "
ခုနစ်စင်ကြယ်ပြောင် ၊ အမြီးထောင်ရော့။
ဒီမောင်တစ်ယောက် ၊ တစ်မိုးအောက်မှာ
ရွာနောက်မြောက်နား ၊ ရွာတံတားထိပ်
ရွာသားအိပ်ချိန် ၊ ရိပ်ရိပ်မှိန်သည့်
တိမ်လွှာခစား ၊ လနတ်သားလျှင်
ငါ့အားစောင့်ရှောက် နေသည်ထင့်။
ရွာတံတားအောက် ၊ လရောင်တောက်သည့်
တလျောက်စီးထွေ ၊ စမ်းချောင်းရေသည်
တေးစေရင့်ကျူး ၊ လှုပ်လှုပ်လူး၍
ရွှင်မြူးဦးခိုက် ၊ အကတိုက်သို့
လှိုက်လှိုက်သည်းဖို ပြသထင့်။
မင်းတို့လေးတွေ ၊ ဝန်ရံချွေလည်း
တွေဝေနှလုံး ၊ မရွှင်ပြုံးနိုင်။
ယူကြုံးမရ ၊ ငါ့မိန်းမက
ဒီည သူ့နား မလာနှင့် တဲ့။ ။
" သစ်ရိပ်ညို "
Comments
Post a Comment