ပညာအလင်း
" ပညာ အလင်း "
အလွန်မှောင်မိုက် ၊ ဝဠာတိုက်တွင်း
မဲမိုက်မှောင်ဝေ ၊ လင်းရောင်သွေကွင်း
ရှင်နေမင်းလည်း မလင်းနိုင်။
ပိတ်ဆီးကာရံ ၊ တတိုင်းခံလျက်
မိုးယံမမြင် ၊ လမင်းရှင်ကမ်း
ငွေမှင်တန်းလည်း မလန်းနိုင်။
စွမ်းအားလွန့်လူး ၊ ပိုးစုန်းကြူးငယ်
ရွှင်မြူးဝင့်ထည် ၊ မှိတ်တုတ်ရယ်ဖြင့်
တင့်တယ်လန်းဆန်း မညှိုးနွမ်းတည့်။
ပညာရဲရင့် ၊ ပွဲလယ်တင့်သို့
ငယ်လင့်ကစား ၊ ပညာအားပြု
မှတ်သားသိဆောင် ၊ တစ်ခုဘောင်လျှင်
ဂုဏ်ရောင်ဝင်းပ ၊ ထွန်းလင်းရတည့်။ ။
" သစ်ရိပ်ညို "
အလွန်မှောင်မိုက် ၊ ဝဠာတိုက်တွင်း
မဲမိုက်မှောင်ဝေ ၊ လင်းရောင်သွေကွင်း
ရှင်နေမင်းလည်း မလင်းနိုင်။
ပိတ်ဆီးကာရံ ၊ တတိုင်းခံလျက်
မိုးယံမမြင် ၊ လမင်းရှင်ကမ်း
ငွေမှင်တန်းလည်း မလန်းနိုင်။
စွမ်းအားလွန့်လူး ၊ ပိုးစုန်းကြူးငယ်
ရွှင်မြူးဝင့်ထည် ၊ မှိတ်တုတ်ရယ်ဖြင့်
တင့်တယ်လန်းဆန်း မညှိုးနွမ်းတည့်။
ပညာရဲရင့် ၊ ပွဲလယ်တင့်သို့
ငယ်လင့်ကစား ၊ ပညာအားပြု
မှတ်သားသိဆောင် ၊ တစ်ခုဘောင်လျှင်
ဂုဏ်ရောင်ဝင်းပ ၊ ထွန်းလင်းရတည့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment