" စံပြပြုထုံး "
ဖူးငုံစ ပန်း ၊ ချွေယူနမ်း၍
လန်းဆန်းခက်ဖွယ် ၊ သူနွမ်းနယ်သည်
ပွင့်ငယ်သက်တမ်း နုသောကြောင့်။
စာသင်ရွယ်သား ၊ ငယ်သူအားလျှင်
မိသားမရှိ ၊ ဝမ်းရေးသိနှင့်
သူ၏ဝမ်းစာ ရှာသောကြောင့်။
ရွယ်တော်သစ်စ ၊ ဖူးငုံမျှဝယ်
ကာမတိုက်ကျွေး ၊ သည်ကလေး၌
ကိုယ်လေးလက်ဝန် ရှိသောကြောင့်။
ဥာဏ်တိမ်ငယ်သား ၊ လူစုအားဖြင့်
တရားဖြင့်စေ ၊ ဥပဒေတွင်
ထန်ဝေ ကာမ ၊ ဖူးငုံစ၌
ပန်းလှပြစ်ဒါဏ် ၊ ချွေခူးခံမည့်
မူမှန်မဟုတ် ၊ အယူနုပ်ဖြင့်
မိန့်ထုတ်အာဏာ ၊ လူ့ပြေရွာတွင်
အာသာဆန္ဒ မက်သောကြောင့်။
မာယာကာမ စွက်သောကြောင့်။
တဏှာရာဂ ယှက်သောကြောင့်။ ။
" သစ်ရိပ်ညို "
ဖူးငုံစ ပန်း ၊ ချွေယူနမ်း၍
လန်းဆန်းခက်ဖွယ် ၊ သူနွမ်းနယ်သည်
ပွင့်ငယ်သက်တမ်း နုသောကြောင့်။
စာသင်ရွယ်သား ၊ ငယ်သူအားလျှင်
မိသားမရှိ ၊ ဝမ်းရေးသိနှင့်
သူ၏ဝမ်းစာ ရှာသောကြောင့်။
ရွယ်တော်သစ်စ ၊ ဖူးငုံမျှဝယ်
ကာမတိုက်ကျွေး ၊ သည်ကလေး၌
ကိုယ်လေးလက်ဝန် ရှိသောကြောင့်။
ဥာဏ်တိမ်ငယ်သား ၊ လူစုအားဖြင့်
တရားဖြင့်စေ ၊ ဥပဒေတွင်
ထန်ဝေ ကာမ ၊ ဖူးငုံစ၌
ပန်းလှပြစ်ဒါဏ် ၊ ချွေခူးခံမည့်
မူမှန်မဟုတ် ၊ အယူနုပ်ဖြင့်
မိန့်ထုတ်အာဏာ ၊ လူ့ပြေရွာတွင်
အာသာဆန္ဒ မက်သောကြောင့်။
မာယာကာမ စွက်သောကြောင့်။
တဏှာရာဂ ယှက်သောကြောင့်။ ။
" သစ်ရိပ်ညို "
Comments
Post a Comment